လိင္ဆက္ဆံဖို႔ျငင္းပယ္ခဲ့တဲ့ခ်စ္သူရဲ႕မ်က္ႏွာ မမွတ္မိႏိုင္ေတာ့ေလာက္ေအာင္ ထိုးႀကိတ္ခဲ့တဲ့ ဆရာဝန္

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ 4ရက္ေန႔က စင္ကာပူႏိုင္ငံသားဆရာဝန္တစ္ဦးဟာ လိင္ဆက္ဆံဖို႔ျငင္းပယ္ခဲ့တဲ့ခ်စ္သူရဲ႕မ်က္ႏွာကိုမမွတ္မိႏိုင္ေတာ့ေလာက္ေအာင္ ႐ိုက္ႏွက္ခဲ့တဲ့အျပင္ သူမရဲ႕ေခါင္းကိုလည္းနံရံေတြနဲ႔ေစာင့္ၿပီး အားျဖင့္႐ိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ျပစ္မႈေၾကာင့္ တရားရံုးတြင္စစ္ေဆးစီရင္ခ်က္ခ်မွတ္ခံခဲ့ရပါတယ္ ။ အဆိုပါအသက္ 35ႏွစ္အရြယ္ Clarence Teo Jie အမည္႐ွိတဲ့ဆရာဝန္ဟာ သူ၏ခ်စ္သူေဟာင္းျဖစ္တဲ့ Rachel Lim အမည္႐ွိတဲ့မိန္းကေလးကို ၿပီးခဲ့တဲ့ 2017ခုႏွစ္ ၊ August 27ရက္ေန႔ ၊ ည 2နာရီ အခ်ိန္မွာ သူ၏တိုက္ခန္းတြင္ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ႏွိပ္စက္မႈျဖစ္ပြားခဲ့ပါတယ္ ။ တာဝန္႐ွိသူမ်ားက Teo ရဲ႕တိုက္ခန္းတံခါးကိုျဖတ္ၿပီး ဝင္ေရာက္ခဲ့ခ်ိန္မွာေတာ့ Ms.Lim ရဲ႕မ်က္ႏွာမွာ အက္ကြဲဒဏ္ရာမ်ားစြာရ႐ွိခဲ့တဲ့အျပင္ သူမရဲ႕ဘယ္ဖက္လက္ေခ်ာင္းတစ္ေခ်ာင္းမွာလည္း က်ိဳးေၾကသြားခဲ့ရတာကိုေတြ႔႐ွိခဲ့တဲ့အတြက္ အသက္အႏၱရာယ္ထိခိုက္တဲ့အေျခအေနထိ ႏွိပ္စက္ခဲ့တာျဖစ္ေၾကာင္း တာဝန္႐ွိသူေတြဖက္က ထြက္ဆိုခဲ့ပါတယ္ ။

