အမ်ိဳးသမီးတစ္ဦးကို ဓားျပတိုက္ဖို႔ႀကံခဲ့ေပမဲ့ လက္က်န္ေငြကိုေတြ႕ၿပီး ပိုက္ဆံေတြျပန္ေပးခဲ့တဲ့ ဓားျပရဲ႕အျဖစ္

တ႐ုတ္ႏိုင္ငံ Guangdong ျပည္နယ္ရွိ ATM စက္တစ္ခုမွာ Li အမည္ရွိအမ်ိဳးသမီးဟာ ပိုက္ဆံထုတ္ေနစဥ္ Deng အမည္ရွိလူလိမ္လူညစ္က သူမဆီ ဓားျဖင့္ ခ်ဥ္းကပ္လာခဲ့ပါတယ္။Li ဟာ သူမရဲ႕အသက္အႏၲရာယ္ကို စိုးရိမ္ေနခဲ့တာေၾကာင့္ ထိုလူအား ခ်က္ခ်င္းဘဲ သူမရဲ႕ေငြေတြေပးခဲ့ပါတယ္။Deng ဟာ သားေကာင္က သူ႔ရဲ႕ေတာင္းဆိုခ်က္ကိုလိုက္နာၿပီး သူမထုတ္ထားတဲ့ ယြမ္ ၂,၅၀၀ (အေမရိကန္ေဒၚလာ ၃၇၅.၀၀ ခန႔္) ကိုေပးခဲ့ေပမဲ့လည္း သူမနား ေငြဘယ္ေလာက္ရလိုက္တာကိုသိလိုတာေၾကာင့္ သူမရဲ႕ ATM ေငြလက္ခံျဖတ္ပိုင္းကို ၾကည့္ရန္ သူမအား ေတာင္းခဲ့ပါတယ္။အံ့ဩစရာေကာင္းတာက Liရဲ႕ဘဏ္စာရင္းမွာ ဘာမွမက်န္ရွိေတာ့တာကို Deng ေတြ႕လိုက္ရၿပီးေနာက္ ႐ုတ္တရက္ Deng ရဲ႕ေလာဘစိတ္က သနားၾကင္နာတဲ့စိတ္သို႔ ေျပာင္းလဲသြားခဲ့ပါတယ္။Deng ဟာ Liရဲ႕ပိုက္ဆံယူၿပီး စိတ္ဒဏ္ရာနဲ႔ထားခဲ့ရမဲ့အစား သူမရဲပိုက္ဆံကို ျပန္ေပးရန္ဆုံးျဖတ္ခဲ့ပါတယ္။

Deng ဟာ ရယ္လိုက္၊ ၿပဳံးလိုက္ လုပ္ၿပီး သူ႔သားေကာင္အား ပိုက္ဆံျပန္ေပးလိုက္ပါတယ္။Social media ေပၚရွိ အခ်ိဳ႕ေသာအင္တာနက္အသုံးျပဳသူမ်ားက ဖမ္းယူ႐ိုက္မိထားတဲ့ အဆိုပါCCTV ဗီဒီယိုဖိုင္တစ္ခုမွ ထိုသူခိုးကို အမ်ိဳးသမီးအေပၚ ညႇာတာေထာက္ထားတတ္သူလို႔ ေခၚဆိုခဲ့ၾကပါတယ္။ဒါေပမဲ့ သူ႔ရဲ႕ထင္ေပၚေက်ာ္ၾကားသြားတဲ့ဟန္အမူအရာေၾကာင့္ ေနာက္ဆုံးမွာ ေဒသခံအာဏာပိုင္မ်ားက ဖမ္းဆီးမိသြားခဲ့ၿပီး Deng ကို ရာဇ၀တ္မႈမွ မကယ္တင္ႏိုင္ခဲ့ပါဘူး။သို႔ေပမဲ့ အင္တာနက္ကြန္ယက္အေျမာက္အမ်ားက က႐ုဏာစိတ္ရွိတဲ့ Deng ရဲ႕စိတ္ထားကို ခ်ီးမြမ္းခဲ့ပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ ATM စက်တစ်ခုမှာ Li အမည်ရှိအမျိုးသမီးဟာ ပိုက်ဆံထုတ်နေစဉ် Deng အမည်ရှိလူလိမ်လူညစ်က သူမဆီ ဓားဖြင့် ချဉ်းကပ်လာခဲ့ပါတယ်။Li ဟာ သူမရဲ့အသက်အန္တရာယ်ကို စိုးရိမ်နေခဲ့တာကြောင့် ထိုလူအား ချက်ချင်းဘဲ သူမရဲ့ငွေတွေပေးခဲ့ပါတယ်။Deng ဟာ သားကောင်က သူ့ရဲ့တောင်းဆိုချက်ကိုလိုက်နာပြီး သူမထုတ်ထားတဲ့ ယွမ် ၂,၅၀၀ (အမေရိကန်ဒေါ်လာ ၃၇၅.၀၀ ခန့်) ကိုပေးခဲ့ပေမဲ့လည်း သူမနား ငွေဘယ်လောက်ရလိုက်တာကိုသိလိုတာကြောင့် သူမရဲ့ ATM ငွေလက်ခံဖြတ်ပိုင်းကို ကြည့်ရန် သူမအား တောင်းခဲ့ပါတယ်။အံ့ဩစရာကောင်းတာက Liရဲ့ဘဏ်စာရင်းမှာ ဘာမှမကျန်ရှိတော့တာကို Deng တွေ့လိုက်ရပြီးနောက် ရုတ်တရက် Deng ရဲ့လောဘစိတ်က သနားကြင်နာတဲ့စိတ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။Deng ဟာ Liရဲ့ပိုက်ဆံယူပြီး စိတ်ဒဏ်ရာနဲ့ထားခဲ့ရမဲ့အစား သူမရဲပိုက်ဆံကို ပြန်ပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။

Deng ဟာ ရယ်လိုက်၊ ပြုံးလိုက် လုပ်ပြီး သူ့သားကောင်အား ပိုက်ဆံပြန်ပေးလိုက်ပါတယ်။Social media ပေါ်ရှိ အချို့သောအင်တာနက်အသုံးပြုသူများက ဖမ်းယူရိုက်မိထားတဲ့ အဆိုပါCCTV ဗီဒီယိုဖိုင်တစ်ခုမှ ထိုသူခိုးကို အမျိုးသမီးအပေါ် ညှာတာထောက်ထားတတ်သူလို့ ခေါ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ သူ့ရဲ့ထင်ပေါ်ကျော်ကြားသွားတဲ့ဟန်အမူအရာကြောင့် နောက်ဆုံးမှာ ဒေသခံအာဏာပိုင်များက ဖမ်းဆီးမိသွားခဲ့ပြီး Deng ကို ရာဇ၀တ်မှုမှ မကယ်တင်နိုင်ခဲ့ပါဘူး။သို့ပေမဲ့ အင်တာနက်ကွန်ယက်အမြောက်အများက ကရုဏာစိတ်ရှိတဲ့ Deng ရဲ့စိတ်ထားကို ချီးမွမ်းခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment