လစာနည်းလွန်းပြီး ငွေရေးကြေးရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ လူငယ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့ ၊ Cheras ရပ်ကွက်မှာနေထိုင်တဲ့ အသက် 32နှစ်အရွယ်အမျိုးသားဟာ ငွေရေးကြေးရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး အဆင်မပြေနိုင်တော့တဲ့အဆုံးသူ၏တိုက်ခန်းကနေ ခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ Credit Card Saleman အဖြစ်ယခုကုမ္ပဏီမှာ အလုပ်မလုပ်ခင်အချိန်က ဖျော်ဖြေတင်ဆက်တဲ့ Entertainment လုပ်ငန်းမှာ နှစ်ပေါင်းအတော်ကြာ လုပ်ကိုင်လာသူလည်းဖြစ်ပါတယ် ။

၎င်းအမျိုးသား၏ သူငယ်ချင်းဖြစ်သူပြောပြချက်အရ ” သူ့ရဲ့အခြေ ခံလစာက တစ်လမှ RM 1,000 (မြန်မာငွေ 3သိန်းခွဲဝန်ကျင်) ပဲရတယ် ပြီးတော့သူက အိမ်ငှါးခ ၊ ခရီးစရိတ် ၊ အခြားအသုံးစရိတ် တွေလည်းပေးဖို့လိုသေးတယ် ၊ သူရတဲ့ လစာနဲ့က လုံးဝမလောက်နိုင်ဘူး ၊ ဒါ့အပြင် သူကသတ်မှတ်ထားတဲ့အရောင်းပမာဏအထိ သူမရောင်းနိုင်ခဲ့တဲ့အတွက် သူကော်မရှင်ခတွေလည်း အများကြီးမရခဲ့ဘူး ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

အဆိုပါအမျိုးသားသေဆုံးသွားခဲ့တာကို တိုက်ခန်းရဲ့လုံခြုံရေးဝန်ထမ်းက တွေ့ရှိသွားခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သေဆုံးသွားချိန်မှာ အနီရောင်ဘောင်ဘီအတိုလေးကိုသာ ဝတ်ဆင်ထားပြီး ၊ ကားပါကင် အပေါ်ဖက်အမိုးပေါ်မှာ အအိပ်လျက်သားဖြင့် တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သေဆုံးသွားသူရဲ့ မိသားစုဝင်တွေက Saleman အလုပ်ကိုမလုပ်ကိုင်ဖို့ ကန့်ကွက်ခဲ့ကြပေမဲ့လည်း ၊ ၎င်း အမျိုးသားကလုံးဝမနာခံဘဲ အိမ်ပေါ်ကနေဆင်လာခဲ့ကာ နောက်ဆုံးမိသားစုဝင်တွေနဲ့ဆက်ဆံရေး တင်းမားသွားခဲ့တဲ့အထိပါပဲ ။ အဆိုပါအမျိုးသားဟာ ခရီးသွားလမ်းညွှန်တစ်ယောက်ဖြစ်ချင်နေခဲ့တာဖြစ်ပြီး ၊ travel agency နဲ့ပက်သက်တဲ့သင်တန်းများကိုလည်း တက်ရောက်နေခဲ့ကာ အခါအခွင့်မတိုင်ခင်မှာပဲသေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ ယခု ကိုယ့်ကိုအဆုံးစီရင်မှုကိုတော့ ရဲအရာရှိများက ထပ်မံစုံစမ်းစစ်ဆေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လစာနည်းလွန်းပြီး ငွေရေးကြေးရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ လူငယ်"

Leave a comment

Your email address will not be published.


*