မီးဖိုချောင်းထဲမှာ ဟင်းတွေကို အရယ်ရဆုံးပုံစံနဲ့ ချက်ပြုတ်နေတဲ့ စားဖိုမှူးရဲ့အတော်လေးကိုလူကြည့်များနေတဲ့ Video




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မီးဖိုချောင်ထဲမှာဆိုရင် စားဖိုမှူ းကသာ အဓိကကျပြီး လူအများကြောက်ပြီး လေးစားရတဲ့သူပါ ။ သို့ပေမဲ့လည်း ဒီစာဖိုးမှူ းကတော့ တခြားသူတွေလိုမဟုတ်ဘဲ အတော်လေးကို ဗရုတ်သုတ်ခကျလွန်းတဲ့အတွက် သူရဲ့ Video ဟာ Twitter အသုံးပြုသူတွေအကြား အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Video ကိုတော့ လာရောက်စားသောက်သူတစ်ဦးက စားဖိုမှူ းရဲ့ ဟာသဆန်တဲ့ဟင်းချက်မှုတွေကို ရိုက်ကူးချင်ခဲ့လို့ မီးဖိုချောင်အထိ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ Video အစပိုင်းမှာတော့ စာဖိုမှူ းဟာ ပင်လယ်စာဟင်းချက်ပြုတ်ဖို့စီစဉ်နေခဲ့တာပါ ။

ထို့နောက် ဒယ်အိုးထဲသို့ ပင်လယ်စာလောင်ထည်းပြီးနောက် အိုးကြီးကိုသူ့ရဲ့မီးဖိုချောင်အကူ တည့်တည့်ပစ်ထည့်လိုက်ပါတယ် ။ သူရဲ့ဗရုတ်သုတ်ခကျတာက ထိုနေရာမှာတင် မရပ်သွားသေးပါဘူး ။ ဆောင်းထားတဲ့ ဦးထုပ်ကိုပါ ချွတ်ပြီး ပူလောင်နေတဲ့ ဒယ်အိုးကိုခေါင်းပေါ်တွင်ရွတ်ပြကာ ၊ လက်တစ်ဖက်မှာလည်း မီးတောက်ကြီးကို ကိုင်ပြခဲ့ပါတယ် ။ ထို့နောက် ဒယ်အို၏အောက်ဖက်ကိုလည်း လက်ဖြင့်ပွတ်ပြကာ သူ၏လက်မှာလုံးဝမပူတတ်ကြောင်း သက်သေပြခဲ့ပါသေးတယ် ။ ထို့အပြင် gas အိုးပေါ်တွင် တင်ထားသော အုတ်ခဲကြီးကိုလည်း မပြီး မီးဖိုချောင်အကူဖက်တည့်တည့်ပစ်ပြခဲ့ပါသေးတယ် ။

၎င်း video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများက အဆိုပါ စားဖိုမှူ းရဲ့ ဗရုတ်သုတ်ခကျပြီး ရယ်ရလွန်းတဲ့အပြုအမှုကို အမျိုးမျိုး comment ပေးခဲ့ကြပေမဲ့လည်း ၊ အချို့မှာတော့ ၎င်းမီးဖိုချောင်ရဲ့ကြမ်းပြင်နှင့် ဟင်ချက်တဲ့ခုံတွေဟာ အတော်လေးညစ်ပေလွန်းတဲ့အတွက် စားသုံးသူများ ဆေးရုံသို့တန်းပြေးရလောက်တယ်ဆိုပြီး မျိုးစုံ မှတ်ချက်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မီးဖိုချောင်းထဲမှာ ဟင်းတွေကို အရယ်ရဆုံးပုံစံနဲ့ ချက်ပြုတ်နေတဲ့ စားဖိုမှူးရဲ့အတော်လေးကိုလူကြည့်များနေတဲ့ Video"

Leave a comment

Your email address will not be published.


*