နားကိုက္ေနလို႔ စစ္ၾကည့္လိုက္ခါမွ နားထဲမွာ ပိုးဟပ္10ေကာင္ေက်ာ္ ေတြ႔ခဲ့တဲ့အမ်ိဳးသား

တစ္ကိုယ္ရည္သန္႔႐ွင္းဖို႔ဆိုတာ တကယ့္ကိုအေရးႀကီးတဲ့ကိစၥတစ္ခုပါ ။ ကိုယ့္ရဲ႕ နားကိုေကာ ဘယ္အခ်ိန္မွာေနာက္ဆံုး သန္႔႐ွင္းေရးလုပ္ခဲ့ၾကတာလဲ စသျဖင့္ေပါ့ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံေတာင္ပိုင္းက Mr.Lv ဆိုတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ညာဖက္နားဟာ အေတာ္ေလးကိုနာက်င္ေနခဲ့လို႔ ေဆးရံုသြားျပခဲ့ပါတယ္ ။ စၿပီး ၾကားခါးစေတာ့ ပံုမွန္လို႔ထင္ေနၾကမွာပါ ။ ဒါေပမဲ့ Mr.Lv ဟာေဆးရံုသို႔မသြားခင္ သူ႔ရဲ႕မိသားစုဝင္ေတြထံ နားကနာလြန္းတယ္ဆိုၿပီး ညည္းညဴ ခဲ့ခ်ိန္မွာေတာ့ မိသားစုဝင္တစ္ဦးက ဓာတ္မီးနဲ႔သူ၏နားထဲထိုးၾကည့္လိုက္ခ်ိန္မွာ ပိုးဟပ္အေကာင္အႀကီးႀကီကိုေတြ႔႐ွိသြားခဲ့ပါတယ္ ။

နား ၊ ႏွာေခါင္း ႏွင့္ လည္ေခ်ာင္း အထူးကုဆရာဝန္ျဖစ္တဲ့ Dr.Zhong Yijin ရဲ႕ေျပာျပခ်က္အရ Mr.Lv ဟာ သူ႔ရဲ႕နားထဲမွာ နာက်င္ေနၿပီး တစ္ခုခုေရႊ႔လ်ားေနသလို ၊ ကုတ္ေနသလို ခံစားရေၾကာင္း ေျပာျပလာ၍ နားထဲစစ္ၾကည့္လိုက္ခ်ိန္မွာေတာ့ 10ေကာင္ခန္႔႐ွိတဲ့ပိုးဟပ္ေပါက္စေလးေတြ ပတ္ေျပးေနတာကို ေတြ႔႐ွိခဲ့ပါတယ္ ။ ပိုးဟပ္အမႀကီးကို မဖယ္ထုတ္ခင္ ပိုးဟပ္ေပါက္စေလးေတြကို ဇာဂနာျဖင့္ တစ္ေကာင္ၿပီးတစ္ေကာင္ ဖယ္ထုတ္ခဲ့ပါတယ္ ။ အကုန္လံုးဖယ္ထုတ္ၿပီးခ်ိန္မွာေတာ့ သူ၏နား နာက်င္မႈဟာခ်က္ခ်င္သက္သာသြားခဲ့ပါတယ္ ။

