ထူးျခားတဲ့တီရွပ္အက်ႌကို ႏွစ္ႀကိမ္ဝတ္ခဲ့ၿပီးေနာက္ အဖမ္းခံလိုက္ရတဲ့ ပစၥည္းအလစ္သုတ္သမား

Texas ျပည္နယ္ Wichita Falls ၿမိဳ႕ရွိ Walmart စတိုးဆိုင္မွ ေဈးႀကီးတဲ့ပစၥည္းအခ်ိဳ႕ကို John Hunt အမည္ရွိအမ်ိဳးသားက သူ႔ရဲ႕ႀကံရာပါ Kevin Lapointe အမည္ရွိအမ်ိဳးသားနဲ႔အတူ အလစ္ယူသြားခဲ့ပါတယ္။ Walmart စတိုးဆိုင္ရွိ၀န္ထမ္းမ်ားက သူတို႔ႏွစ္ေယာက္လုံးကိုလိုက္လံဖမ္းဆီးခဲ့ေပမဲ့လည္း သူတို႔ဟာ ခိုးယူသြားတဲ့ေဈးႀကီးပစၥည္းမ်ားႏွင့္အတူ လြတ္ေျမာက္သြားခဲ့ၾကပါတယ္။ထိုခိုးယူမႈႏွင့္ပတ္သက္ၿပီး Walmart ရွိဝန္ထမ္းမ်ားက Wichita ရဲတပ္ဖြဲ႕ကို ထိုတရားခံႏွစ္ဦးစလုံးဟာ တူညီတဲ့ရွပ္အက်ႌတစ္ထည္တည္းကို၀တ္ဆင္ၿပီး သူတို႔ရွပ္အက်ႌေပၚမွာ ‘I pooped today ’ ဆိုတဲ့စကားလုံး ေရးသားထားတယ္လို႔ သူတို႔မွတ္မိသေလာက္ကို ေျပာျပခဲ့ပါတယ္။

ထူးျခားတဲ့ရွပ္အက်ႌဒီဇိုင္းကို ႏွစိႀကိမ္ဝတ္ဆင္ခဲ့လို႔ Wichita ရဲတပ္ဖြဲ႕က John Hunt ကို ေအာင္ျမင္စြာဖမ္းဆီးႏိုင္ခဲ့ပါတယ္။John Hunt ကို ေဒၚလာ ၆၀၀ တန္ အိမ္လုံၿခဳံေရးစနစ္မ်ားႏွင့္လွ်ပ္စစ္မီတာမ်ားခိုးယူမႈ ႏွင့္ Walmart စတိုးဆိုင္မွပစၥည္းခိုးယူမႈ ျပစ္မႈႏွစ္ခုႏွင့္ပတ္သက္ၿပီး တရားစြဲထားၿပီး သူ႔ျပစ္မႈေၾကာင့္ ေထာင္ဒဏ္ ၁ႏွစ္ ခ်မွတ္ခံလိုက္ရပါတယ္။ဒီအေတာအတြင္း ႀကံရာပါ Kevin Lapointe ကို ရဲမ်ားကဖမ္းဆီးႏိုင္ခဲ့ေပမဲ့လည္း Kevin Lapointe က သူ႔ရဲ႕ရာဇ၀တ္မႈမ်ားကို ၀န္ခံျခင္းမရွိေသးပါဘူး။အခုအခ်ိန္ေလာက္ဆိုရင္ သူတို႔ႏွစ္ဦးစလုံးက တူညီတဲ့ ရွပ္အၤက်ီဝတ္ထားခဲ့မိတာကို ေနာင္တရေနမယ္လို႔ ယုံၾကည္ေနမိပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Texas ပြည်နယ် Wichita Falls မြို့ရှိ Walmart စတိုးဆိုင်မှ ဈေးကြီးတဲ့ပစ္စည်းအချို့ကို John Hunt အမည်ရှိအမျိုးသားက သူ့ရဲ့ကြံရာပါ Kevin Lapointe အမည်ရှိအမျိုးသားနဲ့အတူ အလစ်ယူသွားခဲ့ပါတယ်။ Walmart စတိုးဆိုင်ရှိ၀န်ထမ်းများက သူတို့နှစ်ယောက်လုံးကိုလိုက်လံဖမ်းဆီးခဲ့ပေမဲ့လည်း သူတို့ဟာ ခိုးယူသွားတဲ့ဈေးကြီးပစ္စည်းများနှင့်အတူ လွတ်မြောက်သွားခဲ့ကြပါတယ်။ထိုခိုးယူမှုနှင့်ပတ်သက်ပြီး Walmart ရှိဝန်ထမ်းများက Wichita ရဲတပ်ဖွဲ့ကို ထိုတရားခံနှစ်ဦးစလုံးဟာ တူညီတဲ့ရှပ်အင်္ကျီတစ်ထည်တည်းကို၀တ်ဆင်ပြီး သူတို့ရှပ်အင်္ကျီပေါ်မှာ ‘I pooped today ’ ဆိုတဲ့စကားလုံး ရေးသားထားတယ်လို့ သူတို့မှတ်မိသလောက်ကို ပြောပြခဲ့ပါတယ်။

ထူးခြားတဲ့ရှပ်အင်္ကျီဒီဇိုင်းကို နှစိကြိမ်ဝတ်ဆင်ခဲ့လို့ Wichita ရဲတပ်ဖွဲ့က John Hunt ကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။John Hunt ကို ဒေါ်လာ ၆၀၀ တန် အိမ်လုံခြုံရေးစနစ်များနှင့်လျှပ်စစ်မီတာများခိုးယူမှု နှင့် Walmart စတိုးဆိုင်မှပစ္စည်းခိုးယူမှု ပြစ်မှုနှစ်ခုနှင့်ပတ်သက်ပြီး တရားစွဲထားပြီး သူ့ပြစ်မှုကြောင့် ထောင်ဒဏ် ၁နှစ် ချမှတ်ခံလိုက်ရပါတယ်။ဒီအတောအတွင်း ကြံရာပါ Kevin Lapointe ကို ရဲများကဖမ်းဆီးနိုင်ခဲ့ပေမဲ့လည်း Kevin Lapointe က သူ့ရဲ့ရာဇ၀တ်မှုများကို ၀န်ခံခြင်းမရှိသေးပါဘူး။အခုအချိန်လောက်ဆိုရင် သူတို့နှစ်ဦးစလုံးက တူညီတဲ့ ရှပ်င်္အကျီဝတ်ထားခဲ့မိတာကို နောင်တရနေမယ်လို့ ယုံကြည်နေမိပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ထူးျခားတဲ့တီရွပ္အက်ႌကို ႏွစ္ႀကိမ္ဝတ္ခဲ့ၿပီးေနာက္ အဖမ္းခံလိုက္ရတဲ့ ပစၥည္းအလစ္သုတ္သမား"

Leave a comment

Your email address will not be published.


*