အရာရွိတစ္ဦးရဲ႕ေနအိမ္မွ အေလးခ်ိန္ေပါင္း 13.5 တန္ရွိတဲ့ေ႐ႊတုံးေတြကို ရွာေဖြေတြ႕ရွိခဲ့

တ႐ုတ္ထိပ္တန္းအရာရွိတစ္ဦးက အက်င့္ပ်က္ျခစားမႈမွာ ပါဝင္ပတ္သက္ေၾကာင္း စြပ္စြဲခံရၿပီးေနာက္ မၾကာေသးခင္က တ႐ုတ္သတင္းေခါင္းႀကီးပိုင္းမွာ ေဖာ္ျပခံခဲ့ရပါတယ္။အစီရင္ခံစာမ်ားအရ Haikou ရဲ႕ကြန္ျမဴနစ္ပါတီေကာ္မတီအတြင္းေရးမႉး ႏွင့္ Hainan ျပည္နယ္ရဲ႕အၿမဲတမ္းေကာ္မတီအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အသက္ ၅၈ႏွစ္အ႐ြယ္ Zhang Qi ရဲ႕ေနအိမ္မွာ အံ့ဩစရာေကာင္းေလာက္တဲ့ အေလးခ်ိန္ ၁၃.၅ တန္ရွိတဲ့ေ႐ႊေတြကို ေတြ႕ရွိခဲ့ပါတယ္။ေ႐ႊေတြနဲ႔အတူ စုံစမ္းစစ္ေဆးသူေတြက ယြမ္ေပါင္း ၂၆၈ ဘီလီယံ (ေဒၚလာ ၃၆.၇ ဘီလီယံ ) ရွိတဲ့ပိုက္ဆံေတြကိုပါ ေတြ႕ရွိခဲ့ၾကပါတယ္။

စြပ္စြဲခ်က္အရ Zhang ဟာ လာဘ္ေပးလာဘ္ယူလုပ္ေၾကာင္း သိရပါတယ္။ရလဒ္အေနနဲ႔ သူဟာ ရာထူးမွထုတ္ပယ္ခံခဲ့ရပါတယ္။တ႐ုတ္ျပည္ရဲ႕အခ်မ္းသာဆုံး Ma က လက္ရွိမွာ ေဒၚလာ ၃၈ ဘီလီယံ ပိုင္ဆိုင္ထားတာပါ။အရာရွိႀကီးက ရဲေတြသာမေတြ႕ခဲ့ရင္ Maကိုေတာင္ ေက်ာ္တက္သြားမယ့္ပုံရပါတယ္။ Zhang Qi က Danzhou ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္ေဟာင္းျဖစ္ၿပီး ၂၀၀၈ မွ ၂၀၁၀ ခုႏွစ္အထိ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။

ယခု သူဟာ ဗဟိုစည္းကမ္းထိန္းသိမ္းေရးေကာ္မရွင္ (CCDI) ႏွင့္အမ်ိဳးသားႀကီးၾကပ္ေရးေကာ္မရွင္တို႔ရဲ႕စုံစမ္းစစ္ေဆးမႈကို ခံေနရပါတယ္။Zhang ရဲ႕အိမ္ကေ႐ႊေတြေၾကာင့္ netizen အခ်ိဳ႕က သူ႔ကို တကယ့္လက္ေတြ႕ဘဝျဖစ္တဲ့ Scrooge McDuck လို႔ ေခၚခဲ့ၾကပါတယ္။လူတစ္ေယာက္က “ ဒါက အစိုးရထဲမွာ အက်င့္ပ်က္တဲ့လူတစ္ေယာက္ဘဲ အျခားဘယ္ႏွစေယာက္ေတာင္ ရွိေနမလဲ စဥ္းစားၾကည့္ၾကပါ” လို႔ ေထာက္ျပခဲ့ၿပီး အျခားတစ္ေယာက္က ၎ေ႐ႊေတြက တစ္ေယာက္ၿပီးတစ္ေယာက္စီ ေ႐ြ႕ေျပာင္းေနလိမ့္မယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

တရုတ်ထိပ်တန်းအရာရှိတစ်ဦးက အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရပြီးနောက် မကြာသေးခင်က တရုတ်သတင်းခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရပါတယ်။အစီရင်ခံစာများအရ Haikou ရဲ့ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး နှင့် Hainan ပြည်နယ်ရဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် ၅၈နှစ်အရွယ် Zhang Qi ရဲ့နေအိမ်မှာ အံ့ဩစရာကောင်းလောက်တဲ့ အလေးချိန် ၁၃.၅ တန်ရှိတဲ့ရွှေတွေကို တွေ့ရှိခဲ့ပါတယ်။

စွပ်စွဲချက်အရ Zhang ဟာ လာဘ်ပေးလာဘ်ယူလုပ်ကြောင်း သိရပါတယ်။ရလဒ်အနေနဲ့ သူဟာ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။တရုတ်ပြည်ရဲ့အချမ်းသာဆုံး Ma က လက်ရှိမှာ ဒေါ်လာ ၃၈ ဘီလီယံ ပိုင်ဆိုင်ထားတာပါ။အရာရှိကြီးက ရဲတွေသာမတွေ့ခဲ့ရင် Maကိုတောင် ကျော်တက်သွားမယ့်ပုံရပါတယ်။ Zhang Qi က Danzhou မြို့ရဲ့မြို့တော်ဝန်ဟောင်းဖြစ်ပြီး ၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

ယခု သူဟာ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင် (CCDI) နှင့်အမျိုးသားကြီးကြပ်ရေးကော်မရှင်တို့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။Zhang ရဲ့အိမ်ကရွှေတွေကြောင့် netizen အချို့က သူ့ကို တကယ့်လက်တွေ့ဘဝဖြစ်တဲ့ Scrooge McDuck လို့ ခေါ်ခဲ့ကြပါတယ်။လူတစ်ယောက်က “ ဒါက အစိုးရထဲမှာ အကျင့်ပျက်တဲ့လူတစ်ယောက်ဘဲ အခြားဘယ်နှစယောက်တောင် ရှိနေမလဲ စဉ်းစားကြည့်ကြပါ” လို့ ထောက်ပြခဲ့ပြီး အခြားတစ်ယောက်က ၎င်းရွှေတွေက တစ်ယောက်ပြီးတစ်ယောက်စီ ရွေ့ပြောင်းနေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment