အမႈိက္ပုံးထဲမွာ ထားခဲ့ခံလိုက္ရလို႔ ထိတ္လန္႔တုန္လႈပ္ေနခဲ့ရတဲ့ ေခြးေလး

Warren ျပည္နယ္ Ohio ၿမိဳ႕မွာ ေခြးေလးတစ္ေကာင္ဟာ အမႈိက္ပုံးထဲမွာ ပစ္ထားခံခဲ့ရပါတယ္။အဆိုပါေခြးေလးဟာ အမႈိက္တစ္ခုလို ထားခဲ့ခံလိုက္ရၿပီး ထိတ္လန္႔တုန္လႈပ္ေနခဲ့ပါတယ္။အဆိုပါ ေခြးေလးကို တိရိစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအရာရွိ Jason Onatz ကေတြ႕ရွိခဲ့ၿပီး “ ဘယ္လိုေတာင္ တစ္စုံတစ္ေယာက္က ဒီလိုလုပ္ရက္ရတာလဲ ၊ ေခြးေလးကို ေတြ႕တဲ့လူကလည္း သူတို႔အိမ္ကို မေခၚျပန္သြားခ်င္ရင္ေတာင္ တိရိစာၦန္ထိန္းသိမ္းေရး ဒါမွမဟုတ္ ကြၽန္ေတာ္ဆီ့ကို ဖုန္းလွမ္းဆက္လို႔ရတာဘဲ ၊ ဒါ့အျပင္ တစ္ေယာက္ေယာက္က သူမလိုခ်င္ေတာ့တဲ့ေခြးေလးကို ပစ္ထားလိုက္ရေတာ့ အေတာ္ေလး ေပ်ာ္ေနမွာဘဲ ” လို႔ ေခြးကို အမႈိက္လိုပစ္ထားခဲ့လို႔ စိတ္ဆိုးစြာနဲ႔ ေျပာဆိုေနခဲ့ပါတယ္။အာဏာပိုင္မ်ားက ဘယ္သူမဆို ထိုသို႔ျပဳလုပ္ခဲ့သူကို လိုက္လံရွာေဖြရန္ ႏွင့္ ဥပေဒကို လိုက္နာရန္ ႀကိဳးစားေနၾကပါတယ္။

ၾကည့္ပုံအရ ေခြးေလးဟာ သူ႔ဘဝတစ္သက္တာမွာ အလြန္ေကာင္းမြန္တဲ့ဂ႐ုစိုက္မႈမ်ား မခံစားရျခင္း ၊ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေနျခင္း ႏွင့္ နာက်င္မႈမ်ားရွိေနျခင္းတို႔ေၾကာင့္ ေျခေထာက္ေတြက ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ေနပါဘူး။ထို႔အျပင္ ေခြးေလးရဲ႕ခႏၶာကိုယ္မွာ အသစ္ဘဲရွိေသးပုံရတဲ့ဓားျဖတ္ရာေတြပါေတြ႕ခဲ့ရတာေၾကာင့္ ၎မွာရွိတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေမးခြန္းမ်ား ထပ္ေပၚလာခဲ့ပါတယ္။ထို႔ေနာက္ ေခြးေလးကို ခ်က္ခ်င္း ေဆးစစ္ခ်က္ေတြျပဳလုပ္ေပးခဲ့ၿပီးေနာက္ ေျခေထာက္ ၄ေခ်ာင္းလုံး ၊ လည္ပင္း ႏွင့္ ေနာက္ေက်ာရွိဒဏ္ရာေတြ ေရာဂါကူးစက္ခံေနရသလို သြားေတြလည္း က်ိဳးပဲ့ေနခဲ့ပါတယ္။

ထို႔အျပင္ ေခြးေလးရဲ႕ ေျခေထာက္ေတြကို ဓာတ္မွန္ထပ္႐ိုက္ၾကည့္ဖို႔လည္း စီစဥ္ထားခဲ့ၾကပါတယ္။လက္ရွိမွာေတာ့ ေခြးေလးကို Trumbull ရဲ႕ တိရိစာၦန္လူမႈဖူလုံေရးအဖြဲ႕ခ်ဳပ္ AWLTrumbull က ေကြၽးေမြးထားၿပီး ေခြးေလးအတြက္ ရန္ပုံေငြမ်ားႏွင့္လႉဒါန္းမႈေတြရရွိႏိုင္ဖို႔ အမ်ားျပည္သူကိုလည္း ေမတၱာေတာင္းခံထားပါတယ္။လက္ရွိမွာ ခ်ဴခ်ာတဲ့ေခြးေလးကေတာ့ တျဖည္းျဖည္းနဲ႔ က်န္းမာေရးေကာင္းမြန္လာေနပါၿပီ။ခ်စ္စရာေကာင္းတဲ့ ေခြးေလးလည္း အရင္ထပ္အဆေပ့င္းမ်ားစြာသာတဲ့ ထာဝရမိသားစုအိမ္ကို ရွာေတြ႕သြားေစဖို႔ဘဲ ေမွ်ာ္လင့္ေနမိပါတယ္ဗ်ာ။

