ကိုယ်ပျောက်အစွမ်းရှိတယ်ထင်ပြီး ကိုယ်တုံးလုံးဖြင့် အိမ်တွေထဲဝင်ခိုးခဲ့တဲ့ သူခိုး(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်တွေသာ ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိရင်ဘာလုပ်ကြမှာလဲ ။ ဒီအမျိုးသားကတော့ ကိုယ့်ကိုကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိတယ်ဆိုပြီး မကောင်းတဲ့နည်းလမ်းတွေမှာ အသုံးချခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ လူမရှိတဲ့နေအိမ်တွေ ၊ တိုက်ခန်းတွေမှာ ဝင်ရောက်ခိုယူနေမြဲဖြစ်တဲ့ ကျွမ်းကျင်သူခိုးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားရဲ့ လုပ်နည်းလုပ်ဟန်တွေကို ဖွင့်ချလိုက်ချိန်မှာတော့ အခြားသူတွေတွေးထင်ထားတာထက် ပိုပြီးထူးဆန်နေခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ သူ့ကိုယ်သူ အဝတ်အစားတွေချွတ်ထားလျှင် ဘယ်သူကမှသူ့ကိုမမြင်နိုင်ဘူးဆိုပြီး ယုံကြည့်ထားခဲ့လို့ ခိုးမှုတွေမကျူ းလွန်ခင်မှာ အမြဲအဝတ်ဗလာဖြင့်သာ ရှိနေခဲ့ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားရဲ့လှုပ်ရှားမှုပုံအသေးစိတ်ကို ဝင်ရောက်ခိုးယူခဲ့တဲ့နေအိမ်ရဲ့ CCTV ကနေအကုန်လှမ်းမြင်နေခဲ့ရပါတယ် ။ ရဲအရာရှိတွေရဲ့ ဖမ်းဆီးခြင်းမခံရခင်အချိန်မှာ အခြားနေအိမ်6လုံခန့်မှာလည်း ခိုးယူမှုကျူ းလွန်ခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Tablets အခုပေါင်း 30ခု ကိုလည်းခိုးယူနိုင်ခဲ့ကြောင်း သိရှိရပါတယ် ။

အဆိုပါသူခိုးကိုတော့ Tanjung Pirok area မှာ နေ့ခင်းဖက်မူးယစ်ဆေးသုံးစွဲနေတဲ့ ပုံစံမျိုးဖြင့်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် ။ အရင်ချိန်တွေက မူးယစ်ဆေးသုံးစွဲမှုဖြင့် အကျဉ်ထောင်ကျခံနေခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ လွတ်မြောက်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ယခုအကြိမ်ပြစ်မှုကျူ းလွန်ရာတွင် ၎င်းအမျိုးသားတစ်ယောက်တည်းမဟုတ်ဘဲ အခြားအဖော်တစ်ယောက်လည်းပါဝင်ကြောင်းသိရှိရပါတယ် ။ ၎င်းကြံရာပါတစ်ယောက်မှာတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၊ ရဲအရာရှိများက ရှာဖွေဖမ်းဆီးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ်ပျောက်အစွမ်းရှိတယ်ထင်ပြီး ကိုယ်တုံးလုံးဖြင့် အိမ်တွေထဲဝင်ခိုးခဲ့တဲ့ သူခိုး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*