ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆံုးသြားခဲ့တဲ့မိခင္အနား ” အေမ..အေမ ” ဆိုၿပီးေအာ္ဟစ္ငိုေႂကြးေနတဲ့ 3ႏွစ္သမီးေလး

ယာဥ္ေမာင္းေနတဲ့ အခ်ိန္မွာအျမဲတမ္းသတိဝီရိယထားၿပီး မ်က္စိ႐ွင္႐ွင္ထားဖို႔ ကိုယ့္ရဲ႕မိဘေတြကအျမဲတမ္းဆံုးမေလ့႐ွိပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ တစ္ခါတစ္ေလကိုယ့္ဖက္ကမွန္တယ္ဆိုရင္ေတာင္ အျခားတစ္ဖက္က လာတိုက္သြားတာမ်ိဳး႐ွိလို႔ပါပဲ ။ ဒီတစ္ေခါက္ မေလး႐ွားမွာျဖစ္ခဲ့တဲ့ ျမန္မာမိသားစုရဲ႕အျဖစ္ကိုၾကည့္ၿပီး ကိုယ့္မိဘေတြရဲ႕စကားက တစ္ကယ္မွန္ပါလားဆိုၿပီး ေတြးမိတဲ့အထိပါပဲ ။ မေလး႐ွားႏိုင္ငံ Subang မွာျဖစ္ခဲ့တဲ့ ယာဥ္မေတာ္တဆမႈမွာ Range Rover ကားကိုေမာင္းႏွင္းလာခဲ့တဲ့ ယာဥ္ေမာင္းမွာအ႐ွိန္မထိန္းႏိုင္ျဖစ္ခဲ့လို႔ အသက္ 3ႏွစ္အရြယ္ သမီးေလးရဲ႕မိခင္ကို တိုက္မိၿပီး ပြဲခ်င္းၿပီးေသဆံုးခဲ့မႈျဖစ္ပြားခဲ့ရပါတယ္ ။

ျဖစ္စဥ္မွာေတာ့ Range Rover ကားကိုေမာင္းႏွင္လာခဲ့တဲ့ အသက္ 20 အရြယ္ယာဥ္ေမာင္းတစ္ဦးဟာ ေျခလ်င္လမ္းျဖတ္သြားသူကိုေ႐ွာင္ရင္း အ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ မီးနီမွာရပ္ေနခဲ့တဲ့ ဆိုင္ကယ္ႏွစ္စီးကိုဝင္တိုက္မိခဲ့တဲ့အျပင္ အျခားလမ္းျဖတ္ကူးသူတစ္ဦးကိုလည္း တိုက္မိခဲ့ပါတယ္ ။ လူ 2ဦးမွာေတာ့ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ရၿပီး တစ္ဦးမွာေတာ့ အသက္3ႏွစ္အရြယ္သမီးေလး၏ မိခင္ျဖစ္ကာ ၊ ျမန္မာလူမ်ိဳးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ တိုက္မိခဲ့ေသာ လူ 4ဦးအနက္ ကေလးငယ္ႏွင့္ ဖခင္ျဖစ္သူမွာေတာ့ ဦးေခါင္း ႏွင့္ ခႏၶာကိုယ္တို႔တြင္ ဒဏ္ရာမ်ားစြာရ႐ွိခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