Teo ဟာခ်စ္သူအေပၚ ကိုယ္ထိလက္ေရာက္က်ဴ းလြန္ခဲ့တဲ့ ျဖစ္ရပ္ဟာ ပထမဆံုးအႀကိမ္မဟုတ္ပါဘူး ။ ၎တို႔စံုတြဲဟာ App တစ္ခုျဖစ္တဲ့ Coffee Meet Bagel မွာစၿပီးေတြ႔ခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ 2017, February လမွာမွ အတူတြဲခုတ္ခဲ့ၾကတာျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း Teo ဟာအရက္မူးတိုင္း ႐ိုက္ႏွက္တတ္တဲ့အက်င့္မ်ိဳးကို Ms.Lim ကေတြ႔႐ွိသြားခဲ့ပါတယ္ ။ ထို႔အျပင္ 2017 မတ္လမွာလည္း Teo ဟာ ခ်စ္သူရဲ႕အရင္ relationship ကိစၥနဲ႔ပက္သက္ၿပီးေတာ့လည္း Ms.Lim ကိုၾကမ္းၾကမ္းတမ္းတမ္း႐ိုက္ႏွက္ခဲ့ဖူးေသးေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း Teo ကေတာင္းပန္ခဲ့တဲ့အတြက္ ေနာက္တစ္ရက္မွာေတာ့ Ms.Lim ကခြင့္လြတ္ေပးခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ဒီတစ္ေခါက္ျပစ္မႈမွာေတာ့ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္တတ္တဲ့ဆရာဝန္ဟာ ခ်စ္သူကိုေအးစိမ့္ေနတဲ့ ပန္းသီးေဖ်ာ္ရည္ျဖင့္ေလာင္းခ်ၿပီး ၊ သူမကို ေလေအးေပးစက္ေအာက္တည့္တည့္မွာထားၿပီး သူမကို တဆတ္ဆတ္တုန္ေနေအာင္ျပဳလုပ္ခဲ့ပါတယ္ ။ Ms.Lim ရဲ႕ေျပာျပခ်က္အရ အခင္းျဖစ္ပြားခဲ့တဲ့ညက ၎တို႔ခ်စ္သူႏွစ္ဦးအတူတူ night out ထြက္ခဲ့ၾကပါတယ္ ။ ထို႔ေနာက္ Teo ၏တိုက္ခန္းတို႔ျပန္ေရာက္လာခ်ိန္ အတူတူလိင္ဆက္ဆံဖို႔ကို Ms.Lim က အင္တင္တင္ျဖစ္ေနခဲ့ေသာေၾကာင့္ Teo မွာအလြန္စိတ္ဆိုးထြက္သြားခဲ့ပါတယ္ ။ ထို႔ေနာက္သူမက အိပ္ခန္းကေနထြက္ေျပးဖို္႔ႀကိဳးစားခ်ိန္မွာ Teo ဟာသူမကိုအတင္း အိပ္ခန္းသို႔ျပန္ေခၚဝင္ခဲ့ၿပီး အခန္းတံခါးကိုေသာ့ခတ္ခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္သူမရဲ႕မ်က္ႏွာကို အားျဖင့္အႀကိမ္ေပါင္းမ်ားစြာထိုးႏွက္ခဲ့ၿပီး သူမရဲ႕ေခါင္းကိုလည္း နံရံျဖင့္ေစာင့္ပစ္ခဲ့ပါတယ္ ။

