ပင္ပန္းဆင္းရဲတယ္ဆိုေပမဲ့ ေလ့က်င့္ေရးဆင္းေနတဲ့ရဲေတြေနာက္ လိုက္ကေနၾကတဲ့ေဆာက္လုပ္ေရးလုပ္သားေတြ (႐ုပ္သံ)

ဒီ Video ေလးကေတာ့ Facebook အသံုးျပဳသူေတြအၾကား အေတာ္ေလးကို ေရပန္းစားလ်က္႐ွိေနပါတယ္ ။ Video ထဲမွာေတာ့ ဖိလစ္ပိုင္ႏိုင္ငံက အေျပးၿပိဳင္ကြင္းတစ္ခုမွာ ယူနီေဖာင္းေတြနဲ႔ ေလ့က်င့္ေရးဆင္းေနၾကတဲ့ ရဲသားေတြဟာ သူတို႔အတြက္ တက္ႂကြဖြယ္ေကာင္းလြန္းတဲ့ သီခ်င္းေတြကိုဖြင့္ထားၿပီး စိတ္ဓာတ္တက္ႂကြေအာင္အစီအစဥ္ေလးတစ္ခု ျပဳလုပ္ေနပံုရပါတယ္ ။ ထိုအခ်ိန္မွာ ေလ့က်င့္ေရးဆင္းေနၾကတဲ့ ရဲသားေတြဟာ သံစဥ္စည္းခ်က္အတိုင္း သူတို႔ရဲ႕တင္ပါးေလးေတြနဲ႔ ပုခံုးေလးေတြကို လႈပ္ရမ္းၿပီး ကေနခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါျမင္ကြင္းကို လွန္းျမင္ေနခဲ့တဲ့ အုပ္စုတစ္ခုကလည္း လိုက္ၿပီးပါဝင္ေပ်ာ္ပါးခ်င္ခဲ့ပံုရပါတယ္ ။

အဲတာကေတာ့ Video ထဲမွာျမင္ေတြ႔ရတဲ့အတိုင္း အေျပးၿပိဳင္ကြင္းရဲ႕မ်က္ႏွာခ်င္းဆိုင္ဖက္မွာ ႐ွိေနခဲ့တဲ့ေဆာက္လုပ္ေနဆဲ အေဆာက္အဦးတစ္ခုမွ ေဆာက္လုပ္ေရးလုပ္သားမ်ားဟာ အေဆာက္အဦးရဲ႕အျပင္ဖက္မွာ အလုပ္လုပ္ေနၾကတာျဖစ္ၿပီး ၊ ဆူညံသံေတြေၾကာင့္ စိတ္ဆိုးေဒါသထြက္ရမဲ့အစား တစ္ခ်ိဳ႕ေတြက အလုပ္ဆက္လုပ္ေနၾကၿပီး ၊ တစ္ခ်ိဳ႕ေတြမွာေတာ့ သံစဥ္အတိုင္းအားရပါးရကိုလိုက္ၿပီးကေနၾကကာ Performance အျပည့္ျဖင့္ သူတို႔ကိုသူတို႔ေဖ်ာ္ေျဖတင္ဆက္ေနၾကတာကို ေတြ႔႐ွိရမွာပါ ။

