သစၥာမရွိတဲ့ခ်စ္သူနဲ႔လမ္းခြဲလိုက္ၿပီဆိုတာကို လမ္းမႀကီးေဘးမွာ ဆိုင္းဘုတ္တပ္ၿပီး ေၾကာ္ျငာခဲ့တဲ့ အမ်ိဳးသား

အမ်ိဳးသားတစ္ဦးဟာ သူ႔ခ်စ္သူေကာင္မေလးက သူ႔အားလိမ္လည္လွည့္စားေနတာကို သိသြားလိုက္ရတဲ့အခါ သူမႏွင့္ပတ္သက္တဲ့ဆက္သြယ္မႈ အားလုံးကို ျဖတ္ေတာက္ပစ္လိုက္ပါတယ္။ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ သစၥာမရွိတဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးႏွင့္သူက လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းကို လူသိထင္ရွားေၾကာ္ျငာဖို႔ လမ္းသြားလမ္းလာေတြမ်ားတဲ့လမ္းမေပၚရွိ ေၾကာ္ျငာဆိုင္းဘုတ္တစ္ခုကို အဆိုပါအသည္းကြဲေနတဲ့အမ်ိဳးသားႀကီးက ငွါးရမ္းခဲ့ပါတယ္။ေၾကာ္ျငာဆိုင္းဘုတ္ဌားခဲ့တဲ့အျပင္ အဆိုပါအမ်ိဳးသားဟာ ေလာ္လန္စက္ျဖင့္လည္း ေအာ္ၿပီး ေၾကျငာခဲ့ပါေသးတယ္။

ထုံးစံအတိုင္း ၎အျဖစ္အပ်က္ရဲ႕ဗီဒီယိုကလစ္က social media ေပၚမွာ ပ်ံ႕ႏွံ႔သြားကာ လူသိမ်ားသြားခဲ့ပါေတာ့တယ္။၁၅ စကၠန႔္ၾကာတဲ့ဗီဒီယိုကလစ္ထဲအရ အဆိုပါအမ်ိဳးသားႏွင့္ခ်စ္သူေကာင္မေလးတို႔ဟာ ေၾကာျငာဆိုင္းဘုတ္မ်က္စာင္းထိုးရဲ႕လမ္းဆုံနားမွာ ႏွစ္ေယာက္သား ေဒါသတႀကီးနဲ႔ စကားမ်ားေနခဲ့ၾကပါတယ္။ထို႔ေနာက္ အျပာေရာင္ရွပ္အၤက်ီဝတ္ဆင္ထားတဲ့လူတစ္ေယာက္က ထိုစုံတြဲထံ ခ်ဥ္းကပ္ၿပီး သူတို႔ရဲ႕ျပႆနာကို ကူၿပီး ႀကိဳးစားေျဖရွင္းေပးေနခဲ့ပါတယ္။အသည္းကြဲတဲ့အခါခံစားရတဲ့နာက်င္မႈကိုနားလည္ႏိုင္ေပမဲ့လည္း အဆိုပါအမ်ိဳးသားရဲ႕လုပ္ရပ္က လူမ်ားစြာကို အံ့အားသင့္သြားေစခဲ့ပါတယ္။

အင္တာနက္အသုံးျပဳသူအခ်ိဳ႕က ထိုစုံတြဲရဲ႕အဆုံးသတ္လိုက္ျခင္းကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေပမဲ့ လူမ်ားစြာက ၎အျဖစ္အပ်က္ဟာ လူအမ်ားကအာ႐ုံစူးစိုက္ေအာင္ႀကံဖန္လုပ္ေဆာင္တယ္လို႔လည္း ထင္ျမင္ခ်က္ေပးခဲ့ၾကပါတယ္။ထို႔ေနာက္ ၎က တကယ့္အျဖစ္အပ်က္ျဖစ္ၿပီး ဟန္ေဆာင္ထားတာမဟုတ္ေၾကာင္း အင္တာနက္အသုံးျပဳသူတစ္ဦးက အခိုင္အမာေျပာဆိုေနခဲ့ျပန္ပါတယ္။အခ်စ္ႀကီးရင္ အျမတ္ႀကီးတယ္လို႔ဆိုတဲ့အတိုင္း အခ်စ္နဲ႔မကင္းတဲ့သူတိုင္းက အသည္းကြဲရင္ စိတ္လိုက္မာန္ပါေတြ လုပ္တတ္တာေတာ့ အမွန္ပါ။