အခင္းျဖစ္ပြားရာေနရာမွာ ကေလးငယ္ေလးက သူ၏မိခင္ကို ” အေမ..အေမ” ဆိုၿပီးေအာ္ေခၚေနတဲ့ အသံက လူအမ်ားကိုအေတာ္ေလး ဝမ္းနည္းမ်က္ရည္က်ေစခဲ့ပါတယ္ ။ ထို႔အျပင္ ကေလးငယ္မွာ မိခင္ရဲ႕ခ်စ္ေမတၱာေတြကို စၿပီးသိတတ္နားလည္ေနခဲ့တဲ့ အရြယ္ေလးျဖစ္ေနလို႔ပါပဲ ။ အဆိုပါ ယာဥ္မေတာ္တဆမႈကိုေတာ့ ရဲအရာ႐ွိမ်ားက ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယာဉ်မောင်းနေတဲ့ အချိန်မှာအမြဲတမ်းသတိဝီရိယထားပြီး မျက်စိရှင်ရှင်ထားဖို့ ကိုယ့်ရဲ့မိဘတွေကအမြဲတမ်းဆုံးမလေ့ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ တစ်ခါတစ်လေကိုယ့်ဖက်ကမှန်တယ်ဆိုရင်တောင် အခြားတစ်ဖက်က လာတိုက်သွားတာမျိုးရှိလို့ပါပဲ ။ ဒီတစ်ခေါက် မလေးရှားမှာဖြစ်ခဲ့တဲ့ မြန်မာမိသားစုရဲ့အဖြစ်ကိုကြည့်ပြီး ကိုယ့်မိဘတွေရဲ့စကားက တစ်ကယ်မှန်ပါလားဆိုပြီး တွေးမိတဲ့အထိပါပဲ ။ မလေးရှားနိုင်ငံ Subang မှာဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ Range Rover ကားကိုမောင်းနှင်းလာခဲ့တဲ့ ယာဉ်မောင်းမှာအရှိန်မထိန်းနိုင်ဖြစ်ခဲ့လို့ အသက် 3နှစ်အရွယ် သမီးလေးရဲ့မိခင်ကို တိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့မှုဖြစ်ပွားခဲ့ရပါတယ် ။

ဖြစ်စဉ်မှာတော့ Range Rover ကားကိုမောင်းနှင်လာခဲ့တဲ့ အသက် 20 အရွယ်ယာဉ်မောင်းတစ်ဦးဟာ ခြေလျင်လမ်းဖြတ်သွားသူကိုရှောင်ရင်း အရှိန်မထိန်းနိုင်တော့ဘဲ မီးနီမှာရပ်နေခဲ့တဲ့ ဆိုင်ကယ်နှစ်စီးကိုဝင်တိုက်မိခဲ့တဲ့အပြင် အခြားလမ်းဖြတ်ကူးသူတစ်ဦးကိုလည်း တိုက်မိခဲ့ပါတယ် ။ လူ 2ဦးမှာတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး တစ်ဦးမှာတော့ အသက်3နှစ်အရွယ်သမီးလေး၏ မိခင်ဖြစ်ကာ ၊ မြန်မာလူမျိုးဖြစ်ကြောင်း သိရှိရပါတယ် ။ တိုက်မိခဲ့သော လူ 4ဦးအနက် ကလေးငယ်နှင့် ဖခင်ဖြစ်သူမှာတော့ ဦးခေါင်း နှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာများစွာရရှိခဲ့ကြကြောင်း သိရှိရပါတယ် ။

အခင်းဖြစ်ပွားရာနေရာမှာ ကလေးငယ်လေးက သူ၏မိခင်ကို ” အမေ..အမေ” ဆိုပြီးအော်ခေါ်နေတဲ့ အသံက လူအများကိုအတော်လေး ဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ် ။ ထို့အပြင် ကလေးငယ်မှာ မိခင်ရဲ့ချစ်မေတ္တာတွေကို စပြီးသိတတ်နားလည်နေခဲ့တဲ့ အရွယ်လေးဖြစ်နေလို့ပါပဲ ။ အဆိုပါ ယာဉ်မတော်တဆမှုကိုတော့ ရဲအရာရှိများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆံုးသြားခဲ့တဲ့မိခင္အနား ” အေမ..အေမ ” ဆိုၿပီးေအာ္ဟစ္ငိုေႂကြးေနတဲ့ 3ႏွစ္သမီးေလး"

Leave a comment

Your email address will not be published.


*