အိမ်‌နောက်ဖေးကခြံမှာ မြှုပ်နှံထားတဲ့ ဒေါ်လာ ၁၀သန်းတန် အကြွေစေ့တွေကို ရှာဖွေတွေရှိခဲ့တဲ့စုံတွဲ


1

2

3

4

5

6

7

8

Mia (Mckzone Daily)

Source : buzznicked

Unicode

ရှေးခေတ်လူတွေအများစုက သူတို့ရဲ့ရတနာပစ္စည်းတွေကို မြေအောက်မှာ မြှုပ်နှံ့ထားတက်ကြတယ်။ကွယ်လွန်သွားတဲ့အခါတွေဆို သူတို့ချစ်ရတဲ့ တစ်ဦးတစ်ယောက်ကို ဘယ်နေရာမှာရတနာတွေရှိတယ်စတဲ့အိမ်မက်တွေ မက်စေပါတယ်။အခု‌ဖော်ပြပေးမှာကတော့ California နိုင်ငံ Sierra Nevada တောင်အနီးတစ်ဝိုက်မှာနေထိုင်နေတဲ့ စုံတွဲနှစ်ဦးဟာ လွန်ခဲ့တဲ့၁၉ရာစု‌လောက်က U.S. အကြွေစေ့ ကို သူတို့ရဲ့ အိမ်နောက်ဖေးခြံမှာ တူးဖော်တွေ့ရှိခဲ့တာပါ။အဲ့ဒီအကြွေစေ့တွေရဲ့တန်ဖိုးဟာဆိုရင် ဒေါ်လာ၁၀သန်းတောင်ရှိပါတယ်။စစချင်းသူတို့က တုတ်ချောင်းနဲ့တူးတဲ့အခါဘူးကိုတွေ့ ခဲ့တယ်။ပြီးတော့ ဘူးကိုအိမ်ထဲယူသွားပြီးဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာ မြေစာတွေနဲ့ဖုံး‌နေ တဲ့ အချပ်ပြား‌တွေတွေ့တယ်။နည်းနည်းလေး ပွတ်ကြည့်လိုက်တော့ ခေါင်းထက်က ‘Liberty’ စာလုံးနဲ့ ၁၈၉၀ခုနှစ်က 20ဒေါ်လာတန်အ ကြွေစေ့လေးတွေ ဘဲဖြစ်ပါတယ်။ သူတို့အကြွေစေ့တွေ့ခဲ့တဲ့နေရာကို ပြန်‌ပြေးသွားပြီး ထပ်တူးခဲ့တဲ့အခါမှာ ကြွေစေ့ပေါင်း ၁,၄၂၇ ပြားပါရှိတဲ့ ဘူး၈ဘူးတွေ့ရှိခဲ့ပါတယ်။နောက်ပြီး၂၇,၉၈၀ ဒေါ်လာတန်တဲ့ ရုပ်ပုံတစ်ခုကိုလည်းတွေ့ရှိခဲ့ပါသေးတယ်။အတော်လေးကံကောင်းကြတဲ့စုံတွဲလေးဘဲဖြစ်ပါတယ်။နေ့ချင်းညချင်းချင်းဘဲချမ်းသာသွားတယ်ဆို‌တော့ စိတ်ကောင်းရှိ ကြတဲ့စုံတွဲ ဘဲနေမှာပါ။ ကဲ….သူယ်ချင်းအပေါင်းတို့လည်းအဲ့ဒီစုံတွဲတွေလိုကံကောင်း‌အောင် စိတ်ကောင်းလေးတွေမွေးကြရအောင်နော်။

Mia (Mckzone Daily)

Be the first to comment on "အိမ်‌နောက်ဖေးကခြံမှာ မြှုပ်နှံထားတဲ့ ဒေါ်လာ ၁၀သန်းတန် အကြွေစေ့တွေကို ရှာဖွေတွေရှိခဲ့တဲ့စုံတွဲ"

Leave a comment

Your email address will not be published.


*