အိမ္႐ွင္ကို ဓားျပတိုက္လို႔မရတဲ့အဆံုး အိမ္ထဲကိုလက္လုပ္ဗံုးပစ္ထည့္ခဲ့ၾကတဲ့ လုယက္သူမ်ား

ကမာၻႀကီးဟာတစ္ေန႔တစ္ျခား ေနထိုင္ဖို႔အေတာ္ေလးကို ေၾကာက္လန္႔ဖို႔ေကာင္းေနပါတယ္ ။ ဘာလို႔လည္းဆိုရင္ေတာ့ လူေတြဟာတစ္ဦးနဲ႔တစ္ဦးထိခိုက္ဒဏ္ရာေတြရ႐ွိေအာင္ နည္းမ်ိဳးစံုနဲ႔ၾကံစည္ေနၾကလို႔ပါပဲ ။ ထို႔အျပင္ အေျခခံလူ႔က်င့္ဝတ္ေတြကိုပါ နားမလည္ၾကေတာ့တဲ့ေခတ္ကာလျဖစ္ေနတဲ့အတြက္ အခ်င္းခ်င္းကိုေတာင္ေၾကာက္လန္႔ေနၾကရပါတယ္ ။ ဒီတစ္ေခါက္အျဖစ္အပ်က္မွာလည္း မေလး႐ွားႏိုင္ငံက ေနအိမ္တစ္အိမ္မွာ႐ွိတဲ့အိမ္ပိုင္႐ွင္ေတြကို ဓားျပတိုက္လို႔မရေတာ့တဲ့အဆံုး မ်က္ႏွာဖံုးစြပ္ထားတဲ့အမ်ိဳးသား3ေယာက္ဟာ လက္လုပ္လက္ပစ္ဗံုးကို အိမ္႐ွင္ရဲ႕ေနအိမ္ထဲကိုပစ္ထည့္ခဲ့ၾကပါတယ္ ။

အခင္းျဖစ္ပြားရာေန႔ မနက္ 10နာရီအခ်ိန္မွာ အမ်ိဳးသား 3ေယာက္ဟာ ေနအိမ္ထဲသို႔ဝင္ေရာက္လာခဲ့ၾကၿပီးေနာက္ ၊ တန္ဖိုးႀကီးပစၥည္းေတြမ်ားစြာပါဝင္ေနတယ္လို႔ယူဆရတဲ့ အိမ္႐ွင္ရဲ႕လက္ကိုင္အိတ္ကိုဆြဲလုဖို႔ႀကိဳးစားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အိမ္႐ွင္ရဲ႕ ကိုယ္ရံေတာ္နဲ႔ အျပင္းအထန္ နပန္းလံုးသတ္ပုတ္ၾကေသာေၾကာင့္ ဘာပစၥည္းမွမရလိုက္ဘဲထြက္ေျပးခဲ့ၾကရပါတယ္ ။ ထြက္မေျပးခင္ေလးမွာ ေနအိမ္အတြင္းသို႔ လက္လုပ္ဗံုး ႏွင့္ ဓားေတြပါတဲ့အနီေရာင္အိတ္ႀကီးကို ပစ္ထည့္ခဲ့ၾကပါတယ္ ။

