1ႏွစ္အရြယ္သားအရင္းကို ေသနတ္နဲ႔ပစ္သတ္ၿပီး ၊ သားအႀကီးသတ္တာပါဆိုၿပီး ျငင္းဆိုခဲ့ၾကတဲ့ စံုတြဲ

ဂ်ပန္ႏိုင္ငံ ၊ Fukuoka ၿမိဳ႕မွာေနထိုင္တဲ့ လင္မယားဟာ မၾကာေသးခင္ကမွသူတို႔ရဲ႕ 1ႏွစ္အရြယ္သားငယ္ေလးကို ေသနတ္နဲ႔ပစ္သတ္ခဲ့သည္အျပင္ ၊ ေသြးထြက္ဒဏ္ရာမ်ားစြာရ႐ွိခဲ့သည့္တိုင္ေအာင္ အႏိုင္က်င့္ႏွိပ္စက္ခဲ့ၾကတဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ အဆိုပါ အသက္ 24ႏွစ္အရြယ္လင္မယားဟာ ၎တို႔ရဲ႕သားျဖစ္သူကိုသတ္ခဲ့ၾကတဲ့ ျပစ္မႈမ်ားကို႐ွာေဖြေတြ႔႐ွိခဲ့ခ်ိန္မွာေတာ့ ၊ ၎တို႔စံုတြဲက်ဴ းလြန္တာမဟုတ္ပဲ ၎တို႔၏ အသက္ 3ႏွစ္အရြယ္ အႀကီးဆံုးသားက ျပစ္မႈက်ဴ းလြန္ခဲ့တာျဖစ္ေၾကာင္း ျငင္းဆန္ထြက္ဆိုခဲ့ၾကပါတယ္ ။ ကေလးငယ္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကတည္းက မ်က္ႏွာတြင္ဒဏ္ရာမ်ားစြာရ႐ွိခဲ့သည့္အျပင္ အဆုတ္ေရာင္ေရာဂါခံစားေနရတာ ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

