ၾကည့္ရႈေစာင့္ေရွာက္ထားေပးပါ့မယ္ဆိုၿပီး ကတိေပးထားတဲ့ အိမ္နီးခ်င္းက ဝက္ကို ညစာအျဖစ္ႀကံစည္ခဲ့တဲ့ လုပ္ရပ္

California ရွိ Carrie Hogan ႏွင့္ သူမရဲ႕မိသားစုတစ္စုဟာ သူတို႔ရဲ႕အိမ္ေမြးတိရိစာၦန္အျဖစ္ေမြးထားတဲ့ ေပါင္ ၄၀၀ ရွိတဲ့ Princess လို႔ေခၚတဲ့ဝက္မဟာ ၿပီးခဲ့တဲ့လက Arcata ၿမိဳ႕ရွိ သူမရဲ႕သခင္က အိမ္မွထြက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးေနေၾကာင္း ရဲစခန္းကို အေၾကာင္းၾကားခဲ့ပါတယ္။ ေနာက္ဆုံးမွာ သူတို႔ရပ္ကြက္ထဲက အိမ္နီးနားခ်င္းရဲ႕ၿခံဝန္းထဲမွာ Princess ကိုေတြ႕လိုက္ရတဲ့အခါ Arcata ရဲဌာနမွအရာရွိက ေပ်ာက္ေနတဲ့အိမ္ေမြးတိရိစာၦန္ႏွင့္ပတ္သက္တာကိုရွာေဖြရန္ ပိုင္ရွင္အား အခင္းျဖစ္ပြါးရာေနရာသို႔လာရန္ ဖုန္းေခၚခဲ့ပါတယ္။ရဲအရာရွိဟာ အိမ္နီးနားခ်င္းအမ်ိဳးသားတစ္ဦးအား အမႈအတြက္ ေျဖရွင္းရန္ ဝက္ပိုင္ရွင္နဲ႔ဖုန္းေျပာေနစဥ္ အဆိုပါဝက္ကိုၾကည့္ထားဖို႔ မွာၾကားခဲ့ေပမဲ့ ကံမေကာင္းစြာပဲနဲ႔ မိုက္မဲတဲ့အဆိုပါအိမ္နီးနားခ်င္းက ကြဲျပားျခားနားတဲ့စိတ္ကူးတစ္ခု ရွိေနခဲ့ပါတယ္။

ဝက္ေလးရဲ႕ပိုင္ရွင္ေတြကို ဆက္သြယ္ၿပီးေနာက္ ရဲအရာရွိက Princess အား ရွာေတြ႕ခဲ့တဲ့ေနရာသို႔ျပန္သြားကာ အဆိုပါအိမ္နီးနားခ်င္းအမ်ိဳးသားဟာ ဝက္ကို အစေဖ်ာက္ၿပီး ညစာ ခ်က္စားပစ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။“ သူ ဝက္ကို အစေဖ်ာက္ပစ္လိုက္ၿပီဆိုတာ သိလိုက္ရေတာ့ ကြၽန္ေတာ္တို႔ အရမ္းအံ့ဩသြားခဲ့ရတယ္။အဲဒီပုဂၢိဳလ္က အဲဒီလိုလုပ္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ နည္းနည္းေလးမွေတာင္ မထင္ထားခဲ့ပါဘူး ”လို႔ APD အႀကီးအကဲ Brian Ahern ကေျပာခဲ့ပါတယ္။ထို႔ေနာက္ Carrie ႏွင့္သူမရဲ႕မိသားစုဟာ သူတို႔ခ်စ္တဲ့အိမ္ေမြးတိရိစာၦန္ရဲ႕ကံၾကမၼာကိုသိလိုက္ရၿပီးေနာက္ သူတို႔ဟာ အလြန္အံ့အားသင့္သြားခဲ့ရပါတယ္။

Carrie က ဥပေဒစိုးမိုးေရးကိုေထာက္ခံသူျဖစ္ေပမဲ့လည္း အရာရွိအား အေျခအေနကိုင္တြယ္ခဲ့ပုံႏွင့္ပတ္သက္ၿပီး သူမ စိတ္မေကာင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။Carrie ႏွင့္သူမမိခင္တို႔ဟာ အိမ္နီးနားခ်င္းကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ခဲ့ရတဲ့အျပင္ ထိုသူအား Princess ရဲ႕အသားကို ပိုင္ဆိုင္ခြင့္မရွိဘူးလို႔ ေျပာခဲ့ၿပီး Carrie တို႔မိသားစုဟာ ဝက္သားကို အျခားဘယ္သူမွ မ၀ယ္ႏိုင္ေစရန္ Princess ရဲ႕အသားအားလုံးကို ျပန္သိမ္းယူသြားခဲ့ပါတယ္။အိမ္နီးခ်င္းက ဝက္ရဲ႕ႀကီးထြားလာတဲ့အခ်ိန္ကို ေစာင့္ၿပီး ဘယ္ကတည္းက ႀကံစည္ေနခဲ့လဲမသိပါဘူးဗ်ာ။သူမ်ားရဲ႕အိမ္ေမြးတိရိစာၦန္ကိုမွ လုပ္ရတယ္လို႔ဗ်ာ။

Mia (Mckzone Daily)

Source : elitereaders

Unicode

California ရှိ Carrie Hogan နှင့် သူမရဲ့မိသားစုတစ်စုဟာ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားတဲ့ ပေါင် ၄၀၀ ရှိတဲ့ Princess လို့ခေါ်တဲ့ဝက်မဟာ ပြီးခဲ့တဲ့လက Arcata မြို့ရှိ သူမရဲ့သခင်က အိမ်မှထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

ဝက်လေးရဲ့ပိုင်ရှင်တွေကို ဆက်သွယ်ပြီးနောက် ရဲအရာရှိက Princess အား ရှာတွေ့ခဲ့တဲ့နေရာသို့ပြန်သွားကာ အဆိုပါအိမ်နီးနားချင်းအမျိုးသားဟာ ဝက်ကို အစဖျောက်ပြီး ညစာ ချက်စားပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။“ သူ ဝက်ကို အစဖျောက်ပစ်လိုက်ပြီဆိုတာ သိလိုက်ရတော့ ကျွန်တော်တို့ အရမ်းအံ့ဩသွားခဲ့ရတယ်။အဲဒီပုဂ္ဂိုလ်က အဲဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော်တို့ နည်းနည်းလေးမှတောင် မထင်ထားခဲ့ပါဘူး ”လို့ APD အကြီးအကဲ Brian Ahern ကပြောခဲ့ပါတယ်။

Carrie က ဥပဒေစိုးမိုးရေးကိုထောက်ခံသူဖြစ်ပေမဲ့လည်း အရာရှိအား အခြေအနေကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်ပြီး သူမ စိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။Carrie နှင့်သူမမိခင်တို့ဟာ အိမ်နီးနားချင်းကို မျက်နှာချင်းဆိုင်တွေ့ခဲ့ရတဲ့အပြင် ထိုသူအား Princess ရဲ့အသားကို ပိုင်ဆိုင်ခွင့်မရှိဘူးလို့ ပြောခဲ့ပြီး Carrie တို့မိသားစုဟာ ဝက်သားကို အခြားဘယ်သူမှ မ၀ယ်နိုင်စေရန် Princess ရဲ့အသားအားလုံးကို ပြန်သိမ်းယူသွားခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ၾကည့္ရႈေစာင့္ေရွာက္ထားေပးပါ့မယ္ဆိုၿပီး ကတိေပးထားတဲ့ အိမ္နီးခ်င္းက ဝက္ကို ညစာအျဖစ္ႀကံစည္ခဲ့တဲ့ လုပ္ရပ္"

Leave a comment

Your email address will not be published.


*