လှေကားပေါ်ကနေပြုတ်ကျတော့မယ့် ကလေးငယ်ကို သူ့ရဲ့လက်ဖဝါးသေးသေးလေးတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ကြောင်(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းလိုလိုကတော့ အိမ်မွေးတိရစ္ဆာန်တွေထဲမှာဆိုရင် ခွေးလေးတွေသာ သစ္စာအရှိဆုံး ၊ ပိုင်ရှင်တွေကိုကာကွယ်ပေးတဲ့တိရစ္ဆာန်လို့ အမြဲလိုလိုတွေးထင်တတ်ကြပေမဲ့ တစ်ခါတစ်လေမှာတော့ ကြောင်လေးတွေကလည်း သူတို့ရဲ့သခင်တွေကို ကာကွယ်တတ်ကြပါတယ် ။ ပြီးခဲ့တဲ့ အောက်တိုဘာလ 31ရက်နေ့ ၊ မနက် 5နာရီအချိန်မှာ ကြောင်လေးနဲ့ကလေးငယ် နှစ်ယောက်တည်းရှိနေတုန်း ဧည့်ခန်းထဲမှာပတ်ပတ်လည် လေးဖက်ကုန်းလျှောက်နေခဲ့တဲ့ ကလေးငယ်လေး လှေကားပေါ်ကနေပြုတ်ကျတော့မယ့်အဖြစ်ကို ကြောင်လေးက သူရဲ့လက်ဖဝါးသေးသေးလေးတွေနဲ့ ကာကွယ်ပေးခဲ့တာပါ ။

Video ထဲမှာဖော်ပြထားခဲ့တာကတော့ ကလေးငယ်ဟာ လေးဖက်ကုန်းလျှောက်နေသေးတဲ့အတွက် အသက် 1နှစ်အောက်အရွယ်လေးလို့ယူဆရပြီး ၊ ကလေးငယ်ဧည့်ခန်းထဲမှာ ပတ်ပတ်လည်လျှောက်သွားနေတာကို ဆိုဖာပေါ်ကနေ ကြောင်လေးတစ်ကောင်က စောင့်ကြည့်ပေးနေတာပါ ။ ထို့နောက် ကလေးငယ်ဟာ လျှောက်ရင်း လှေကားထိပ်ဖက်သို့ရောက်သွားခဲ့ပြီး လှေကားပေါ်ကနေ ပြုတ်ကျတော့မည့်အခြေအနေသို့ရောက်တော့ ကြောင်လေးဟာချက်ချင်းပဲဆိုဖာပေါ်ကနေ ခုန်ချကာ ကလေးအနားသို့အပြေးသွားခဲ့ပါတယ် ။ ထို့နောက် သူ၏လက်ဖဝါးသေးသေးလေးနဲ့ ကလေးငယ်ထပ်ပြီးမသွားအောင်ဆွဲကာ ကလေးငယ်ကိုလှေကားပေါ်ကနေ မပြုတ်ကျအောင်ကယ်တင်ပေးခဲ့ပါတယ် ။

ထို့ကြောင့် ကလေးငယ်ဟာ ဆက်မသွားတော့ဘဲ ဧည့်ခန်းအတွင်းသို့ပြန်လှည့်သွားခဲ့ပါတယ် ။ ကလေးငယ်လေးဖက်ကုန်းသွားခဲ့တဲ့ လှေကားရင်းရဲ့ဓာတ်ပုံကိုလည်း ဖော်ပြပေးထားပါတယ် ။ ထို့အပြင် ကလေးငယ်ကို ဂရုတစိုက်အလိုက်သိစွာ ကာကွယ်ပေးတဲ့ကြောင်ကလေးကလည်း အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လှေကားပေါ်ကနေပြုတ်ကျတော့မယ့် ကလေးငယ်ကို သူ့ရဲ့လက်ဖဝါးသေးသေးလေးတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ကြောင်(ရုပ်သံ)"

Leave a comment

Your email address will not be published.


*