အဆိုပါျပစ္မႈျဖစ္ပြားၿပီးေနာက္ ကေလးငယ္၏မိခင္က ကေလးငယ္ရဲ႕ႏွလံုး ႏွင့္ အဆုတ္တို႔ဟာ အလုပ္မလုပ္ေတာ့၍ေဆးရံုသို႔အလ်င္အျမန္ျပသၿပီး ခြဲစိတ္ကုသမႈခံယူခဲ့ေပမဲ့လည္း ကေလးငယ္ကိုမကယ္တင္ႏိုင္ခဲ့ပါဘူး ။ ကေလးငယ္ေသဆံုးမႈဟာ အဆုတ္ေရာင္ေရာဂါလို႔ ယူဆရေပမဲ့လည္း ကေလးငယ္ရဲ႕ခႏၶာကိုယ္ေပၚမွာ ေသနတ္ဒဏ္ရာမ်ားစြာေတြ႔႐ွိခဲ့တဲ့အျပင္ ေသြးမ်ားစြာထြက္ေနခဲ့တဲ့ ပြန္းပဲ့ဒဏ္ရာမ်ားကို ဆရာဝန္မ်ာႏွင့္ေဆးအကူမ်ားက ေတြ႔႐ွိခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ရဲ႕မိဘႏွစ္ပါးကို စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူက ” ကြၽန္ေတာ္တို႔ရဲ႕ 3ႏွစ္အရြယ္သားႀကီးက ေလေသနတ္ကိုကိုင္ေဆာ့ခဲ့လို္႔ပါ ” ဆိုၿပီးေတာ့သာ ေျဖၾကားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ရဲအရာ႐ွိမ်ားေနအိမ္အတြင္းသို႔ သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ႐ိုင္ဖယ္အမ်ိဳးအစား ေလေသနတ္ကိုသာေတြ႔႐ွိခဲ့တဲ့အတြက္ 3ႏွစ္သားအရြယ္ကေလးက အဆိုပါေသနတ္ကိုေဆာ့ကစားႏိုင္ဖို႔ လံုးဝမျဖစ္ႏိုင္၍ ၎တို႔ကို ျပစ္မႈထင္႐ွားလြန္းေသာေၾကာင့္ ဖမ္ဆီးထိန္းသိမ္းခဲ့ၾကပါတယ္ ။ အဆိုပါစံုတြဲဟာ ၎တို႔ရဲ႕ကေလးေတြကို ႏွိပ္စက္တာက ဒါပထမဆံုးအႀကိမ္မဟုတ္ပါဘူး ။ ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း သားႀကီးမွာ မ်က္ႏွာ ႏွင့္ ခႏၶာကိုယ္တို႔တြင္ ဖူးေယာင္ေနေသာဒဏ္ရာမ်ားရ႐ွိခဲ့၍ စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးဟာေဆာ့ကစားရင္ နံရံႏွင့္တိုက္မိခဲ့တာျဖစ္ေၾကာင္းေျဖဆိုခဲ့ပါတယ္ ။ အဆိုပါ အခ်ိန္က ခိုင္မာေသာသက္ေသမ်ားမ႐ွိခဲ့၍ ကေလးငယ္ေတြရဲ႕မိဘကို အေရးမယူႏိုင္ခဲ့ၾကပါဘူး ။ ယခုတစ္ေခါက္တြင္လည္း3ႏွစ္အရြယ္ သားအႀကီး၏ လံုျခံဳေရးအတြက္ အစိုးရကထိန္းသိမ္းေစာင့္ေ႐ွာက္ေပးလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်နိုင်ငံ ၊ Fukuoka မြို့မှာနေထိုင်တဲ့ လင်မယားဟာ မကြာသေးခင်ကမှသူတို့ရဲ့ 1နှစ်အရွယ်သားငယ်လေးကို သေနတ်နဲ့ပစ်သတ်ခဲ့သည်အပြင် ၊ သွေးထွက်ဒဏ်ရာများစွာရရှိခဲ့သည့်တိုင်အောင် အနိုင်ကျင့်နှိပ်စက်ခဲ့ကြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ အဆိုပါ အသက် 24နှစ်အရွယ်လင်မယားဟာ ၎င်းတို့ရဲ့သားဖြစ်သူကိုသတ်ခဲ့ကြတဲ့ ပြစ်မှုများကိုရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ ၊ ၎င်းတို့စုံတွဲကျူ းလွန်တာမဟုတ်ပဲ ၎င်းတို့၏ အသက် 3နှစ်အရွယ် အကြီးဆုံးသားက ပြစ်မှုကျူ းလွန်ခဲ့တာဖြစ်ကြောင်း ငြင်းဆန်ထွက်ဆိုခဲ့ကြပါတယ် ။ ကလေးငယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက မျက်နှာတွင်ဒဏ်ရာများစွာရရှိခဲ့သည့်အပြင် အဆုတ်ရောင်ရောဂါခံစားနေရတာ ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါပြစ်မှုဖြစ်ပွားပြီးနောက် ကလေးငယ်၏မိခင်က ကလေးငယ်ရဲ့နှလုံး နှင့် အဆုတ်တို့ဟာ အလုပ်မလုပ်တော့၍ဆေးရုံသို့အလျင်အမြန်ပြသပြီး ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့လည်း ကလေးငယ်ကိုမကယ်တင်နိုင်ခဲ့ပါဘူး ။ ကလေးငယ်သေဆုံးမှုဟာ အဆုတ်ရောင်ရောဂါလို့ ယူဆရပေမဲ့လည်း ကလေးငယ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာများစွာတွေ့ရှိခဲ့တဲ့အပြင် သွေးများစွာထွက်နေခဲ့တဲ့ ပွန်းပဲ့ဒဏ်ရာများကို ဆရာဝန်မျာနှင့်ဆေးအကူများက တွေ့ရှိခဲ့ကြပါတယ် ။ ထို့ကြောင့် ကလေးငယ်ရဲ့မိဘနှစ်ပါးကို စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူက ” ကျွန်တော်တို့ရဲ့ 3နှစ်အရွယ်သားကြီးက လေသေနတ်ကိုကိုင်ဆော့ခဲ့လို့်ပါ ” ဆိုပြီးတော့သာ ဖြေကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ရဲအရာရှိများနေအိမ်အတွင်းသို့ သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ရိုင်ဖယ်အမျိုးအစား လေသေနတ်ကိုသာတွေ့ရှိခဲ့တဲ့အတွက် 3နှစ်သားအရွယ်ကလေးက အဆိုပါသေနတ်ကိုဆော့ကစားနိုင်ဖို့ လုံးဝမဖြစ်နိုင်၍ ၎င်းတို့ကို ပြစ်မှုထင်ရှားလွန်းသောကြောင့် ဖမ်ဆီးထိန်းသိမ်းခဲ့ကြပါတယ် ။ အဆိုပါစုံတွဲဟာ ၎င်းတို့ရဲ့ကလေးတွေကို နှိပ်စက်တာက ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း သားကြီးမှာ မျက်နှာ နှင့် ခန္ဓာကိုယ်တို့တွင် ဖူးယောင်နေသောဒဏ်ရာများရရှိခဲ့၍ စစ်ဆေးခဲ့ချိန်မှာတော့ ကလေးဟာဆော့ကစားရင် နံရံနှင့်တိုက်မိခဲ့တာဖြစ်ကြောင်းဖြေဆိုခဲ့ပါတယ် ။ အဆိုပါ အချိန်က ခိုင်မာသောသက်သေများမရှိခဲ့၍ ကလေးငယ်တွေရဲ့မိဘကို အရေးမယူနိုင်ခဲ့ကြပါဘူး ။ ယခုတစ်ခေါက်တွင်လည်း3နှစ်အရွယ် သားအကြီး၏ လုံခြုံရေးအတွက် အစိုးရကထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "1ႏွစ္အရြယ္သားအရင္းကို ေသနတ္နဲ႔ပစ္သတ္ၿပီး ၊ သားအႀကီးသတ္တာပါဆိုၿပီး ျငင္းဆိုခဲ့ၾကတဲ့ စံုတြဲ"

Leave a comment

Your email address will not be published.


*