ေယာက်ာ္းသားေတြမရွိ မိန္းမသားေတြသာ ေနထိုင္တဲ့႐ြာ

မိန္းမသားေတြဘဲေနထိုင္တဲ့႐ြာေလးကို Tiktok အသုံးျပဳသူတစ္ဦးျဖစ္တဲ့ @themelomoon က video ႐ိုက္ၿပီး social media ေပၚမွာ မွ်ေဝခဲ့ပါတယ္။Kenya ႏိုင္ငံမွာရွိတဲ့ Umoja ဆိုတဲ့ ႐ြာေလးတစ္႐ြာဟာ ေယာက္်ားသားေတြ တစ္ေယာက္ေလးမွ်မရွိပါဘူး။ အဲ့ဒီ႐ြာေလးက အမ်ိဳးသမီးေတြအတြက္ အႏၲရာယ္ကင္းကင္းခိုလုံႏိုင္တဲ့ သီးသန႔္ေနရာေလးဘဲျဖစ္ပါတယ္။ ၁၉၉၀ ခုႏွစ္မွာ Rebecca Lolosolu ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးကို ေယာက်ာ္းတစ္ေယာက္က ဒုကၡေတြ႕ေစခဲ့လို႔ ေဆး႐ုံတက္ခဲ့ရၿပီး ေနာက္ေတာ့ သူမတစ္ေယာက္ထဲဘဲရပ္တည္ေနဖို႔ ဆုံးျဖတ္ခဲ့ၿပီး Umoja ႐ြာေလးကို တည္ေထာင္ခဲ့တာပါ။ အဲ့ဒီ႐ြာေလးမွာ မိန္းမသားေတြနဲ႔ ကေလးေတြဘဲေနရမယ္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းကို ခ်မွတ္ထားပါတယ္။ ဒီအမ်ိဳးသမီးသီးသန႔္႐ြာေလးကေတာ့ ဒုကၡသည္အမ်ိဳးသမီးေတြ၊ အိမ္ေထာင္မျပဳဘဲ လြတ္လြတ္လပ္လပ္ေနခ်င္တဲ့ အမ်ိဳးသမီးေတြ၊ ကိုယ္ဝန္မေဆာင္ႏိုင္တဲ့ အမ်ိဳးသမီးေတြအတြက္ ခိုလႈံရာေနေနရာေလးဘဲျဖစ္ပါတယ္။

အဲ့ဒီ႐ြာမွာရွိတဲ့ စာသင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာမျဖစ္တဲ့ Malina ဟာ သူငယ္ငယ္က ခံစားခဲ့ရတဲ့ ဒုကၡေတြနဲ႔ပတ္သက္ၿပီး “အကယ္လို႔ မိန္ကေလးေတြက အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္က်ခဲ့မယ္ဆိုရင္ အရည္အခ်င္းရွိတဲ့မိဘျဖစ္လာမွာမဟုတ္ဘူး၊ အိမ္ေဝယ်ာဝစၥအလုပ္ေတြကိုလည္း ပိုငိပိုင္ႏိုင္ႏိုင္ လုပ္ႏိုင္မွာ မဟုတ္ဘူး၊ ဘာလို႔လည္းဆိုေတာ့ သူတို႔ေတြက အရမ္း ငယ္ေနေသးတယ္၊ အဲ့ဒါေၾကာင့္ အခုလို ရပ္တည္ေနထိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ “ဆိုၿပီး ေျပာဆိုထားပါတယ္။

အရင္ ၂၀၁၅ ခုႏွစ္က Umoja ႐ြာမွာ မိန္မသား ၄၇ ေယာက္နဲ႔ ကေလးအေယာက္ ၂၀၀ေလာက္ ေနထိုင္ပါတယ္။ သူတို႔ အသက္ရွင္ေနထိုင္စားေသာက္ဖို႔ အတြက္ အမ်ိဳးသမီးေတြက Handmake လက္ဝန္တန္ဆာအတုေတြကို ျပဳလုပ္ေရာင္းခ်ၿပီး ဝင္ေငြရွာၾကပါတယ္။ အဲ့ဒီ႐ြာကို ဝင္လည္ မယ္ဆိုရင္လည္း ဝင္ေၾကးလည္း ေပးရပါတယ္။

1

2

3

Mia (Mckzone Daily)

Source : elitereaders

Unicode

မိန်းမသားတွေဘဲနေထိုင်တဲ့ရွာလေးကို Tiktok အသုံးပြုသူတစ်ဦးဖြစ်တဲ့ @themelomoon က video ရိုက်ပြီး social media ပေါ်မှာ မျှဝေခဲ့ပါတယ်။Kenya နိုင်ငံမှာရှိတဲ့ Umoja ဆိုတဲ့ ရွာလေးတစ်ရွာဟာ ယောက်ျားသားတွေ တစ်ယောက်လေးမျှမရှိပါဘူး။ အဲ့ဒီရွာလေးက အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းကင်းခိုလုံနိုင်တဲ့ သီးသန့်နေရာလေးဘဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ Rebecca Lolosolu ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ယောကျာ်းတစ်ယောက်က ဒုက္ခတွေ့စေခဲ့လို့ ဆေးရုံတက်ခဲ့ရပြီး နောက်တော့ သူမတစ်ယောက်ထဲဘဲရပ်တည်နေဖို့ ဆုံးဖြတ်ခဲ့ပြီး Umoja ရွာလေးကို တည်ထောင်ခဲ့တာပါ။

အဲ့ဒီရွာမှာရှိတဲ့ စာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမဖြစ်တဲ့ Malina ဟာ သူငယ်ငယ်က ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ပတ်သက်ပြီး “အကယ်လို့ မိန်ကလေးတွေက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့မယ်ဆိုရင် အရည်အချင်းရှိတဲ့မိဘဖြစ်လာမှာမဟုတ်ဘူး၊ အိမ်ဝေယျာဝစ္စအလုပ်တွေကိုလည်း ပိုငိပိုင်နိုင်နိုင် လုပ်နိုင်မှာ မဟုတ်ဘူး၊ ဘာလို့လည်းဆိုတော့ သူတို့တွေက အရမ်း ငယ်နေသေးတယ်၊ အဲ့ဒါကြောင့် အခုလို ရပ်တည်နေထိုင်ဖို့ ရွေးချယ်ခဲ့တာပါ “ဆိုပြီး ပြောဆိုထားပါတယ်။

အရင် ၂၀၁၅ ခုနှစ်က Umoja ရွာမှာ မိန်မသား ၄၇ ယောက်နဲ့ ကလေးအယောက် ၂၀၀လောက် နေထိုင်ပါတယ်။ သူတို့ အသက်ရှင်နေထိုင်စားသောက်ဖို့ အတွက် အမျိုးသမီးတွေက Handmake လက်ဝန်တန်ဆာအတုတွေကို ပြုလုပ်ရောင်းချပြီး ဝင်ငွေရှာကြပါတယ်။ အဲ့ဒီရွာကို ဝင်လည် မယ်ဆိုရင်လည်း ဝင်ကြေးလည်း ပေးရပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေယာက်ာ္းသားေတြမရွိ မိန္းမသားေတြသာ ေနထိုင္တဲ့႐ြာ"

Leave a comment

Your email address will not be published.


*