မိခင္ကဆုံးပါးသြားၿပီး ၊ ဖခင္က အေၾကာေသေနလို႔ လူႀကီးတစ္ေယာက္လိုဘဝကို႐ုန္ကန္ေနရတဲ့ 9 ႏွစ္အ႐ြယ္ မိန္းကေလး

တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့ Li Chunyan အမည္ရွိတဲ့ 9 ႏွစ္အ႐ြယ္မိန္းကေလးဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ အိမ္မွာလူႀကီးတစ္ေယာက္လိုေနထိုင္ေနခဲ့ရတာပါ ။ လြန္ခဲ့တဲ့ 6 ႏွစ္က မိခင္ျဖစ္သူဟာ ကင္ဆာေရာဂါနဲ႔ ဆုံးပါးသြားခဲ့ၿပီးေနာက္ ၊ 2012 ခုႏွစ္မွာ ဖခင္ျဖစ္သူကလည္း ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ မေတာ္တဆျဖစ္ၿပီး ေအာက္ပိုင္အေၾကာေသသြားခဲ့ပါတယ္ ။ သူမဟာ ဖခင္အတြက္ အစားအေသာက္ ၊ ေရခ်ိဳး ၊ အတူလမ္းေလွ်ာက္ေပး စတဲ့အလုပ္ေတြလုပ္ကိုင္ေပးေနရ႐ုံသာမက စာသင္ခန္းထဲမွာလည္း အေတာ္ဆုံးေက်ာင္းသူတစ္ေယာက္ျဖစ္ေအာင္ အၿမဲႀကိဳးစားေနသူပါ ။ လက္ရွိမွာေတာ့ သူမ နဲ႔ ဖခင္ျဖစ္သူတို႔ဟာ အသက္ 70 အ႐ြယ္အဖြားျဖစ္သူနဲ႔အတူေနထိုင္ေနၿပီး ၊ အိမ္ရဲ႕ေဝယ်ာဝစၥေတြကိုလည္း လုပ္ကိုင္ကာ ၊ ဖခင္ျဖစ္သူကိုလည္း ျပဳစုေစာင့္ေရွာက္ေပးေနခဲ့ရပါတယ္ ။

ဖခင္ျဖစ္သူ အလုပ္လုပ္ကိုင္ခဲ့တဲ့ကုမၸဏီကေတာ့ မေတာ္တဆအတြက္ ထိခိုက္နစ္နာေၾကးမေပးခဲ့လို႔ သူမတို႔မိသားစုဟာ အိမ္အသုံးစရိတ္အတြက္ အေတာ္ေလး႐ုန္းကန္ေနရပါတယ္ ။ သူမတို႔ရဲ႕မိသားစုကိုေတာ့ အစိုးရက လစဥ္ 600 ယြမ္း ေထာက္ပံ့ေပးေနလ်က္ရွိပါတယ္ ။ Chunyan ကေတာ့ သူမရဲ႕ဘဝက ဘယ္ေလာက္ပဲ ကံဆိုးေနပါေစ လုံးဝမငိုခဲ့ပါဘူး ။ သူမငိုေႂကြးေနတာကိုျမင္ရင္ ဖခင္ နဲ႔ အဘြားျဖစ္သူတို႔ စိတ္ခံစားသြားရမွာစိုးရိမ္လို႔ျဖစ္ေၾကာင္း သူမကေျပာျပခဲ့ပါတယ္ ။

သူမကေတာ့ အနာဂတ္အတြက္အေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္ေနရင္း အေကာင္းျမင္တတ္တဲ့ကေလးငယ္တစ္ေယာက္ပါ ။ ‘ ကြၽန္မတို႔ကိုကူညီခဲ့တဲ့ ဦးေလး နဲ႔ အန္တီ ကိုေက်းဇူးတင္တယ္လို႔ေျပာခ်င္ပါတယ္ ၊ ကြၽန္မ စာႀကိဳးစားၿပီး အနာဂတ္မွာသူတို႔ကို ေက်းဇူးျပန္ဆပ္မွာပါ’ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ တကယ့္ကိုအ႐ြယ္နဲ႔မလိုက္ဖက္ေအာင့္ ရင့္က်က္တည္ၿငိမ္လြန္းတဲ့ ကေလးငယ္တစ္ေယာက္ပါပဲေလ ။

1

2

3

4

5

6

7

Mia (Mckzone Daily)

Source : dailymail

Unicode

တရုတ်နိုင်ငံမှာ နေထိုင်တဲ့ Li Chunyan အမည်ရှိတဲ့ 9 နှစ်အရွယ်မိန်းကလေးဟာ အရွယ်နဲ့မလိုက်အောင် အိမ်မှာလူကြီးတစ်ယောက်လိုနေထိုင်နေခဲ့ရတာပါ ။ လွန်ခဲ့တဲ့ 6 နှစ်က မိခင်ဖြစ်သူဟာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီးနောက် ၊ 2012 ခုနှစ်မှာ ဖခင်ဖြစ်သူကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီး အောက်ပိုင်အကြောသေသွားခဲ့ပါတယ် ။ သူမဟာ ဖခင်အတွက် အစားအသောက် ၊ ရေချိုး ၊ အတူလမ်းလျှောက်ပေး စတဲ့အလုပ်တွေလုပ်ကိုင်ပေးနေရရုံသာမက စာသင်ခန်းထဲမှာလည်း အတော်ဆုံးကျောင်းသူတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေသူပါ ။

ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ကုမ္ပဏီကတော့ မတော်တဆအတွက် ထိခိုက်နစ်နာကြေးမပေးခဲ့လို့ သူမတို့မိသားစုဟာ အိမ်အသုံးစရိတ်အတွက် အတော်လေးရုန်းကန်နေရပါတယ် ။ သူမတို့ရဲ့မိသားစုကိုတော့ အစိုးရက လစဉ် 600 ယွမ်း ထောက်ပံ့ပေးနေလျက်ရှိပါတယ် ။ Chunyan ကတော့ သူမရဲ့ဘဝက ဘယ်လောက်ပဲ ကံဆိုးနေပါစေ လုံးဝမငိုခဲ့ပါဘူး ။ သူမငိုကြွေးနေတာကိုမြင်ရင် ဖခင် နဲ့ အဘွားဖြစ်သူတို့ စိတ်ခံစားသွားရမှာစိုးရိမ်လို့ဖြစ်ကြောင်း သူမကပြောပြခဲ့ပါတယ် ။

သူမကတော့ အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေရင်း အကောင်းမြင်တတ်တဲ့ကလေးငယ်တစ်ယောက်ပါ ။ ‘ ကျွန်မတို့ကိုကူညီခဲ့တဲ့ ဦးလေး နဲ့ အန်တီ ကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ် ၊ ကျွန်မ စာကြိုးစားပြီး အနာဂတ်မှာသူတို့ကို ကျေးဇူးပြန်ဆပ်မှာပါ’ ဆိုပြီး ပြောပြခဲ့ပါတယ် ။ တကယ့်ကိုအရွယ်နဲ့မလိုက်ဖက်အောင့် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ ကလေးငယ်တစ်ယောက်ပါပဲလေ ။

Mia (Mckzone Daily)

Be the first to comment on "မိခင္ကဆုံးပါးသြားၿပီး ၊ ဖခင္က အေၾကာေသေနလို႔ လူႀကီးတစ္ေယာက္လိုဘဝကို႐ုန္ကန္ေနရတဲ့ 9 ႏွစ္အ႐ြယ္ မိန္းကေလး"

Leave a comment

Your email address will not be published.


*