Mask မတပ္ရင္ ဝန္ေဆာင္မႈမေပးႏိုင္ဘူးလို႔အျငင္းခံရၿပီးေနာက္ သူမရဲ႕ေဘာင္းဘီတိုကို ခြၽတ္ၿပီး ေခါင္းမွာ စြပ္ထားခဲ့တဲ့ အမ်ိဳးသမီး

Ukraine ႏိုင္ငံ Kiev ၿမိဳ႕ရွိ Nova Posha စာတိုက္ေကာင္တာတစ္ခုသို႔ ခ်ဥ္းကပ္လာတဲ့အမ်ိဳးသမီးတစ္ဦးမွာ face mask တပ္ဆင္ျခင္းမရွိတဲ့အတြက္ေၾကာင့္ စာတိုက္အမ်ိဳးသမီးဝန္ထမ္းတစ္ဦးက ထိုအမ်ိဳးသမီးအား face mask မတပ္ဆင္ထားပါက သူမကိုဝန္ေဆာင္မႈေပးမည္မဟုတ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။၀န္ေဆာင္မႈကိုျငင္းပယ္ခံလိုက္ရတဲ့အခါ ထိုအမ်ိဳးသမီးဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ သူမရဲ႕အတြင္းခံေဘာင္းဘီတိုကို အားလုံးေရွ႕မွာခြၽတ္လိုက္ၿပီးေနာက္ သူမရဲ႕ယာယီ mask အျဖစ္ သူမရဲ႕အတြင္းခံေဘာင္းဘီတိုကို ေခါင္းမွာ စြပ္ထားလိုက္ပါတယ္။

အာဏာပိုင္မ်ားရဲ႕အဆိုအရ Coronavirus ေရာဂါအား တားဆီးကာကြယ္တဲ့အေနျဖင့္ ေဒသခံျပည္သူမ်ားကို အမ်ားျပည္သူႏွင့္သက္ဆိုင္တဲ့ေနရာမ်ားမွာ မ်က္ႏွာဖုံးမ်ား၀တ္ဆင္ရန္ ႏွင့္ သူတို႔ရဲ႕ ID ကိုသယ္ေဆာင္ရန္ အမိန္႔ထုတ္ၿပီးေတာင္းဆိုထားပါတယ္။ထိုအမ်ိဳးသမီးရဲ႕ ဗီဒီယိုဟာ social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ရယ္စရာေကာင္းတဲ့ ဗီဒီယိုလို႔ ျမင္ေတြ႕ခဲ့ၾကသူအခ်ိဳ႕က “ သန႔္ရွင္းတဲ့အတြင္းခံျဖစ္ဖို႔ ကြၽန္ေတာ္ေမ်ာ္လင့္မိတယ္” ၊“ မ်က္ႏွာဖုံးအစား အတြင္းခံအသုံးျပဳတာကို ဘယ္သူမွ ပိတ္ပင္ထားတာမရွိေသးပါဘူး” လို႔လည္း တစ္စုံတစ္ဦး ကလည္းေထာက္ျပခဲ့ပါေသးတယ္။

