အေမ့လြန္ၿပီး ေဆးေျခာက္ထုပ္ကို ႏွာေခါင္းထဲမွာ 18ႏွစ္ခန္႔ေမ့ျပီးထိုးထည့္ထားခဲ့တဲ့ အမ်ိဳးသား

တစ္ခါတစ္ေလမွာ သူမ်ားေတြမသိေအာင္ ပစၥည္းတစ္ခုခုကို ပုန္းကြယ္ဝွက္ထားရတာေတြလည္း႐ွိပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခါတစ္ေလ အေမ့လြန္ၿပီး ကိုယ္ကိုတိုင္ေတာင္ျပန္႐ွာမေတြ႔ႏိုင္ေတာ့ေလာက္တဲ့အထိ ျဖစ္ဖူးၾကမွာပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ၾသစေၾတးလ်ကအမ်ိဳးသားဟာလည္း ေတာ္ေတာ္ေလးကိုသတိေမ့ႏိုင္လြန္းတဲ့ သူလိုေျပာရမွာပါပဲ ။ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ အရင္ခ်ိန္တုန္းက အက်ဥ္းေထာင္က်ေနတုန္း ခ်စ္သူျဖစ္သူက လာေရာက္ေတြ႔ဆံုၿပီး သူ႔အတြက္ေဆးေျခာက္ထုပ္ေလးယူလာပါေပးခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ အဆိုပါအမ်ိဳးသားဟာ အသက္ 30အရြယ္႐ွိေနၿပီျဖစ္ၿပီး ရဲအရာ႐ွိမ်ားမသိေအာင္ ပုန္ကြယ္ဝွက္ၿပီးယူသြားဖို႔အတြက္ သူ၏ႏွာေခါင္းထဲသို႔ ထိုးထည့္ပစ္ခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ႏွာေခါင္းရဲ႕အတြင္းဆံုးေနရာအထိသို႔ ထိုးထည့္မိခဲ့ၿပီးေနာက္ သူကိုယ္တိုင္ကေန နာမႈတ္ထုတ္ရင္းႏွင့္ ပါသြားၿပီလို႔သာ ေတြးထင္ေနခဲ့ပါတယ္ ။ အမွန္တကယ္မွာေတာ့ အဆိုပါေဆးေျခာက္ထုတ္ႀကီးကို ႏွာေခါင္းရဲ႕အတြင္းဆံုးေနရာအထိ ထိုးထည့္မိခဲ့ၿပီး ႏွစ္ေပါင္း 18ႏွစ္ခန္႔ၾကာျမင့္လာခဲ့ခ်ိန္မွာေတာ့ အဆိုပါေနရာမွာ အမာရြတ္ႀကီးျဖစ္သြားတဲ့အထိပါပဲ ။ ထို႔ေၾကာင့္ ေနာက္ပိုင္း ေခါင္းေတြတအားကိုက္ၿပီး ၊ ႏွာေခါင္းမွာလည္း မၾကာခဏေသြးယိုထြက္ေနခဲ့လို႔ ေရာဂါတစ္ခုခု ခံစားေနရတယ္ထင္ၿပီး ၎အမ်ိဳးသားဟာ ေဆးရံုသို႔ သြားျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ဆရာဝန္ကစစ္ေဆးၿပီး CT scan ႐ိုက္လိုက္ခ်ိန္မွာေတာ့ ႏွာေခါင္းထဲမွာ ပံုမွန္မဟုတ္တဲ့ အရာတစ္ခုကိုေတြ႔႐ွိသြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွ အဆိုပါအမ်ိဳးသားဟာ လြန္ခဲ့တဲ့ 18ႏွစ္က သူႏွာေခါင္းထဲသို႔ ထိုးထည့္မိခဲ့တဲ့ ေဆးေျခာက္ထုပ္ကိုသတိရသြားခဲ့ပါတယ္ ။ ထိုအခ်ိန္က်မွ အခ်ိန္အေတာ္ၾကာ ႏွာေခါင္းပိတ္ေနတယ္လို႔ခံစားေစခဲ့တဲ့အရာကို သတိထားမိခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဆရာဝန္က စနစ္တက်အဆိုပါ ေဆးေျခာက္ထုပ္ႀကီးကို ျပန္ထုပ္ေပးႏိုင္ခဲ့ၿပီး ေနာက္ 3ရက္အၾကာမွာေတာ့ အဆိုပါအမ်ိဳးသားဟာ သူ၏ႏွာေခါင္းထဲမွနာက်င္မႈေတြဟာ လံုးဝသက္သာေပ်ာက္ကင္းသြားခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေမှာ သူများတွေမသိအောင် ပစ္စည်းတစ်ခုခုကို ပုန်းကွယ်ဝှက်ထားရတာတွေလည်းရှိပါတယ် ။ သို့ပေမဲ့လည်း တစ်ခါတစ်လေ အမေ့လွန်ပြီး ကိုယ်ကိုတိုင်တောင်ပြန်ရှာမတွေ့နိုင်တော့လောက်တဲ့အထိ ဖြစ်ဖူးကြမှာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ သြစတြေးလျကအမျိုးသားဟာလည်း တော်တော်လေးကိုသတိမေ့နိုင်လွန်းတဲ့ သူလိုပြောရမှာပါပဲ ။ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ အရင်ချိန်တုန်းက အကျဉ်းထောင်ကျနေတုန်း ချစ်သူဖြစ်သူက လာရောက်တွေ့ဆုံပြီး သူ့အတွက်ဆေးခြောက်ထုပ်လေးယူလာပါပေးခဲ့ပါတယ် ။ ထိုအချိန်မှာ အဆိုပါအမျိုးသားဟာ အသက် 30အရွယ်ရှိနေပြီဖြစ်ပြီး ရဲအရာရှိများမသိအောင် ပုန်ကွယ်ဝှက်ပြီးယူသွားဖို့အတွက် သူ၏နှာခေါင်းထဲသို့ ထိုးထည့်ပစ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း နှာခေါင်းရဲ့အတွင်းဆုံးနေရာအထိသို့ ထိုးထည့်မိခဲ့ပြီးနောက် သူကိုယ်တိုင်ကနေ နာမှုတ်ထုတ်ရင်းနှင့် ပါသွားပြီလို့သာ တွေးထင်နေခဲ့ပါတယ် ။ အမှန်တကယ်မှာတော့ အဆိုပါဆေးခြောက်ထုတ်ကြီးကို နှာခေါင်းရဲ့အတွင်းဆုံးနေရာအထိ ထိုးထည့်မိခဲ့ပြီး နှစ်ပေါင်း 18နှစ်ခန့်ကြာမြင့်လာခဲ့ချိန်မှာတော့ အဆိုပါနေရာမှာ အမာရွတ်ကြီးဖြစ်သွားတဲ့အထိပါပဲ ။ ထို့ကြောင့် နောက်ပိုင်း ခေါင်းတွေတအားကိုက်ပြီး ၊ နှာခေါင်းမှာလည်း မကြာခဏသွေးယိုထွက်နေခဲ့လို့ ရောဂါတစ်ခုခု ခံစားနေရတယ်ထင်ပြီး ၎င်းအမျိုးသားဟာ ဆေးရုံသို့ သွားပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဆရာဝန်ကစစ်ဆေးပြီး CT scan ရိုက်လိုက်ချိန်မှာတော့ နှာခေါင်းထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ် ။ ထိုအချိန်မှ အဆိုပါအမျိုးသားဟာ လွန်ခဲ့တဲ့ 18နှစ်က သူနှာခေါင်းထဲသို့ ထိုးထည့်မိခဲ့တဲ့ ဆေးခြောက်ထုပ်ကိုသတိရသွားခဲ့ပါတယ် ။ ထိုအချိန်ကျမှ အချိန်အတော်ကြာ နှာခေါင်းပိတ်နေတယ်လို့ခံစားစေခဲ့တဲ့အရာကို သတိထားမိခဲ့ပါတယ် ။ ထို့ကြောင့် ဆရာဝန်က စနစ်တကျအဆိုပါ ဆေးခြောက်ထုပ်ကြီးကို ပြန်ထုပ်ပေးနိုင်ခဲ့ပြီး နောက် 3ရက်အကြာမှာတော့ အဆိုပါအမျိုးသားဟာ သူ၏နှာခေါင်းထဲမှနာကျင်မှုတွေဟာ လုံးဝသက်သာပျောက်ကင်းသွားခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အေမ့လြန္ၿပီး ေဆးေျခာက္ထုပ္ကို ႏွာေခါင္းထဲမွာ 18ႏွစ္ခန္႔ေမ့ျပီးထိုးထည့္ထားခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*