Mia (Mckzone Daily)

Source : elitereaders

Unicode

အမျိုးသားတစ်ဦးဟာ သူ့ချစ်သူကောင်မလေးက သူ့အားလိမ်လည်လှည့်စားနေတာကို သိသွားလိုက်ရတဲ့အခါ သူမနှင့်ပတ်သက်တဲ့ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ထို့နောက် အဆိုပါအမျိုးသားဟာ သစ္စာမရှိတဲ့ သူ့ရဲ့ချစ်သူကောင်မလေးနှင့်သူက လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို လူသိထင်ရှားကြော်ငြာဖို့ လမ်းသွားလမ်းလာတွေများတဲ့လမ်းမပေါ်ရှိ ကြော်ငြာဆိုင်းဘုတ်တစ်ခုကို အဆိုပါအသည်းကွဲနေတဲ့အမျိုးသားကြီးက ငှါးရမ်းခဲ့ပါတယ်။ကြော်ငြာဆိုင်းဘုတ်ဌားခဲ့တဲ့အပြင် အဆိုပါအမျိုးသားဟာ လော်လန်စက်ဖြင့်လည်း အော်ပြီး ကြေငြာခဲ့ပါသေးတယ်။

ထုံးစံအတိုင်း ၎င်းအဖြစ်အပျက်ရဲ့ဗီဒီယိုကလစ်က social media ပေါ်မှာ ပျံ့နှံ့သွားကာ လူသိများသွားခဲ့ပါတော့တယ်။၁၅ စက္ကန့်ကြာတဲ့ဗီဒီယိုကလစ်ထဲအရ အဆိုပါအမျိုးသားနှင့်ချစ်သူကောင်မလေးတို့ဟာ ကြောငြာဆိုင်းဘုတ်မျက်စာင်းထိုးရဲ့လမ်းဆုံနားမှာ နှစ်ယောက်သား ဒေါသတကြီးနဲ့ စကားများနေခဲ့ကြပါတယ်။ထို့နောက် အပြာရောင်ရှပ်င်္အကျီဝတ်ဆင်ထားတဲ့လူတစ်ယောက်က ထိုစုံတွဲထံ ချဉ်းကပ်ပြီး သူတို့ရဲ့ပြဿနာကို ကူပြီး ကြိုးစားဖြေရှင်းပေးနေခဲ့ပါတယ်။အသည်းကွဲတဲ့အခါခံစားရတဲ့နာကျင်မှုကိုနားလည်နိုင်ပေမဲ့လည်း အဆိုပါအမျိုးသားရဲ့လုပ်ရပ်က လူများစွာကို အံ့အားသင့်သွားစေခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူအချို့က ထိုစုံတွဲရဲ့အဆုံးသတ်လိုက်ခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ လူများစွာက ၎င်းအဖြစ်အပျက်ဟာ လူအများကအာရုံစူးစိုက်အောင်ကြံဖန်လုပ်ဆောင်တယ်လို့လည်း ထင်မြင်ချက်ပေးခဲ့ကြပါတယ်။ထို့နောက် ၎င်းက တကယ့်အဖြစ်အပျက်ဖြစ်ပြီး ဟန်ဆောင်ထားတာမဟုတ်ကြောင်း အင်တာနက်အသုံးပြုသူတစ်ဦးက အခိုင်အမာပြောဆိုနေခဲ့ပြန်ပါတယ်။အချစ်ကြီးရင် အမြတ်ကြီးတယ်လို့ဆိုတဲ့အတိုင်း အချစ်နဲ့မကင်းတဲ့သူတိုင်းက အသည်းကွဲရင် စိတ်လိုက်မာန်ပါတွေ လုပ်တတ်တာတော့ အမှန်ပါ။

Mia (Mckzone Daily)

  • Leave a Comment