သတၱဳရွာေဖြစက္ျဖင့္ ႏွစ္ေပါင္း ၄၀၀၀ သက္တမ္းရွိ ေ႐ႊလည္ဆြဲတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တဲ့ အမ်ိဳးသားတစ္ဦး

United Kingdom ရွိ Whitehaven ၿမိဳ႕မွာေနထိုင္တဲ့ အသက္ ၅၄ ႏွစ္အ႐ြယ္ Billy Vaughan အမည္ရွိအမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕အားလပ္ခ်ိန္ေတြမွာ သတၱဳရွာေဖြစက္ကိုအၿမဲအသုံးျပဳၿပီး ေျမျမႇဳပ္ထားတဲ့သတၱဳေတြကိုရွာေဖြရတာ ဝါသနာပါသူတစ္ဦး ျဖစ္ပါတယ္။Vaughan ဟာ သူ႔ရဲ႕ေမြးရပ္ေျမအနီးရွိ စိတ္ဝင္စားစရာေကာင္းတဲ့လွည့္ကြက္အခ်ိဳ႕ကိုရွာေဖြရန္လည္း ကူညီေပးပါတယ္။တစ္ေန႔မွာ ေဝးလံေခါင္သီတဲ့လယ္ကြင္းဆီသို႔ လည္ပတ္ခဲ့တဲ့ Vaughan ဟာ အမွန္တကယ္ထူးျခားတဲ့ လက္ဝတ္တန္ဆာတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။Vaughan ဟာ အစေတာ့ သူေတြ႕ခဲ့တဲ့၎အရာကို ေစ်းေပါတဲ့လက္ဝတ္ရတနာ (သို႔) ေတာင္တက္ကိရိယာေတြရဲ႕အပိုင္းအစတစ္ခုလို႔ ထင္ခဲ့ပါတယ္။

Vaughan ဟာ သူ႔သူငယ္ခ်င္းတစ္ေယာက္အား သူရဲ႕ေတြ႕ရွိခ်က္ကို ဓာတ္ပုံ႐ိုက္ပို႔ၿပီးေနာက္ သူဟာ အံ့ဩစရာေကာင္းတဲ့ သတင္းေကာင္းတစ္ခုရရွိခဲ့ၿပီးေနာက္ သူ႔ရွာေဖြေတြ႕ရွိမႈႏွင့္ပတ္သက္ၿပီး အလြန္အမင္းစိတ္လႈပ္ရွားသြားခဲ့ရပါတယ္။သူ႔ရဲ႕သူငယ္ခ်င္းက ၎ကို ရတနာဆိုင္သို႔ယူသြားၿပီး အတည္ျပဳၾကည့္ရန္ေျပာခဲ့ပါတယ္။Vaughan ရဲ႕ရွာေဖြေတြ႕ရွိတဲ့အရာက 22 carat gold 11oz ျဖစ္ေၾကာင္းကို ရတနာဆိုင္ကအတည္ျပဳခဲ့တဲ့အျပင္ လက္ရွိမွာ ထိုပစၥည္းရဲ႕တန္ဖိုးက ေဒၚလာ 14,000 ေလာက္အထိ ခန႔္မွန္းထားပါတယ္။

Vaughan ဟာ ေနာက္ဆုံးမွာ ထိုပစၥည္းကို တရားဝင္ဘ႑ာန္တန္ဖိုးသတ္မွတ္ေရးေကာ္မတီမွ သတ္မွတ္ထားတဲ့ေစ်းႏႈန္းျဖင့္ ျပတိုက္သို႔ေရာင္းခ်ေပးရန္ တရားဝင္တာဝန္ရွိေပမဲ့လည္း သူ႔ရဲ႕ရွာေဖြေတြ႕ရွိမႈအတြက္ ဂုဏ္ယူေၾကာင္းေျပာၾကားခဲ့ပါတယ္။ထိုလည္ဆြဲဟာ အမွန္တကယ္ ႏွစ္ေပါင္း ၄၀၀၀ သက္တမ္းရွိတဲ့ေ႐ႊတုံးႀကီးျဖစ္ၿပီး ေၾကးေခတ္မွာ အသုံးျပဳခဲ့ပါတယ္။၎ေခတ္တုန္းက လူေတြက ထိုလည္ဆြဲကို ခ်မ္းသာႂကြယ္ဝမႈႏွင့္ ခ်စ္ျမတ္ႏိုးမႈကိုျပသရန္ သူတို႔ရဲ႕ခ်စ္သူကို လက္ေဆာင္အျဖစ္ ေပးေလ့ရွိၾကပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