ကံေကာင္စြာနဲ႔ ဆိုးဆိုးဝါးဝါးထိခိုက္နာက်င္မႈမ်ိဳးမရခဲ့ပါဘူး ။ ဘာလို႔ ယခုလိုပိုးဟပ္နားထဲဝင္သြားရတာလဲဆိုၿပီး ေမးၾကည့္လိုက္ခ်ိန္မွာေတာ့ Mr.Lv ဟာ စားေသာက္ၿပီး အနည္းငယ္က်န္႐ွိေနေသးတဲ့ အစားအေသာက္အထုပ္ေတြကို တစ္ခါထည္း မသိမ္ဆည္းပဲ သူ႔ရဲ႕အိပ္ယာအနားမွာအျမဲတမ္းထား႐ွိေလ့႐ွိေသာေၾကာင့္ ပိုးဟပ္ေတြကိုလက္ယွက္ေခၚေနသလိုျဖစ္ေနခဲ့ၿပီး ယခုကဲသို႔ေသာျဖစ္ရပ္မ်ိဳး ျဖစ္လာခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ တစ္ကိုယ္ရည္သန္႔႐ွင္ေရးသာမက အျမဲတမ္း သန္႔႐ွင္းသပ္ရပ္ၿပီး စည္းကမ္းတက်ေနထိုင္တတ္ဖို႔ လိုအပ္ေၾကာင္း သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ကိုယ်ရည်သန့်ရှင်းဖို့ဆိုတာ တကယ့်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုပါ ။ ကိုယ့်ရဲ့ နားကိုကော ဘယ်အချိန်မှာနောက်ဆုံး သန့်ရှင်းရေးလုပ်ခဲ့ကြတာလဲ စသဖြင့်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံတောင်ပိုင်းက Mr.Lv ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ညာဖက်နားဟာ အတော်လေးကိုနာကျင်နေခဲ့လို့ ဆေးရုံသွားပြခဲ့ပါတယ် ။ စပြီး ကြားခါးစတော့ ပုံမှန်လို့ထင်နေကြမှာပါ ။ ဒါပေမဲ့ Mr.Lv ဟာဆေးရုံသို့မသွားခင် သူ့ရဲ့မိသားစုဝင်တွေထံ နားကနာလွန်းတယ်ဆိုပြီး ညည်းညူ ခဲ့ချိန်မှာတော့ မိသားစုဝင်တစ်ဦးက ဓာတ်မီးနဲ့သူ၏နားထဲထိုးကြည့်လိုက်ချိန်မှာ ပိုးဟပ်အကောင်အကြီးကြီကိုတွေ့ရှိသွားခဲ့ပါတယ် ။

နား ၊ နှာခေါင်း နှင့် လည်ချောင်း အထူးကုဆရာဝန်ဖြစ်တဲ့ Dr.Zhong Yijin ရဲ့ပြောပြချက်အရ Mr.Lv ဟာ သူ့ရဲ့နားထဲမှာ နာကျင်နေပြီး တစ်ခုခုရွှေ့လျားနေသလို ၊ ကုတ်နေသလို ခံစားရကြောင်း ပြောပြလာ၍ နားထဲစစ်ကြည့်လိုက်ချိန်မှာတော့ 10ကောင်ခန့်ရှိတဲ့ပိုးဟပ်ပေါက်စလေးတွေ ပတ်ပြေးနေတာကို တွေ့ရှိခဲ့ပါတယ် ။ ပိုးဟပ်အမကြီးကို မဖယ်ထုတ်ခင် ပိုးဟပ်ပေါက်စလေးတွေကို ဇာဂနာဖြင့် တစ်ကောင်ပြီးတစ်ကောင် ဖယ်ထုတ်ခဲ့ပါတယ် ။ အကုန်လုံးဖယ်ထုတ်ပြီးချိန်မှာတော့ သူ၏နား နာကျင်မှုဟာချက်ချင်သက်သာသွားခဲ့ပါတယ် ။

ကံကောင်စွာနဲ့ ဆိုးဆိုးဝါးဝါးထိခိုက်နာကျင်မှုမျိုးမရခဲ့ပါဘူး ။ ဘာလို့ ယခုလိုပိုးဟပ်နားထဲဝင်သွားရတာလဲဆိုပြီး မေးကြည့်လိုက်ချိန်မှာတော့ Mr.Lv ဟာ စားသောက်ပြီး အနည်းငယ်ကျန်ရှိနေသေးတဲ့ အစားအသောက်အထုပ်တွေကို တစ်ခါထည်း မသိမ်ဆည်းပဲ သူ့ရဲ့အိပ်ယာအနားမှာအမြဲတမ်းထားရှိလေ့ရှိသောကြောင့် ပိုးဟပ်တွေကိုလက်ယှက်ခေါ်နေသလိုဖြစ်နေခဲ့ပြီး ယခုကဲသို့သောဖြစ်ရပ်မျိုး ဖြစ်လာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်ရေးသာမက အမြဲတမ်း သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းတကျနေထိုင်တတ်ဖို့ လိုအပ်ကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နားကိုက္ေနလို႔ စစ္ၾကည့္လိုက္ခါမွ နားထဲမွာ ပိုးဟပ္10ေကာင္ေက်ာ္ ေတြ႔ခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*