သတင္းအရင္းအျမစ္အရ လက္လုပ္ဗံုးဟာ ေန႔ခင္း 12:15 တြင္တစ္ႀကိမ္ ၊ 12:20 တြင္တစ္ႀကိမ္ စုစုေပါင္းႏွစ္ႀကိမ္ေပါက္ကြဲခဲ့ၿပီး ၊ ဆိုးဆိုးဝါးဝါးအႏၱရာယ္ျဖစ္ေစေသာ အေျခအေနမ်ိဳးသို႔မေရာက္႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ရဲအရာ႐ွိေတြကေတာ့ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိၿပီး အေႂကြးျပသာနာေတြေၾကာင့္တိုက္ခိုက္ခဲ့ၾကတာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ ထုတ္ေဖာ္ခ်က္အရ တိုက္ခိုက္ခံခဲ့ရတဲ့အိမ္ပိုင္႐ွင္ရဲ႕ဖခင္ပိုင္ဆိုင္တဲ့ ပိုက္ဆံမ်ားကို ၎တို႔ရဲ႕ အေကာင့္အတြင္းသို႔လြဲေျပာင္းေပးဖို႔လည္း ဓားျပေတြကေျပာဆိုခဲ့ၾကေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာကြီးဟာတစ်နေ့တစ်ခြား နေထိုင်ဖို့အတော်လေးကို ကြောက်လန့်ဖို့ကောင်းနေပါတယ် ။ ဘာလို့လည်းဆိုရင်တော့ လူတွေဟာတစ်ဦးနဲ့တစ်ဦးထိခိုက်ဒဏ်ရာတွေရရှိအောင် နည်းမျိုးစုံနဲ့ကြံစည်နေကြလို့ပါပဲ ။ ထို့အပြင် အခြေခံလူ့ကျင့်ဝတ်တွေကိုပါ နားမလည်ကြတော့တဲ့ခေတ်ကာလဖြစ်နေတဲ့အတွက် အချင်းချင်းကိုတောင်ကြောက်လန့်နေကြရပါတယ် ။ ဒီတစ်ခေါက်အဖြစ်အပျက်မှာလည်း မလေးရှားနိုင်ငံက နေအိမ်တစ်အိမ်မှာရှိတဲ့အိမ်ပိုင်ရှင်တွေကို ဓားပြတိုက်လို့မရတော့တဲ့အဆုံး မျက်နှာဖုံးစွပ်ထားတဲ့အမျိုးသား3ယောက်ဟာ လက်လုပ်လက်ပစ်ဗုံးကို အိမ်ရှင်ရဲ့နေအိမ်ထဲကိုပစ်ထည့်ခဲ့ကြပါတယ် ။

အခင်းဖြစ်ပွားရာနေ့ မနက် 10နာရီအချိန်မှာ အမျိုးသား 3ယောက်ဟာ နေအိမ်ထဲသို့ဝင်ရောက်လာခဲ့ကြပြီးနောက် ၊ တန်ဖိုးကြီးပစ္စည်းတွေများစွာပါဝင်နေတယ်လို့ယူဆရတဲ့ အိမ်ရှင်ရဲ့လက်ကိုင်အိတ်ကိုဆွဲလုဖို့ကြိုးစားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အိမ်ရှင်ရဲ့ ကိုယ်ရံတော်နဲ့ အပြင်းအထန် နပန်းလုံးသတ်ပုတ်ကြသောကြောင့် ဘာပစ္စည်းမှမရလိုက်ဘဲထွက်ပြေးခဲ့ကြရပါတယ် ။ ထွက်မပြေးခင်လေးမှာ နေအိမ်အတွင်းသို့ လက်လုပ်ဗုံး နှင့် ဓားတွေပါတဲ့အနီရောင်အိတ်ကြီးကို ပစ်ထည့်ခဲ့ကြပါတယ် ။

သတင်းအရင်းအမြစ်အရ လက်လုပ်ဗုံးဟာ နေ့ခင်း 12:15 တွင်တစ်ကြိမ် ၊ 12:20 တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ၊ ဆိုးဆိုးဝါးဝါးအန္တရာယ်ဖြစ်စေသော အခြေအနေမျိုးသို့မရောက်ရှိခဲ့ကြောင်း သိရှိရပါတယ် ။ ရဲအရာရှိတွေကတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး အကြွေးပြသာနာတွေကြောင့်တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ် ။ ရဲအရာရှိတွေရဲ့ ထုတ်ဖော်ချက်အရ တိုက်ခိုက်ခံခဲ့ရတဲ့အိမ်ပိုင်ရှင်ရဲ့ဖခင်ပိုင်ဆိုင်တဲ့ ပိုက်ဆံများကို ၎င်းတို့ရဲ့ အကောင့်အတွင်းသို့လွဲပြောင်းပေးဖို့လည်း ဓားပြတွေကပြောဆိုခဲ့ကြသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္႐ွင္ကို ဓားျပတိုက္လို႔မရတဲ့အဆံုး အိမ္ထဲကိုလက္လုပ္ဗံုးပစ္ထည့္ခဲ့ၾကတဲ့ လုယက္သူမ်ား"

Leave a comment

Your email address will not be published.


*