လူတွေရဲ့ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကြောင့် ကိုယ့်ကို ခွေးတစ်ကောင်လိုတွေးထင်နေခဲ့တဲ့ မြေခွေးလေး
1
2
3
4
5
Mia (Mckzone Daily)
Source : buzznicked
Unicode
Emma D’Sylva အမည်ရှိတဲ့ အမျိုးသမီးက ရွှေနှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားတဲ့အမျိုးသမီးလို့ ကျွန်တော်အခိုင်အမာကို ယုံကြည်ပါတယ်ဗျာ။ သူမဟာ အရင်သခင်က ဂရုမစိုက်နိုင်တော့တဲ့ လေးလသား မြေခွေးငယ်လေးကို ကယ်တင်ခဲ့တာပါ။ မြေးခွေးလေးကို Todd လို့ နာမည်မဲ့ပေးခဲ့ပါတယ်။ အဲ့ဒီနာမည်ကို သူမဘယ်ကနေရလာတယ်ဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်ပါသလား? ၁၉၈၁ ခုနှစ်က Disney ရဲ့ The Fox and The Hound ရုပ်ရှင်ကနေ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။
သူမရဲ့အိမ်မှာ မြေခွေးဘဲမဟုတ်ဘူး အခြား အမွေးထူးတဲ့ ခွေးလေးတွေလည်း ကျွေးမွေးပြုစုစောင့်ရှောက်ထားသေးတာပါ။ သူမက တိရိစ္ဆာန်လေးတွေကို ချစ်တက်တဲ့သူတစ်ယောက်ဆိုတာ သိသိသာသာပေါ်လွင်နေပါတယ်။ Ms.D’Sylva ရဲ့အိမ်မှာဆိုရင် နံကောင်၊ ရက်ကွန်းဝံ၊ ပုတ်သင် နဲ့ မြွေတွေ စတဲ့တိရစ္ဆာန်တွေကိုလည်း မွေးမြူစောင့်ရှောက်ထားပါတယ်။
US မှာ မြေခွေးတွေကို စောင့်‌ရှောက်ဖို့ တရား‌ဝင်ခွင့်ပြုထားတဲ့ အကြောင်းကို ကြားတာနဲ့ အစတော့ ကျွန်တော်အံ့သြခဲ့ပါတယ်။ Kay Fedewa ရဲ့ သဘောတူညီချက်အရ US မှာ မြေခွေးတွေကို အိမ်တွင်းတိရိစ္ဆာန်မွေးမြူရေးအပိုင်းမှာလည်း အရေးပါကြောင်း ထောက်ခံထားပါတယ်။ ၁၉၅၉ ခုနှစ်က စပြီးတော့ US မှာ မြေးခွေတိရိစ္ဆာန်လေးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြလေ့ရှိပါတယ် ။
Mia (Mckzone Daily)
  • Leave a Comment