ဇနီး နဲ့ သားကို တွေ့ဖို့ လှေငယ်တစ်စီးနဲ့ ထိုင်းနိုင်ငံသို့ ခိုးဝင်ခဲ့တဲ့အမျိုးသားတစ်ဦးရဲ့ အဖြစ်
Mia (Mckzone Daily)
Source : worldofbuzz
Unicode
ကူးစက်ရောဂါအခြေအနေတွေကြောင့် မလေးရှားနိုင်ငံကအမျိုးသားတစ်ဦးဟာ မိသားစုတွေကို မဆုံတွေ့နိုင်ဘဲ ခွဲခွာနေထိုင်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်းကွဲကွာနေတဲ့ ဇနီး နဲ့ သားလေးကို သတိရလို့နောက်ဆုံး လှေငယ်ကိုအသုံးပြုပြီး ထိုင်နိုင်ငံမှာရှိနေတဲ့ ဇနီး နဲ့ သားကို သွားပြီးခိုးတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။ သတင်းများအရ အဆိုပါ အသက် 53 နှစ်အရွယ်အမျိုးသားကို ထိုင်းရဲအရာရှိတွေက December 10 ရက်နေ့ နေ့ခင်း 2 နာရီအချိန်ခန့်မှာ ဖမ်းဆီးခဲ့ကြကြောင်း သိရှိရပါတယ် ။
မလေးရှားအမျိုးသားရဲ့ပြောပြချက်အရ သူဟာ Narathiwat မှာရှိနေတဲ့ ဇနီး နဲ့ သားကို တွေ့ဆုံဖို့ ထိုင်းအမျိုးသားတစ်ဦးကို 300 ဘတ်ပေးကာ လှေငယ်နဲ့တင်ဆောင်သွားဖို့ အကူအညီတောင်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အဆိုပါအမျိုးသားဟာ အရင်ဆုံး Quarantine ဝင်နေရကြောင်း သိရှိရပါတယ် ။
Mia (Mckzone Daily)
Be the first to comment on "ဇနီး နဲ့ သားကို တွေ့ဖို့ လှေငယ်တစ်စီးနဲ့ ထိုင်းနိုင်ငံသို့ ခိုးဝင်ခဲ့တဲ့အမျိုးသားတစ်ဦးရဲ့ အဖြစ်"
Leave a comment
Your email address will not be published.
*