ပုံမွန္အျခားေခြးေတြနဲ႔မတူဘဲ အစိမ္းေရာင္အေမြးျဖင့္ ေမြးဖြားလာခဲ့တဲ့ ေခြးေပါက္စေလး

အီတလီႏိုင္ငံရွိ Cristian Mallocci အမည္ရွိသိုးေမြးျမဴတဲ့လယ္ပိုင္ရွင္ဟာ ကမာၻ႔သတင္းမွာ သူပါ၀င္ရလိမ့္မယ္လို႔ လုံးဝမေတြးခဲ့ဖူးဘူးလို႔ ဆိုပါတယ္။Mediterranean ပင္လယ္ Sardinia ကြၽန္းေပၚမွာတည္ရွိတဲ့ Mallocci ရဲ႕ၿခံထဲမွာ သူေကြၽးေမြးျပဳစုထားတဲ့ေခြး ၈ ေကာင္ထဲအနက္မွ Spelacchia လို႔ေခၚတဲ့ေခြးတစ္ေကာင္က ေခြးေပါက္စေလး ၅ ေကာင္ကိုေမြးဖြားခဲ့ပါတယ္။ေခြးေပါက္စေလး ၄ ေကာင္စလုံးက သူတို႔အေမကဲ့သို႔ အေမြးျဖဴၾကေပမဲ့ Pistachio လို႔ေခၚတဲ့ထူးျခားတဲ့ ေခြးေပါက္စေလးတစ္ေကာင္ကေတာ့ အစိမ္းေရာင္အေမြးျဖင့္ ေမြးဖြားလာခဲ့ပါတယ္။အစိမ္းေရာင္အေမြးျဖင့္ေမြးဖြားလာတဲ့ ေခြးေလးတစ္ေကာင္က တမူထူးၿပီးရွားပါးေပမဲ့လည္း အလြယ္တကူရွင္းျပႏိုင္ပါတယ္။

ေခြးေပါက္စေလးေတြက မိခင္ရဲ႕ဝမ္းဗိုက္ထဲမွာရွိစဥ္အတြင္း Biliverdin လို႔ေခၚတဲ့အစိမ္းေရာင္ျခယ္ပစၥည္းႏွင့္ထိေတြ႕မိျခင္းေၾကာင့္လို႔ ကြၽမ္းက်င္သူေတြက ယူဆထားပါတယ္။ဒါေပမဲ့ Pistachio ရဲ႕အစိမ္းေရာင္အေမြးေတြက ထာဝရအစဥ္အၿမဲ တည္ရွိေနမွာမဟုတ္သလို ၎အစိမ္းေရာင္အေမြးေတြက တစ္ေန႔ၿပီးတစ္ေန႔ ေပ်ာက္ကြယ္လာေနပါတယ္။ Spelacchia ကိုယ္ဝန္ေဆာင္စဥ္ biliverdin လို႔ေခၚတဲ့သည္းေျခမွာပါ၀င္တဲ့ျဒပ္က အခ်င္းရွိ Amniotic အရည္ထဲသို႔ေရာေႏွာသြားတာျဖစ္ေၾကာင္း Mallocci က ရွင္းျပခဲ့ပါတယ္။

အျခားေခြးေပါက္ေလးေတြက သူတို႔ရဲ႕အၿမဲထာဝရေနအိမ္ကို ရွာေတြ႕သြားေပမဲ့ Mallocci က Pistachio ကိုေတာ့ သူ႔ရဲ႕လယ္ယာေျမမွာဘဲ ေစာင့္ေရွာက္ထားမွာျဖစ္ၿပီး သူ႔ရဲ႕မိခင္နဲ႔အတူ ၿခံထဲက သိုးေတြကိုေစာင့္ေရွာက္တတ္ဖို႔ ေလ့က်င့္ေပးသြားမယ္လို႔ ေျပာခဲ့ပါတယ္။ပုံမွန္မဟုတ္တဲ့ ေခြးေလးက ေမွ်ာ္လင့္မထားတဲ့လက္ေဆာင္ျဖစ္ေၾကာင္းႏွင့္ သူ႔ရဲ႕အစိမ္းေရာင္အမွတ္လကၡဏာက လူအမ်ားရဲ႕ မ်က္ႏွာေတြကိုအၿပဳံးပန္းေဝသြားေစတဲ့ရည္႐ြယ္ခ်က္ျဖင့္ သူဟာ ကမာၻေျမႀကီးေပၚသို႔ ေရာက္ရွိလာခဲ့တယ္လို႔ Mallocci က ဆိုခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : brightside

Unicode

အီတလီနိုင်ငံရှိ Cristian Mallocci အမည်ရှိသိုးမွေးမြူတဲ့လယ်ပိုင်ရှင်ဟာ ကမ္ဘာ့သတင်းမှာ သူပါ၀င်ရလိမ့်မယ်လို့ လုံးဝမတွေးခဲ့ဖူးဘူးလို့ ဆိုပါတယ်။Mediterranean ပင်လယ် Sardinia ကျွန်းပေါ်မှာတည်ရှိတဲ့ Mallocci ရဲ့ခြံထဲမှာ သူကျွေးမွေးပြုစုထားတဲ့ခွေး ၈ ကောင်ထဲအနက်မှ Spelacchia လို့ခေါ်တဲ့ခွေးတစ်ကောင်က ခွေးပေါက်စလေး ၅ ကောင်ကိုမွေးဖွားခဲ့ပါတယ်။ခွေးပေါက်စလေး ၄ ကောင်စလုံးက သူတို့အမေကဲ့သို့ အမွေးဖြူကြပေမဲ့ Pistachio လို့ခေါ်တဲ့ထူးခြားတဲ့ ခွေးပေါက်စလေးတစ်ကောင်ကတော့ အစိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့ပါတယ်။အစိမ်းရောင်အမွေးဖြင့်မွေးဖွားလာတဲ့ ခွေးလေးတစ်ကောင်က တမူထူးပြီးရှားပါးပေမဲ့လည်း အလွယ်တကူရှင်းပြနိုင်ပါတယ်။

ခွေးပေါက်စလေးတွေက မိခင်ရဲ့ဝမ်းဗိုက်ထဲမှာရှိစဉ်အတွင်း Biliverdin လို့ခေါ်တဲ့အစိမ်းရောင်ခြယ်ပစ္စည်းနှင့်ထိတွေ့မိခြင်းကြောင့်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။ဒါပေမဲ့ Pistachio ရဲ့အစိမ်းရောင်အမွေးတွေက ထာဝရအစဉ်အမြဲ တည်ရှိနေမှာမဟုတ်သလို ၎င်းအစိမ်းရောင်အမွေးတွေက တစ်နေ့ပြီးတစ်နေ့ ပျောက်ကွယ်လာနေပါတယ်။ Spelacchia ကိုယ်ဝန်ဆောင်စဉ် biliverdin လို့ခေါ်တဲ့သည်းခြေမှာပါ၀င်တဲ့ဒြပ်က အချင်းရှိ Amniotic အရည်ထဲသို့ရောနှောသွားတာဖြစ်ကြောင်း Mallocci က ရှင်းပြခဲ့ပါတယ်။

အခြားခွေးပေါက်လေးတွေက သူတို့ရဲ့အမြဲထာဝရနေအိမ်ကို ရှာတွေ့သွားပေမဲ့ Mallocci က Pistachio ကိုတော့ သူ့ရဲ့လယ်ယာမြေမှာဘဲ စောင့်ရှောက်ထားမှာဖြစ်ပြီး သူ့ရဲ့မိခင်နဲ့အတူ ခြံထဲက သိုးတွေကိုစောင့်ရှောက်တတ်ဖို့ လေ့ကျင့်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ပုံမှန်မဟုတ်တဲ့ ခွေးလေးက မျှော်လင့်မထားတဲ့လက်ဆောင်ဖြစ်ကြောင်းနှင့် သူ့ရဲ့အစိမ်းရောင်အမှတ်လက္ခဏာက လူအများရဲ့ မျက်နှာတွေကိုအပြုံးပန်းဝေသွားစေတဲ့ရည်ရွယ်ချက်ဖြင့် သူဟာ ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာခဲ့တယ်လို့ Mallocci က ဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ပုံမွန္အျခားေခြးေတြနဲ႔မတူဘဲ အစိမ္းေရာင္အေမြးျဖင့္ ေမြးဖြားလာခဲ့တဲ့ ေခြးေပါက္စေလး"

Leave a comment

Your email address will not be published.


*