1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Mia (Mckzone Daily)
Source : boredpanda
Unicode
Texas ပြည်နယ် Buffaloမြို့ရှိ တစ်မူထူးခြားပြီးရောင်စုံတောင်ပနေတဲ့ အိမ်တစ်လုံးဟာ အင်တာနက်ရဲ့အာရုံကိုဖမ်းစားခဲ့ပါတယ်။ထိုအဆောက်အဦး ဟာ မြေအောက်အိမ်ဖြစ်ပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းနှင့်အပိုခန်း ၃ ခန်းပါဝင်သလို ဧရိယာအကျယ်အဝန်းက စတုရန်း ၃ပေရှိပါတယ်။ဒီအိမ်ဟာ အခုဆို ဈေးကွက်ထဲရောက်နေပါပြီ ။တစ်မူထူးခြားတဲ့အိမ်ဆိုတဲ့အတိုင်း အိမ်ရဲ့ဈေးနှုန်းကလည်း ပါးစပ်အဟောင်းဖြစ်ရတဲ့အထိ အံ့အားသင့်စရာကောင်းနေပါတယ်။အိမ်ရဲ့ဈေးနှုန်းက ဒေါ်လာ ၂.၂ သန်းကျော် ကုန်ကျပါတယ်။အိမ်ရဲ့အကောင်းဆုံးကတော့ ပုန်းခိုရန်အလွန်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေပါတယ်။ဝယ်ယူလိုပါက ဒီမြေအောက်အိမ်တစ်ခုတည်း မဟုတ်ပါဘူး ။ ဧရိယာ ၄၀ နီးပါးရှိတဲ့ မြေကွက် ၊ ကားဂိုဒေါင် နှင့် အလုပ်ရုံတစ်ခုပါဝင်တဲ့အပြင် တစ်ကုန်းပတ်နှင့်အတူ ရေတစ်ကန်လည်းပါရှိပါတယ်။ဒီတော့ အိမ်ရဲ့အတွင်းပိုင်းကို ပုံမှာကြည့်ပြီး စာဖတ်သူတို့ရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ကြပါအုံးနော် ။
Mia (Mckzone Daily)