ၾကည့္႐ႈမိလိုက္တဲ့ လူတိုင္းကို သူတို႔ရဲ႕ကကြက္ေတြကေန အေပ်ာ္ေတြကိုစီးကူးသြားေစခဲ့တဲ့အတြက္ အလုပ္ေတြပင္ပန္းေနေပမဲ့ ရတဲ့အခ်ိန္ေလးမွာ ဘဝကိုေပါ့ေပါ့ပါးပါးႏွင့္ ေပ်ာ္ေပ်ာ္ေလးျဖတ္သန္ၾကတာဟာ အေတာ္ေလးကိုခ်စ္ဖို႔ေကာင္းတဲ့ ျမင္ကြင္းတစ္ခုလို႔ေျပာရမွာပါပဲေလ ။ ဒါေၾကာင့္မို႔ အလုပ္ေတြေၾကာင့္ စိတ္ဖိစီးမႈေတြမ်ားေနၾကမဲ့အစား အလုပ္အခ်ိန္အတြင္း ရတဲ့အခ်ိန္ေလးကို ေပ်ာ္စရာေကာင္းတဲ့လုပ္ရပ္ေတြျပဳလုပ္ၿပီး စိတ္ေျဖတတ္ၾကဖို႔ အၾကံျပဳေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီ Video လေးကတော့ Facebook အသုံးပြုသူတွေအကြား အတော်လေးကို ရေပန်းစားလျက်ရှိနေပါတယ် ။ Video ထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံက အပြေးပြိုင်ကွင်းတစ်ခုမှာ ယူနီဖောင်းတွေနဲ့ လေ့ကျင့်ရေးဆင်းနေကြတဲ့ ရဲသားတွေဟာ သူတို့အတွက် တက်ကြွဖွယ်ကောင်းလွန်းတဲ့ သီချင်းတွေကိုဖွင့်ထားပြီး စိတ်ဓာတ်တက်ကြွအောင်အစီအစဉ်လေးတစ်ခု ပြုလုပ်နေပုံရပါတယ် ။ ထိုအချိန်မှာ လေ့ကျင့်ရေးဆင်းနေကြတဲ့ ရဲသားတွေဟာ သံစဉ်စည်းချက်အတိုင်း သူတို့ရဲ့တင်ပါးလေးတွေနဲ့ ပုခုံးလေးတွေကို လှုပ်ရမ်းပြီး ကနေခဲ့ကြပါတယ် ။ ထို့ကြောင့် အဆိုပါမြင်ကွင်းကို လှန်းမြင်နေခဲ့တဲ့ အုပ်စုတစ်ခုကလည်း လိုက်ပြီးပါဝင်ပျော်ပါးချင်ခဲ့ပုံရပါတယ် ။

အဲတာကတော့ Video ထဲမှာမြင်တွေ့ရတဲ့အတိုင်း အပြေးပြိုင်ကွင်းရဲ့မျက်နှာချင်းဆိုင်ဖက်မှာ ရှိနေခဲ့တဲ့ဆောက်လုပ်နေဆဲ အဆောက်အဦးတစ်ခုမှ ဆောက်လုပ်ရေးလုပ်သားများဟာ အဆောက်အဦးရဲ့အပြင်ဖက်မှာ အလုပ်လုပ်နေကြတာဖြစ်ပြီး ၊ ဆူညံသံတွေကြောင့် စိတ်ဆိုးဒေါသထွက်ရမဲ့အစား တစ်ချို့တွေက အလုပ်ဆက်လုပ်နေကြပြီး ၊ တစ်ချို့တွေမှာတော့ သံစဉ်အတိုင်းအားရပါးရကိုလိုက်ပြီးကနေကြကာ Performance အပြည့်ဖြင့် သူတို့ကိုသူတို့ဖျော်ဖြေတင်ဆက်နေကြတာကို တွေ့ရှိရမှာပါ ။

ကြည့်ရှုမိလိုက်တဲ့ လူတိုင်းကို သူတို့ရဲ့ကကွက်တွေကနေ အပျော်တွေကိုစီးကူးသွားစေခဲ့တဲ့အတွက် အလုပ်တွေပင်ပန်းနေပေမဲ့ ရတဲ့အချိန်လေးမှာ ဘဝကိုပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်လေးဖြတ်သန်ကြတာဟာ အတော်လေးကိုချစ်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုလို့ပြောရမှာပါပဲလေ ။ ဒါကြောင့်မို့ အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေများနေကြမဲ့အစား အလုပ်အချိန်အတွင်း ရတဲ့အချိန်လေးကို ပျော်စရာကောင်းတဲ့လုပ်ရပ်တွေပြုလုပ်ပြီး စိတ်ဖြေတတ်ကြဖို့ အကြံပြုပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပင္ပန္းဆင္းရဲတယ္ဆိုေပမဲ့ ေလ့က်င့္ေရးဆင္းေနတဲ့ရဲေတြေနာက္ လိုက္ကေနၾကတဲ့ေဆာက္လုပ္ေရးလုပ္သားေတြ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*