ေခ်ာက္ႀကီးမ်ားရဲ႕အထက္ ေပ ၄၀၀ ေက်ာ္အျမင့္ရွိတဲ့ႀကိဳးပုခက္ကို တည္ေဆာက္ၿပီး စြန႔္စားခန္းဖြင့္ခဲ့ၾကသူမ်ား

Utah ႏိုင္ငံ Moab ၿမိဳ႕ရွိ လူတစ္စုဟာ စြန႔္စားခန္းတစ္ခုဖြင့္ဖို႔ ႀကံစည္ခဲ့ၾကပါတယ္။သူတို႔ဟာ ျမင့္မားတဲ့ျမင္ကြင္းရႈခင္း ၊သဲကႏၲာရရႈခင္း ၊အံ့ၾသဖြယ္လမ္းေၾကာင္းမ်ားႏွင့္ၿပီးျပည့္စုံေသာရာသီဥတုတို႔အတြက္ အဲ့ဒီစြန႔္စားခန္းကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။သူတို႔အုပ္စုထဲမွ လူဦးေရထပ္ဝက္ေလာက္က ကြၽမ္းဘာကြၽမ္းက်င္သူႏွင့္ ႀကိဳးတန္းေပၚလမ္းေလွ်ာက္သူတို႔ ပါဝင္ပါတယ္။သူတို႔အားလုံးဟာ ႏွစ္စဥ္ႏွစ္တိုင္း တူရကီ BASE Boogie ႏွင့္ G.G.B.Y. အတြက္ ကမာၻတစ္ဝွမ္းမွလာၾကတဲ့အဖြဲ႕ေတြလည္း ပါဝင္ပါေသးတယ္။ယခုႏွစ္မွာေတာ့ သူတို႔ဟာ အသစ္အဆန္းအျဖစ္ “Mothership Space Net Penthouse” လို႔ သူတို႔ေခၚတဲ့ ျမင့္မားတဲ့အနီေရာင္ေခ်ာက္ႀကီးမ်ားရဲ႕အထက္ ေပ ၄၀၀ ေက်ာ္အျမင့္ရွိတဲ့ မယုံႏိုင္စရာေကာင္းတဲ့ႀကိဳးပုခက္ကို လူအေယာက္ ၅၀ ေက်ာ္နဲ႔ ၄ရက္အၾကာ ေဆာက္လုပ္ခဲ့ၾကပါတယ္။ႀကိဳးပုခက္ရဲ႕အလယ္တည္တည္မွာ အေပါက္လုပ္ထားၿပီး ေျမေအာက္ကို ေလထီးေလးနဲ႔ အေပ်ာ္စီးခ်င္သူေတြအတြက္ပါ ေဆာက္လုပ္ထားပါေသးတယ္။အဆိုပါ စြန႔္စားခန္းဟာ သူတို႔အတြက္ ကမာၻႏွစ္ခုလို ျဖစ္ေနခဲ့ၿပီး ႀကိဳးတန္းလမ္းေလွ်ာက္သူေတြအတြက္ တစ္ဖက္တစ္ခ်က္မွာရွိတဲ့ေခ်ာက္ကမ္းပါးေပၚတစ္ေလွ်ာက္ ၂၅၀ ေပရွည္လ်ားတဲ့ႀကိဳးတန္းကို အသက္စြန႔္ဆံဖ်ား ႀကိဳးစားေလွ်ာက္ၾကည့္လို႔လည္း ရပါေသးတယ္။

1

2

3

4

5

6

Mia (Mckzone Daily)

Source : buzznicked

Unicode

Utah နိုင်ငံ Moab မြို့ရှိ လူတစ်စုဟာ စွန့်စားခန်းတစ်ခုဖွင့်ဖို့ ကြံစည်ခဲ့ကြပါတယ်။သူတို့ဟာ မြင့်မားတဲ့မြင်ကွင်းရှုခင်း ၊သဲကန္တာရရှုခင်း ၊အံ့သြဖွယ်လမ်းကြောင်းများနှင့်ပြီးပြည့်စုံသောရာသီဥတုတို့အတွက် အဲ့ဒီစွန့်စားခန်းကို ရွေးချယ်ခဲ့ကြပါတယ်။သူတို့အုပ်စုထဲမှ လူဦးရေထပ်ဝက်လောက်က ကျွမ်းဘာကျွမ်းကျင်သူနှင့် ကြိုးတန်းပေါ်လမ်းလျှောက်သူတို့ ပါဝင်ပါတယ်။သူတို့အားလုံးဟာ နှစ်စဉ်နှစ်တိုင်း တူရကီ BASE Boogie နှင့် G.G.B.Y. အတွက် ကမ္ဘာတစ်ဝှမ်းမှလာကြတဲ့အဖွဲ့တွေလည်း ပါဝင်ပါသေးတယ်။ယခုနှစ်မှာတော့ သူတို့ဟာ အသစ်အဆန်းအဖြစ် “Mothership Space Net Penthouse” လို့ သူတို့ခေါ်တဲ့ မြင့်မားတဲ့အနီရောင်ချောက်ကြီးများရဲ့အထက် ပေ ၄၀၀ ကျော်အမြင့်ရှိတဲ့ မယုံနိုင်စရာကောင်းတဲ့ကြိုးပုခက်ကို လူအယောက် ၅၀ ကျော်နဲ့ ၄ရက်အကြာ ဆောက်လုပ်ခဲ့ကြပါတယ်။ကြိုးပုခက်ရဲ့အလယ်တည်တည်မှာ အပေါက်လုပ်ထားပြီး မြေအောက်ကို လေထီးလေးနဲ့ အပျော်စီးချင်သူတွေအတွက်ပါ ဆောက်လုပ်ထားပါသေးတယ်။အဆိုပါ စွန့်စားခန်းဟာ သူတို့အတွက် ကမ္ဘာနှစ်ခုလို ဖြစ်နေခဲ့ပြီး ကြိုးတန်းလမ်းလျှောက်သူတွေအတွက် တစ်ဖက်တစ်ချက်မှာရှိတဲ့ချောက်ကမ်းပါးပေါ်တစ်လျှောက် ၂၅၀ ပေရှည်လျားတဲ့ကြိုးတန်းကို အသက်စွန့်ဆံဖျား ကြိုးစားလျှောက်ကြည့်လို့လည်း ရပါသေးတယ်။ဒီတော့ စာဖတ်သူတို့လည်း စိတ်ဝင်စားစရာကောင်းလှတဲ့ စွန့်စားသူတို့ရဲ့ကြိုးပုခက်လက်ရာနဲ့ သူတို့ရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို မြင်တွေ့နိုင်ဖို့ ဗီဒီယိုလေးပါဖော်ပြပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေခ်ာက္ႀကီးမ်ားရဲ႕အထက္ ေပ ၄၀၀ ေက်ာ္အျမင့္ရွိတဲ့ႀကိဳးပုခက္ကို တည္ေဆာက္ၿပီး စြန႔္စားခန္းဖြင့္ခဲ့ၾကသူမ်ား"

Leave a comment

Your email address will not be published.


*