ကိုယ့္ဘဝကိုျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ အသုဘပြဲက်င္းပၿပီး အေခါင္းထဲမွာအိပ္စက္ခဲ့ၾကတဲ့ ကိုးရီးယားလူမ်ိဳးမ်ား

ကိုးရီးယားလူမ်ိဳးေတြဟာ K-pop, drama နဲ႔ ႐ုပ္႐ွင္ေတြေၾကာင့္ ကမာၻေပၚမွာသူတို႔ရဲ႕ႏိုင္ငံ နဲ႔ ယဥ္ေက်းမႈေတြဟာ အေတာ္ေလးကိုေရပန္းစားလ်က္႐ွိေနပါတယ္ ။ သို႔ေပမဲ့လည္း တိုးတက္လာတာနဲ႔အမ်ွ တစ္ဦးနဲ႔တစ္ဦးယွဥ္ၿပိဳင္လိုစိတ္ေတြမ်ားလာၿပီး ၊ အႏိုင္ရယူလိုစိတ္ေတြလည္း မ်ားျပားလာခဲ့ကာ ေနာက္ဆံုးကိုယ့္ဘဝအတြက္ေပ်ာ္ရႊင္မႈေတြကိုပါေမ့ၿပီး ၊ အဆံုးသတ္မွာ ကိုယ့္ဘဝကိုယ္အဆံုးစီရင္တဲ့အထိ ျဖစ္လာခဲ့ၾကပါတယ္ ။ ဒီတစ္ေခါက္ ေတာင္ကိုးရီးယားႏိုင္ငံ Soul ၿမိဳ႕မွာေခတ္စားေနတာကေတာ့ မတူညီတဲ့နည္းလမ္းတစ္မ်ိဳးနဲ႔ စိတ္ေရာဂါကုသနည္းပါပဲ ။ သတင္းအရင္းအျမစ္အရ လူေပါင္း 25000 ေက်ာ္ေလာက္က ” living funeral” အစီအစဥ္မွာ ပါဝင္ဆင္ႏြဲၾကၿပီး ကိုယ့္ရဲ႕အသုဘပြဲကို ကိုယ္တိုင္ျပင္ဆင္ခဲ့ၾကပါတယ္ ။

အဆိုပါ လႈပ္႐ွားမႈအစီအစဥ္မွာေတာ့ ဆယ္ေက်ာ္သက္ကေနစၿပီး ပင္ဆင္ယူၿပီးတဲ့အထိ အသက္အရြယ္မ်ိဳးစံုပါဝင္ခဲ့ၾကၿပီး ၊ ပါဝင္ခဲ့ၾကသူေတြဟာ အသုဘဝတ္စံုမ်ားဝတ္ဆင္ၾကၿပီး ၊ အသုဘဓာတ္ပံုမ်ားလည္း ကိုယ္တိုင္႐ိုက္ယူခဲ့ၾကကာ ၊ ေနာက္ဆံုးေသတမ္းစာမ်ားကိုလည္း ေရးသားခဲ့ၾကၿပီးေနာက္ အေခါင္းထဲတြင္ 10 မိနစ္ခန္႔အိပ္စက္ခဲ့ၾကပါတယ္ ။ Interview တစ္ခုမွာေတာ့ Choi Jin Kyu အမည္႐ွိတဲ့ တကၠသိုလ္ေက်ာင္းသားတစ္ဦးဟာ အေခါင္းထဲမွာ 10မိနစ္ခန္႔အိပ္စက္ခဲ့ၿပီးေနာက္ မလိုအပ္ပဲအျခားသူေတြနဲ႔လိုက္ၿပီးယွဥ္ၿပိဳင္ေနမိၿပီး စိတ္ဖိစီးမႈေတြတအားမ်ားလြန္းေနတဲ့ သူ႔ဘဝကိုစၿပီးသတိထားမိခဲ့ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။

