မ်ိဳး႐ိုးအဆင့္အတန္းမတူတဲ့သူနဲ႔လက္ထပ္ခဲ့လို႔ ေက်ာက္ခဲေတြနဲ႔ပစ္ေပါက္ၿပီးအသတ္ခံခဲ့ရတဲ့ စံုတြဲ

အခ်စ္ဆိုတာ မ်က္စိမ႐ွိဘူး ၊ ဆင္းရဲ႕ခ်မ္းသားမလိုဘူး စသျဖင့္အခ်စ္ဆိုတာ စည္း ၊ ေဘာင္ မ႐ွိဘူးလို႔ သတ္မွတ္ၾကေပမဲ့လည္း ကမာၻေပၚကအခ်ိဳ႕ေသာေနရာမွာေတာ့ အဆိုပါအခ်က္ေတြကို လံုးဝလက္မခံၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း အိႏၷိယႏိုင္ငံ ၊ New Delhi ၿမိဳ႕အနီးမွာေနထိုင္တဲ့ရြာတစ္ရြာက အမ်ိဳးသမီးတစ္ေယာက္ဟာ အိမ္ကေနထြက္ေျပးၿပီး သူမနဲ႔အဆင့္အတန္းခ်င္း ၊ ဟိႏၵဴအမ်ိဳးဇာတ္ခ်င္းမတူတဲ့ အမ်ိဳးသားနဲ႔လက္ထပ္ခဲ့လို႔ သူမရဲ႕မိသားစုဖက္က စိတ္ဆိုးေဒါသထြက္ၿပီး ေက်ာက္ခဲေတြနဲ႔ပစ္ေပါက္ကာ သတ္ပစ္ခဲ့ၾကပါတယ္ ။

အဆိုပါစံုတြဲဟာ ခိုးေျပးခဲ့က်ၿပီး လက္ထပ္ေပါင္းသင္းၿပီးေနာက္ 3ႏွစ္အၾကာ မိန္းကေလးဖက္ကေဆြးမ်ိဳးထံသို႔ အလည္လာဖို႔ ရြာသို႔ျပန္လာခဲ့ၾကပါတယ္ ။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က သူမတို႔လင္မယားႏွစ္ေယာက္ရြာသို႔ျပန္ေရာက္လာခ်ိန္ ရြာသားေတြထံမွသတင္းၾကားသိၿပီးေနာက္ သူမရဲ႕အစ္ကိုေတာ္စပ္သူက လူစုၿပီးေနာက္ သူမတို႔လင္းမယားကို ေက်ာက္ခဲေတြနဲ႔ပစ္ေပါက္ကာ သတ္ပစ္ခဲ့ၾကပါတယ္ ။ အဆိုပါလူသတ္မႈျဖစ္စဥ္တြင္ သူမရဲ႕ အစ္ကို ႏွင့္ ဦးေလးျဖစ္သူတို႔က အဓိကပါဝင္ေၾကာင္းသိ႐ွိခဲ့ရပါတယ္ ။

မ်ိဳး႐ိုးဂုဏ္ပ်က္ေစသူကို သတ္ပစ္ျခင္းမ်ိဳးကို အိႏၷိယႏိုင္ငံေက်းလက္ေတြမွာ က်င့္သံုးေနလ်က္႐ွိၿပီး မိသားစုဂုဏ္သိကၡာကိုထိန္းသိမ္းဖို႔သတ္ပစ္ျခင္းတို႔ၾကဳလုပ္ၾကေပမဲ့လည္း ကံေကာင္းစြာနဲ႔ 2011 ခုႏွစ္အိႏၷိယ ဥပေဒအရ မ်ိဳး႐ိုးဂုဏ္ပ်က္ေစသူကို ဝိုင္းၿပီးသတ္ဖ်က္ပစ္ျခင္း ” honour killings” မွာပါဝင္သူမ်ားဟာ ေသဒဏ္ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း ဥပေဒထြက္ဆိုထားပါတယ္ ။ ထို႔အျပင္ အဆိုပါစံုတြဲတြင္ ကေလးငယ္ႏွစ္ေယာက္က်န္႐ွိေနခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချစ်ဆိုတာ မျက်စိမရှိဘူး ၊ ဆင်းရဲ့ချမ်းသားမလိုဘူး စသဖြင့်အချစ်ဆိုတာ စည်း ၊ ဘောင် မရှိဘူးလို့ သတ်မှတ်ကြပေမဲ့လည်း ကမ္ဘာပေါ်ကအချို့သောနေရာမှာတော့ အဆိုပါအချက်တွေကို လုံးဝလက်မခံကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း အိန္နိယနိုင်ငံ ၊ New Delhi မြို့အနီးမှာနေထိုင်တဲ့ရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ အိမ်ကနေထွက်ပြေးပြီး သူမနဲ့အဆင့်အတန်းချင်း ၊ ဟိန္ဒူအမျိုးဇာတ်ချင်းမတူတဲ့ အမျိုးသားနဲ့လက်ထပ်ခဲ့လို့ သူမရဲ့မိသားစုဖက်က စိတ်ဆိုးဒေါသထွက်ပြီး ကျောက်ခဲတွေနဲ့ပစ်ပေါက်ကာ သတ်ပစ်ခဲ့ကြပါတယ် ။

အဆိုပါစုံတွဲဟာ ခိုးပြေးခဲ့ကျပြီး လက်ထပ်ပေါင်းသင်းပြီးနောက် 3နှစ်အကြာ မိန်းကလေးဖက်ကဆွေးမျိုးထံသို့ အလည်လာဖို့ ရွာသို့ပြန်လာခဲ့ကြပါတယ် ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူမတို့လင်မယားနှစ်ယောက်ရွာသို့ပြန်ရောက်လာချိန် ရွာသားတွေထံမှသတင်းကြားသိပြီးနောက် သူမရဲ့အစ်ကိုတော်စပ်သူက လူစုပြီးနောက် သူမတို့လင်းမယားကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ကာ သတ်ပစ်ခဲ့ကြပါတယ် ။ အဆိုပါလူသတ်မှုဖြစ်စဉ်တွင် သူမရဲ့ အစ်ကို နှင့် ဦးလေးဖြစ်သူတို့က အဓိကပါဝင်ကြောင်းသိရှိခဲ့ရပါတယ် ။

မျိုးရိုးဂုဏ်ပျက်စေသူကို သတ်ပစ်ခြင်းမျိုးကို အိန္နိယနိုင်ငံကျေးလက်တွေမှာ ကျင့်သုံးနေလျက်ရှိပြီး မိသားစုဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့သတ်ပစ်ခြင်းတို့ကြုလုပ်ကြပေမဲ့လည်း ကံကောင်းစွာနဲ့ 2011 ခုနှစ်အိန္နိယ ဥပဒေအရ မျိုးရိုးဂုဏ်ပျက်စေသူကို ဝိုင်းပြီးသတ်ဖျက်ပစ်ခြင်း ” honour killings” မှာပါဝင်သူများဟာ သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေထွက်ဆိုထားပါတယ် ။ ထို့အပြင် အဆိုပါစုံတွဲတွင် ကလေးငယ်နှစ်ယောက်ကျန်ရှိနေခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မ်ိဳး႐ိုးအဆင့္အတန္းမတူတဲ့သူနဲ႔လက္ထပ္ခဲ့လို႔ ေက်ာက္ခဲေတြနဲ႔ပစ္ေပါက္ၿပီးအသတ္ခံခဲ့ရတဲ့ စံုတြဲ"

Leave a comment

Your email address will not be published.


*