Mia (Mckzone Daily)

Source : boredpanda

Unicode

Warren ပြည်နယ် Ohio မြို့မှာ ခွေးလေးတစ်ကောင်ဟာ အမှိုက်ပုံးထဲမှာ ပစ်ထားခံခဲ့ရပါတယ်။အဆိုပါခွေးလေးဟာ အမှိုက်တစ်ခုလို ထားခဲ့ခံလိုက်ရပြီး ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်။အဆိုပါ ခွေးလေးကို တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိ Jason Onatz ကတွေ့ရှိခဲ့ပြီး “ ဘယ်လိုတောင် တစ်စုံတစ်ယောက်က ဒီလိုလုပ်ရက်ရတာလဲ ၊ ခွေးလေးကို တွေ့တဲ့လူကလည်း သူတို့အိမ်ကို မခေါ်ပြန်သွားချင်ရင်တောင် တိရိစ္ဆာန်ထိန်းသိမ်းရေး ဒါမှမဟုတ် ကျွန်တော်ဆီ့ကို ဖုန်းလှမ်းဆက်လို့ရတာဘဲ ၊ ဒါ့အပြင် တစ်ယောက်ယောက်က သူမလိုချင်တော့တဲ့ခွေးလေးကို ပစ်ထားလိုက်ရတော့ အတော်လေး ပျော်နေမှာဘဲ ” လို့ ခွေးကို အမှိုက်လိုပစ်ထားခဲ့လို့ စိတ်ဆိုးစွာနဲ့ ပြောဆိုနေခဲ့ပါတယ်။အာဏာပိုင်များက ဘယ်သူမဆို ထိုသို့ပြုလုပ်ခဲ့သူကို လိုက်လံရှာဖွေရန် နှင့် ဥပဒေကို လိုက်နာရန် ကြိုးစားနေကြပါတယ်။

ကြည့်ပုံအရ ခွေးလေးဟာ သူ့ဘဝတစ်သက်တာမှာ အလွန်ကောင်းမွန်တဲ့ဂရုစိုက်မှုများ မခံစားရခြင်း ၊ ကိုယ်အလေးချိန်လျော့ကျနေခြင်း နှင့် နာကျင်မှုများရှိနေခြင်းတို့ကြောင့် ခြေထောက်တွေက ကောင်းကောင်းအလုပ်မလုပ်နိုင်နေပါဘူး။ထို့အပြင် ခွေးလေးရဲ့ခန္ဓာကိုယ်မှာ အသစ်ဘဲရှိသေးပုံရတဲ့ဓားဖြတ်ရာတွေပါတွေ့ခဲ့ရတာကြောင့် ၎င်းမှာရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီး နောက်ထပ်မေးခွန်းများ ထပ်ပေါ်လာခဲ့ပါတယ်။ထို့နောက် ခွေးလေးကို ချက်ချင်း ဆေးစစ်ချက်တွေပြုလုပ်ပေးခဲ့ပြီးနောက် ခြေထောက် ၄ချောင်းလုံး ၊ လည်ပင်း နှင့် နောက်ကျောရှိဒဏ်ရာတွေ ရောဂါကူးစက်ခံနေရသလို သွားတွေလည်း ကျိုးပဲ့နေခဲ့ပါတယ်။

ထို့အပြင် ခွေးလေးရဲ့ ခြေထောက်တွေကို ဓာတ်မှန်ထပ်ရိုက်ကြည့်ဖို့လည်း စီစဉ်ထားခဲ့ကြပါတယ်။လက်ရှိမှာတော့ ခွေးလေးကို Trumbull ရဲ့ တိရိစ္ဆာန်လူမှုဖူလုံရေးအဖွဲ့ချုပ် AWLTrumbull က ကျွေးမွေးထားပြီး ခွေးလေးအတွက် ရန်ပုံငွေများနှင့်လှူဒါန်းမှုတွေရရှိနိုင်ဖို့ အများပြည်သူကိုလည်း မေတ္တာတောင်းခံထားပါတယ်။လက်ရှိမှာ ချူချာတဲ့ခွေးလေးကတော့ တဖြည်းဖြည်းနဲ့ ကျန်းမာရေးကောင်းမွန်လာနေပါပြီ။ချစ်စရာကောင်းတဲ့ ခွေးလေးလည်း အရင်ထပ်အဆပေ့င်းများစွာသာတဲ့ ထာဝရမိသားစုအိမ်ကို ရှာတွေ့သွားစေဖို့ဘဲ မျှော်လင့်နေမိပါတယ်ဗျာ။

Mia (Mckzone Daily)

  • Leave a Comment