ထို႔ေနာက္ Ms.Lim ဟာ အသံကုန္ေအာ္ဟစ္ၿပီးအကူအညီေတာင္းခဲ့မႈေၾကာင့္ မနက္ 4နာရီအခ်ိန္မွာ Teo ၏ဖခင္ကိုယ္တိုင္က ရဲစခန္းကိုအေၾကာင္းၾကားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေနာက္ရဲအရာ႐ွိေတြေရာက္လာၿပီး အခန္းတံခါးကိုျဖတ္ၿပီးဝင္ေရာက္သြားခဲ့ခ်ိန္မွာေတာ့ Ms.Lim ရဲ႕မ်က္ႏွာဟာ မမွတ္မိႏိုင္ေတာ့ေလာက္ေအာင္ဒဏ္ရာမ်ားစြာရ႐ွိခဲ့ၿပီး ေဆးရံုတြင္လည္း ရက္ေပါင္း 21ရက္ခန္႔ေဆးကုသမႈ ခံယူခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ကိုယ္ထိလက္ေရာက္က်ဴ းလြန္ခဲ့တဲ့ဆရာဝန္ဟာ 10 ႏွစ္ခန္႔ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္သည့္အျပင္ ဒဏ္ေၾကးေငြမ်ားလည္းေဆာင္ရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ နိုဝင်ဘာလ 4ရက်နေ့က စင်ကာပူနိုင်ငံသားဆရာဝန်တစ်ဦးဟာ လိင်ဆက်ဆံဖို့ငြင်းပယ်ခဲ့တဲ့ချစ်သူရဲ့မျက်နှာကိုမမှတ်မိနိုင်တော့လောက်အောင် ရိုက်နှက်ခဲ့တဲ့အပြင် သူမရဲ့ခေါင်းကိုလည်းနံရံတွေနဲ့စောင့်ပြီး အားဖြင့်ရိုက်နှက်နှိပ်စက်ခဲ့တဲ့ပြစ်မှုကြောင့် တရားရုံးတွင်စစ်ဆေးစီရင်ချက်ချမှတ်ခံခဲ့ရပါတယ် ။ အဆိုပါအသက် 35နှစ်အရွယ် Clarence Teo Jie အမည်ရှိတဲ့ဆရာဝန်ဟာ သူ၏ချစ်သူဟောင်းဖြစ်တဲ့ Rachel Lim အမည်ရှိတဲ့မိန်းကလေးကို ပြီးခဲ့တဲ့ 2017ခုနှစ် ၊ August 27ရက်နေ့ ၊ ည 2နာရီ အချိန်မှာ သူ၏တိုက်ခန်းတွင်ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်မှုဖြစ်ပွားခဲ့ပါတယ် ။ တာဝန်ရှိသူများက Teo ရဲ့တိုက်ခန်းတံခါးကိုဖြတ်ပြီး ဝင်ရောက်ခဲ့ချိန်မှာတော့ Ms.Lim ရဲ့မျက်နှာမှာ အက်ကွဲဒဏ်ရာများစွာရရှိခဲ့တဲ့အပြင် သူမရဲ့ဘယ်ဖက်လက်ချောင်းတစ်ချောင်းမှာလည်း ကျိုးကြေသွားခဲ့ရတာကိုတွေ့ရှိခဲ့တဲ့အတွက် အသက်အန္တရာယ်ထိခိုက်တဲ့အခြေအနေထိ နှိပ်စက်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေဖက်က ထွက်ဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဒီတစ်ခေါက်ပြစ်မှုမှာတော့ ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်တဲ့ဆရာဝန်ဟာ ချစ်သူကိုအေးစိမ့်နေတဲ့ ပန်းသီးဖျော်ရည်ဖြင့်လောင်းချပြီး ၊ သူမကို လေအေးပေးစက်အောက်တည့်တည့်မှာထားပြီး သူမကို တဆတ်ဆတ်တုန်နေအောင်ပြုလုပ်ခဲ့ပါတယ် ။ Ms.Lim ရဲ့ပြောပြချက်အရ အခင်းဖြစ်ပွားခဲ့တဲ့ညက ၎င်းတို့ချစ်သူနှစ်ဦးအတူတူ night out ထွက်ခဲ့ကြပါတယ် ။ ထို့နောက် Teo ၏တိုက်ခန်းတို့ပြန်ရောက်လာချိန် အတူတူလိင်ဆက်ဆံဖို့ကို Ms.Lim က အင်တင်တင်ဖြစ်နေခဲ့သောကြောင့် Teo မှာအလွန်စိတ်ဆိုးထွက်သွားခဲ့ပါတယ် ။ ထို့နောက်သူမက အိပ်ခန်းကနေထွက်ပြေးဖို့်ကြိုးစားချိန်မှာ Teo ဟာသူမကိုအတင်း အိပ်ခန်းသို့ပြန်ခေါ်ဝင်ခဲ့ပြီး အခန်းတံခါးကိုသော့ခတ်ခဲ့ပါတော့တယ် ။ ထို့နောက်သူမရဲ့မျက်နှာကို အားဖြင့်အကြိမ်ပေါင်းများစွာထိုးနှက်ခဲ့ပြီး သူမရဲ့ခေါင်းကိုလည်း နံရံဖြင့်စောင့်ပစ်ခဲ့ပါတယ် ။

ထို့နောက် Ms.Lim ဟာ အသံကုန်အော်ဟစ်ပြီးအကူအညီတောင်းခဲ့မှုကြောင့် မနက် 4နာရီအချိန်မှာ Teo ၏ဖခင်ကိုယ်တိုင်က ရဲစခန်းကိုအကြောင်းကြားခဲ့ရကြောင်း သိရှိရပါတယ် ။ ထို့နောက်ရဲအရာရှိတွေရောက်လာပြီး အခန်းတံခါးကိုဖြတ်ပြီးဝင်ရောက်သွားခဲ့ချိန်မှာတော့ Ms.Lim ရဲ့မျက်နှာဟာ မမှတ်မိနိုင်တော့လောက်အောင်ဒဏ်ရာများစွာရရှိခဲ့ပြီး ဆေးရုံတွင်လည်း ရက်ပေါင်း 21ရက်ခန့်ဆေးကုသမှု ခံယူခဲ့ရပါတယ် ။ ထို့ကြောင့် ကိုယ်ထိလက်ရောက်ကျူ းလွန်ခဲ့တဲ့ဆရာဝန်ဟာ 10 နှစ်ခန့် ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အပြင် ဒဏ်ကြေးငွေများလည်းဆောင်ရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လိင္ဆက္ဆံဖို႔ျငင္းပယ္ခဲ့တဲ့ခ်စ္သူရဲ႕မ်က္ႏွာ မမွတ္မိႏိုင္ေတာ့ေလာက္ေအာင္ ထိုးႀကိတ္ခဲ့တဲ့ ဆရာဝန္"

Leave a comment

Your email address will not be published.


*