United Kingdom ရှိ Whitehaven မြို့မှာနေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် Billy Vaughan အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ သတ္တုရှာဖွေစက်ကိုအမြဲအသုံးပြုပြီး မြေမြှုပ်ထားတဲ့သတ္တုတွေကိုရှာဖွေရတာ ဝါသနာပါသူတစ်ဦး ဖြစ်ပါတယ်။Vaughan ဟာ သူ့ရဲ့မွေးရပ်မြေအနီးရှိ စိတ်ဝင်စားစရာကောင်းတဲ့လှည့်ကွက်အချို့ကိုရှာဖွေရန်လည်း ကူညီပေးပါတယ်။တစ်နေ့မှာ ဝေးလံခေါင်သီတဲ့လယ်ကွင်းဆီသို့ လည်ပတ်ခဲ့တဲ့ Vaughan ဟာ အမှန်တကယ်ထူးခြားတဲ့ လက်ဝတ်တန်ဆာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။Vaughan ဟာ အစတော့ သူတွေ့ခဲ့တဲ့၎င်းအရာကို စျေးပေါတဲ့လက်ဝတ်ရတနာ (သို့) တောင်တက်ကိရိယာတွေရဲ့အပိုင်းအစတစ်ခုလို့ ထင်ခဲ့ပါတယ်။

Vaughan ဟာ သူ့သူငယ်ချင်းတစ်ယောက်အား သူရဲ့တွေ့ရှိချက်ကို ဓာတ်ပုံရိုက်ပို့ပြီးနောက် သူဟာ အံ့ဩစရာကောင်းတဲ့ သတင်းကောင်းတစ်ခုရရှိခဲ့ပြီးနောက် သူ့ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်ပြီး အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။သူ့ရဲ့သူငယ်ချင်းက ၎င်းကို ရတနာဆိုင်သို့ယူသွားပြီး အတည်ပြုကြည့်ရန်ပြောခဲ့ပါတယ်။Vaughan ရဲ့ရှာဖွေတွေ့ရှိတဲ့အရာက 22 carat gold 11oz ဖြစ်ကြောင်းကို ရတနာဆိုင်ကအတည်ပြုခဲ့တဲ့အပြင် လက်ရှိမှာ ထိုပစ္စည်းရဲ့တန်ဖိုးက ဒေါ်လာ 14,000 လောက်အထိ ခန့်မှန်းထားပါတယ်။

Vaughan ဟာ နောက်ဆုံးမှာ ထိုပစ္စည်းကို တရားဝင်ဘဏ္ဍာန်တန်ဖိုးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတဲ့စျေးနှုန်းဖြင့် ပြတိုက်သို့ရောင်းချပေးရန် တရားဝင်တာဝန်ရှိပေမဲ့လည်း သူ့ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ထိုလည်ဆွဲဟာ အမှန်တကယ် နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိတဲ့ရွှေတုံးကြီးဖြစ်ပြီး ကြေးခေတ်မှာ အသုံးပြုခဲ့ပါတယ်။၎င်းခေတ်တုန်းက လူတွေက ထိုလည်ဆွဲကို ချမ်းသာကြွယ်ဝမှုနှင့် ချစ်မြတ်နိုးမှုကိုပြသရန် သူတို့ရဲ့ချစ်သူကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment