မေတာ္တဆခြဲလိုက္မိတဲ့ပန္းအိုးထဲမွာ အေဖ့ရဲ႕လွ်ိဳ႕ဝွက္စုေဆာင္းေငြေတြနဲ႔ ျပည့္ေနတာကို အမွတ္မထင္ေတြ႕ခဲ့တဲ့ မိန္းကေလး

လက္ထပ္ထိမ္းျမားျခင္းမွာ ကြၽန္ေတာ္တို႔မျမင္ႏိုင္တဲ့ အျခားတစ္ဘက္ျခမ္းမွ လွ်ိဳ႕ဝွက္တဲ့အရာမ်ားစြာ ရွိပါတယ္။တ႐ုတ္ျပည္ Guangxi ျပည္နယ္ Guilin ၿမိဳ႕က အိမ္ေထာင္သည္ေမာင္ႏွံတစ္စုံအတြက္ မျမင္ႏိုင္တဲ့လွ်ိဳ႕ဝွက္ခ်က္ဟာ ပိုက္ဆံေတြနဲ႔ျပည့္ႏွက္ေနတဲ့အလွပန္းအိုးတစ္လုံးဘဲ ျဖစ္ေနခဲ့ပါတယ္။အေၾကာင္းက ဇနီးျဖစ္သူဟာ အစပိုင္းေတာ့ ဧည့္ခန္းမွ အလွအိုးကြဲသြားတာကို နည္းနည္းေလးမွေတာင္ မလန္႔သြားခဲ့ပါဘူး။ကြဲသြားတဲ့အိုးကို သြားၾကည့္ေတာ့ ဧည့္ခန္းမွာ အေၾကာဆန္႔ေနတဲ့သမီးျဖစ္သူက အိုးကြဲသြားတာမွန္ေၾကာင္းကို အတည္ျပဳေပးခဲ့ပါတယ္။သို႔ေပမဲ့ ဇာတ္လမ္းက အဲ့ဒီမွာဘဲ အဆုံးသတ္ခြင့္မေပးခဲ့ပါဘူး။မိန္းမျဖစ္သူက “ ကြၽန္မအိပ္ရာေပၚထိုင္ေနတုန္း ဧည့္ခန္းမွာ အသံတစ္ခုခုၾကားလိုက္တယ္ ၊ ထြက္ၾကည့္လိုက္ေတာ့ ကြဲသြားတဲ့အိုးထဲမွာ ပိုက္ဆံနဲ႔ျပည့္ေနတာကို ေတြ႕ခဲ့ရတယ္ ၊ အဲ့တာနဲ႔ ကြၽန္မေယာက်ာ္းကို ဖုန္းဆက္ၿပီး အိမ္ျပန္လာခိုင္းလိုက္တယ္ ၊ သူက အိမ္ထဲေရာက္ေတာ့ မ်က္ႏွာအေနအထားေျပာင္းသြားခဲ့တယ္” လို႔ ခင္ပြန္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သိသြားခဲ့ရတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ကြဲသြားတဲ့အိုးကို ေတြ႕ေတာ့ ခင္ပြန္းျဖစ္သူက သူ႔ရဲ႕လွ်ိဳဝွက္ေငြစုအားလုံးကို သိမ္းဆည္းဖို႔ အဆိုပါအိုးကို သုံးေနတယ္ဆိုတာကို ဝန္ခံခဲ့ပါတယ္။ခင္ပြန္းျဖစ္သူက လွ်ိဳ႕ဝွက္စုေဆာင္းေငြေတြကို ၂၀၀၆ ခုႏွစ္တုန္းက အိမ္ဝယ္ၿပီးေနာက္မွာ စတင္စုေဆာင္းခဲ့တာေၾကာင့္ သူစုေဆာင္းခဲ့လာတာ ၁၄ႏွစ္ၾကာ တိတ္တခိုးနဲ႔ ထိန္းသိမ္းလာခဲ့ပါတယ္။ခင္ပြန္းျဖစ္သူက “ ဒီပိုက္ဆံေတြက ငါ ေခါက္ဆြဲမစားဘဲ စုေဆာင္းလာခဲ့တာ ငါ အခု ျဖစ္ေနတဲ့ခံစားခ်က္ႀကီးကလည္း မေျပာျပတတ္ေတာ့ဘူး” လို႔ ဆိုပါတယ္။

၎ေငြေတြအားလုံးဟာ စုစုေပါင္း ယြမ္ ၅၀၀၀ ဝန္းက်င္ရွိၿပီး အေမရိကန္ေဒၚလာ ၇၄၀ ဝန္းက်င္ရွိပါတယ္။ကံေကာင္းခ်င္ေတာ့ ခင္ပြန္းက ဇနီးဆီကေန အမ်က္ေဒါသထြက္ျခင္း မခံလိုက္ရပါဘူး။တကယ္ေတာ့ ဇနီးျဖစ္သူက အိုးကိစၥေၾကာင့္ အံ့အားသင့္ေနခဲ့ရပါတယ္။အဆိုပါခင္ပြန္းမွ မဟုတ္ ကမာၻတစ္ဝွမ္းက အိမ္ေထာင္သည္အမ်ိဳးသားေတြကလည္း ဘဏ္ ၊ ဆုေၾကး စတဲ့ သူ႔ထပ္ လွ်ိဳ႕ဝွက္လြန္းတဲ့နည္းလမ္းေတြနဲ႔ ဇနီးသည္မသိေအာင္ တိတ္တခိုး ပိုက္ဆံခိုးစုေနတတ္ၾကပါတယ္။၁၄ႏွစ္ႀကီးမ်ားေတာင္ စုလာတဲ့ဆိုေတာ့ ခင္ပြန္းသည္က ၎အိုးကို မကြဲသြားေအာင္ အရိပ္တၾကည္ၾကည္နဲ႔ ေစာင့္ၾကည့္ေနခဲ့ရပုံပါဘဲ။

Mia (Mckzone Daily)

Source : elitereaders

Unicode

လက်ထပ်ထိမ်းမြားခြင်းမှာ ကျွန်တော်တို့မမြင်နိုင်တဲ့ အခြားတစ်ဘက်ခြမ်းမှ လျှို့ဝှက်တဲ့အရာများစွာ ရှိပါတယ်။တရုတ်ပြည် Guangxi ပြည်နယ် Guilin မြို့က အိမ်ထောင်သည်မောင်နှံတစ်စုံအတွက် မမြင်နိုင်တဲ့လျှို့ဝှက်ချက်ဟာ ပိုက်ဆံတွေနဲ့ပြည့်နှက်နေတဲ့အလှပန်းအိုးတစ်လုံးဘဲ ဖြစ်နေခဲ့ပါတယ်။အကြောင်းက ဇနီးဖြစ်သူဟာ အစပိုင်းတော့ ဧည့်ခန်းမှ အလှအိုးကွဲသွားတာကို နည်းနည်းလေးမှတောင် မလန့်သွားခဲ့ပါဘူး။

ကွဲသွားတဲ့အိုးကို တွေ့တော့ ခင်ပွန်းဖြစ်သူက သူ့ရဲ့လျှိုဝှက်ငွေစုအားလုံးကို သိမ်းဆည်းဖို့ အဆိုပါအိုးကို သုံးနေတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက လျှို့ဝှက်စုဆောင်းငွေတွေကို ၂၀၀၆ ခုနှစ်တုန်းက အိမ်ဝယ်ပြီးနောက်မှာ စတင်စုဆောင်းခဲ့တာကြောင့် သူစုဆောင်းခဲ့လာတာ ၁၄နှစ်ကြာ တိတ်တခိုးနဲ့ ထိန်းသိမ်းလာခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက “ ဒီပိုက်ဆံတွေက ငါ ခေါက်ဆွဲမစားဘဲ စုဆောင်းလာခဲ့တာ ငါ အခု ဖြစ်နေတဲ့ခံစားချက်ကြီးကလည်း မပြောပြတတ်တော့ဘူး” လို့ ဆိုပါတယ်။

၎င်းငွေတွေအားလုံးဟာ စုစုပေါင်း ယွမ် ၅၀၀၀ ဝန်းကျင်ရှိပြီး အမေရိကန်ဒေါ်လာ ၇၄၀ ဝန်းကျင်ရှိပါတယ်။ကံကောင်းချင်တော့ ခင်ပွန်းက ဇနီးဆီကနေ အမျက်ဒေါသထွက်ခြင်း မခံလိုက်ရပါဘူး။တကယ်တော့ ဇနီးဖြစ်သူက အိုးကိစ္စကြောင့် အံ့အားသင့်နေခဲ့ရပါတယ်။အဆိုပါခင်ပွန်းမှ မဟုတ် ကမ္ဘာတစ်ဝှမ်းက အိမ်ထောင်သည်အမျိုးသားတွေကလည်း ဘဏ် ၊ ဆုကြေး စတဲ့ သူ့ထပ် လျှို့ဝှက်လွန်းတဲ့နည်းလမ်းတွေနဲ့ ဇနီးသည်မသိအောင် တိတ်တခိုး ပိုက်ဆံခိုးစုနေတတ်ကြပါတယ်။

Mia (Mckzone Daily)

Be the first to comment on "မေတာ္တဆခြဲလိုက္မိတဲ့ပန္းအိုးထဲမွာ အေဖ့ရဲ႕လွ်ိဳ႕ဝွက္စုေဆာင္းေငြေတြနဲ႔ ျပည့္ေနတာကို အမွတ္မထင္ေတြ႕ခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*