ယခုလႈပ္႐ွားမႈ အစီအစဥ္ဟာ ကိုယ့္ကိုခ်စ္ၿပီးျမတ္ႏိႈးတတ္ေအာင္ႏွင့္ ယခုလက္႐ွိေပ်ာ္ရႊင္ဖို႔ပို၍အေရးႀကီးေၾကာင္းကို ျပသလိုေသာရည္ရြယ္ခ်က္ျဖင့္ က်င္းပခဲ့တာျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုဟာ ယခုပြဲေၾကာင့္ အေတာ္ေလးကိုအက်ိဳးေက်းဇူးရ႐ွိခဲ့ၾကေၾကာင္း Interview မွာ မ်ိဳးစံုးေျဖၾကားခဲ့ပါတယ္ ။ ထို႔အျပင္ ေတာင္ကိုးရီးယားႏိုင္ငံဟာ ကမာၻေပၚမွာကိုယ့္ကိုအဆံုးစီရင္မႈအျမင့္ဆံုးႏိုင္ငံတစ္ခုျဖစ္ေနခဲ့တဲ့အတြက္ ယခုကဲ့သို႔လႈပ္ေဆာင္ခ်က္က ေ႐ွ႕ဆက္အေတာ္ေလးကို ေကာင္းက်ိဳးရ႐ွိႏိုင္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုးရီးယားလူမျိုးတွေဟာ K-pop, drama နဲ့ ရုပ်ရှင်တွေကြောင့် ကမ္ဘာပေါ်မှာသူတို့ရဲ့နိုင်ငံ နဲ့ ယဉ်ကျေးမှုတွေဟာ အတော်လေးကိုရေပန်းစားလျက်ရှိနေပါတယ် ။ သို့ပေမဲ့လည်း တိုးတက်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်လိုစိတ်တွေများလာပြီး ၊ အနိုင်ရယူလိုစိတ်တွေလည်း များပြားလာခဲ့ကာ နောက်ဆုံးကိုယ့်ဘဝအတွက်ပျော်ရွှင်မှုတွေကိုပါမေ့ပြီး ၊ အဆုံးသတ်မှာ ကိုယ့်ဘဝကိုယ်အဆုံးစီရင်တဲ့အထိ ဖြစ်လာခဲ့ကြပါတယ် ။ ဒီတစ်ခေါက် တောင်ကိုးရီးယားနိုင်ငံ Soul မြို့မှာခေတ်စားနေတာကတော့ မတူညီတဲ့နည်းလမ်းတစ်မျိုးနဲ့ စိတ်ရောဂါကုသနည်းပါပဲ ။ သတင်းအရင်းအမြစ်အရ လူပေါင်း 25000 ကျော်လောက်က ” living funeral” အစီအစဉ်မှာ ပါဝင်ဆင်နွဲကြပြီး ကိုယ့်ရဲ့အသုဘပွဲကို ကိုယ်တိုင်ပြင်ဆင်ခဲ့ကြပါတယ် ။

အဆိုပါ လှုပ်ရှားမှုအစီအစဉ်မှာတော့ ဆယ်ကျော်သက်ကနေစပြီး ပင်ဆင်ယူပြီးတဲ့အထိ အသက်အရွယ်မျိုးစုံပါဝင်ခဲ့ကြပြီး ၊ ပါဝင်ခဲ့ကြသူတွေဟာ အသုဘဝတ်စုံများဝတ်ဆင်ကြပြီး ၊ အသုဘဓာတ်ပုံများလည်း ကိုယ်တိုင်ရိုက်ယူခဲ့ကြကာ ၊ နောက်ဆုံးသေတမ်းစာများကိုလည်း ရေးသားခဲ့ကြပြီးနောက် အခေါင်းထဲတွင် 10 မိနစ်ခန့်အိပ်စက်ခဲ့ကြပါတယ် ။ Interview တစ်ခုမှာတော့ Choi Jin Kyu အမည်ရှိတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးဟာ အခေါင်းထဲမှာ 10မိနစ်ခန့်အိပ်စက်ခဲ့ပြီးနောက် မလိုအပ်ပဲအခြားသူတွေနဲ့လိုက်ပြီးယှဉ်ပြိုင်နေမိပြီး စိတ်ဖိစီးမှုတွေတအားများလွန်းနေတဲ့ သူ့ဘဝကိုစပြီးသတိထားမိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ် ။

ယခုလှုပ်ရှားမှု အစီအစဉ်ဟာ ကိုယ့်ကိုချစ်ပြီးမြတ်နှိုးတတ်အောင်နှင့် ယခုလက်ရှိပျော်ရွှင်ဖို့ပို၍အရေးကြီးကြောင်းကို ပြသလိုသောရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် လူအများစုဟာ ယခုပွဲကြောင့် အတော်လေးကိုအကျိုးကျေးဇူးရရှိခဲ့ကြကြောင်း Interview မှာ မျိုးစုံးဖြေကြားခဲ့ပါတယ် ။ ထို့အပြင် တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာကိုယ့်ကိုအဆုံးစီရင်မှုအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်နေခဲ့တဲ့အတွက် ယခုကဲ့သို့လှုပ်ဆောင်ချက်က ရှေ့ဆက်အတော်လေးကို ကောင်းကျိုးရရှိနိုင်ကြောင်း အခိုင်အမာပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့္ဘဝကိုျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ အသုဘပြဲက်င္းပၿပီး အေခါင္းထဲမွာအိပ္စက္ခဲ့ၾကတဲ့ ကိုးရီးယားလူမ်ိဳးမ်ား"

Leave a comment

Your email address will not be published.


*