ၾကည့္ပုံအရ ထိုအမ်ိဳးသမီးက စာတိုက္အမ်ိဳးသမီးဝန္ထမ္းကို ေဒါသထြက္ၿပီး တမင္လုပ္ခ်လိုက္ပုံပါဘဲ။သို႔ေပမဲ့ သူမရဲ႕အျဖစ္က လူအမ်ားကို ေပ်ာ္႐ႊင္သြားေစခဲ့ပါတယ္။ေနာက္ပိုင္းမွာ အဆိုပါ Nova Posha စာတိုက္က ၎အျဖစ္အပ်က္ႏွင့္ပတ္သက္တဲ့သတင္းမ်ားကို ေသခ်ာစြာ အတည္ျပဳခဲ့ၿပီး ဗီဒီယိုအား online ေပၚကို လူသိထင္ရွားျဖစ္ေအာင္ တင္ခဲ့တဲ့ သူတို႔ရဲ႕၀န္ထမ္းတစ္ဦးကိုလည္း အမ်ားျပည္သူႏွင့္ကုမၸဏီသတင္းအခ်က္အလက္မ်ားကိုခြင့္ျပဳခ်က္မရွိဘဲ အျပင္ကို ေပါက္ၾကားေအာင္ ေဝမွ်ျခင္းအတြက္ အျပစ္ေပးျခင္းခံခဲ့ရေၾကာင္း သတင္းအရ သိခဲ့ရပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Ukraine နိုင်ငံ Kiev မြို့ရှိ Nova Posha စာတိုက်ကောင်တာတစ်ခုသို့ ချဉ်းကပ်လာတဲ့အမျိုးသမီးတစ်ဦးမှာ face mask တပ်ဆင်ခြင်းမရှိတဲ့အတွက်ကြောင့် စာတိုက်အမျိုးသမီးဝန်ထမ်းတစ်ဦးက ထိုအမျိုးသမီးအား face mask မတပ်ဆင်ထားပါက သူမကိုဝန်ဆောင်မှုပေးမည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။၀န်ဆောင်မှုကိုငြင်းပယ်ခံလိုက်ရတဲ့အခါ ထိုအမျိုးသမီးဟာ အံ့အားသင့်စရာကောင်းလောက်အောင် သူမရဲ့အတွင်းခံဘောင်းဘီတိုကို အားလုံးရှေ့မှာချွတ်လိုက်ပြီးနောက် သူမရဲ့ယာယီ mask အဖြစ် သူမရဲ့အတွင်းခံဘောင်းဘီတိုကို ခေါင်းမှာ စွပ်ထားလိုက်ပါတယ်။

အာဏာပိုင်များရဲ့အဆိုအရ Coronavirus ရောဂါအား တားဆီးကာကွယ်တဲ့အနေဖြင့် ဒေသခံပြည်သူများကို အများပြည်သူနှင့်သက်ဆိုင်တဲ့နေရာများမှာ မျက်နှာဖုံးများ၀တ်ဆင်ရန် နှင့် သူတို့ရဲ့ ID ကိုသယ်ဆောင်ရန် အမိန့်ထုတ်ပြီးတောင်းဆိုထားပါတယ်။ထိုအမျိုးသမီးရဲ့ ဗီဒီယိုဟာ social media မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ရယ်စရာကောင်းတဲ့ ဗီဒီယိုလို့ မြင်တွေ့ခဲ့ကြသူအချို့က “ သန့်ရှင်းတဲ့အတွင်းခံဖြစ်ဖို့ ကျွန်တော်မျော်လင့်မိတယ်” ၊“ မျက်နှာဖုံးအစား အတွင်းခံအသုံးပြုတာကို ဘယ်သူမှ ပိတ်ပင်ထားတာမရှိသေးပါဘူး” လို့လည်း တစ်စုံတစ်ဦး ကလည်းထောက်ပြခဲ့ပါသေးတယ်။

ကြည့်ပုံအရ ထိုအမျိုးသမီးက စာတိုက်အမျိုးသမီးဝန်ထမ်းကို ဒေါသထွက်ပြီး တမင်လုပ်ချလိုက်ပုံပါဘဲ။သို့ပေမဲ့ သူမရဲ့အဖြစ်က လူအများကို ပျော်ရွှင်သွားစေခဲ့ပါတယ်။နောက်ပိုင်းမှာ အဆိုပါ Nova Posha စာတိုက်က ၎င်းအဖြစ်အပျက်နှင့်ပတ်သက်တဲ့သတင်းများကို သေချာစွာ အတည်ပြုခဲ့ပြီး ဗီဒီယိုအား online ပေါ်ကို လူသိထင်ရှားဖြစ်အောင် တင်ခဲ့တဲ့ သူတို့ရဲ့၀န်ထမ်းတစ်ဦးကိုလည်း အများပြည်သူနှင့်ကုမ္ပဏီသတင်းအချက်အလက်များကိုခွင့်ပြုချက်မရှိဘဲ အပြင်ကို ပေါက်ကြားအောင် ဝေမျှခြင်းအတွက် အပြစ်ပေးခြင်းခံခဲ့ရကြောင်း သတင်းအရ သိခဲ့ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment