မီးဖိုေခ်ာင္ထဲက ပိုးဟပ္ေတြကိုသတ္ရင္း အခန္႔မသင့္ ကား3စီးေလာက္ကို မီး႐ႈိ့ပ်က္စီးေစခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

လူအမ်ားစုဟာ ပိုးဟပ္ကိုျမင္ရင္ ေၾကာက္တယ္ ၊ ရြံတယ္ စသျဖင့္အမ်ိဳးမ်ိဳးေတာ့ျဖစ္ဖူးၾကမွာပါ ။ အထူးသျဖင့္ မီးဖိုေခ်ာင္မွာေတြ႔ရင္ေတာ့ ေတာ္ေတာ္ေလးကို ရြံမုန္းမိမွာပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Quanzhou ၿမိဳ႕မွာ႐ွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 26ရက္ေန႔က သူ႔ရဲ႕မီးဖိုေခ်ာင္ရဲ႕ တံခါးေပါက္အနားမွာ႐ွိေနတဲ့ ပိုးဟပ္ေတြကိုသတ္ပစ္ဖို႔ ပိုးသတ္ေဆးဘူနဲ႔ မီးျခစ္က မီးေတြနဲ႔ေရာၿပီးျဖန္းပစ္ခဲ့ရာ အခန္႔မသင့္ဘဲ မီးေတာက္ႀကီးဟာ ေဘးအနားကသံဗံုးထဲမွာ႐ွိတဲ့ အရက္ေတြထဲကူးစက္သြားၿပီးေနာက္ မီးေတာက္အႀကီးႀကီးအျဖစ္သို႔ေျပာင္းလဲသြားခဲ့ကာ မီးဖိုေခ်ာင္နဲ႔သိပ္မေဝးတဲ့ လမ္းေဘးမွာရပ္ထားတဲ့ ကားအထိ မီးကူးစက္သြားၿပီး မီးေလာင္ကြၽမ္းမႈႀကီးျဖစ္ခဲ့ပါတယ္ ။

ထို႔အျပင္ မီးေလာင္ကြၽမ္းထားေသာကားမွာ တစ္စီးထဲတင္မကပဲ စုစုေပါင္း 3စီးခန္႔ေလာင္ကြၽမ္းသြားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ ကံဆိုးလွတဲ့အဆိုပါအမ်ိဳးသားဟာ သူ၏မီးဖိုေခ်ာင္တစ္ခုလံုး မီးေလာင္ကြၽမ္းသြားခဲ့တဲ့အျပင္ ကား3စီးကိုလည္း တန္ဖိုးအတိုင္း ျပန္လည္ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအမ်ိဳးသား၏ေျပာၾကားခ်က္အရ ပိုးဟပ္ေတြေသသြားတာ ေသခ်ာေအာင္လို႔ ေနာက္တစ္ႀကိမ္ ပိုးသတ္ေဆးကိုမီးနဲ႔ေရာၿပီးျဖန္းပစ္ခဲ့မိတာျဖစ္ေၾကာင္းေျဖၾကားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ပိုးသက္ေဆး နဲ႔ မီးေတာက္နဲ႔ ေရာၿပီးအသံုးျပဳရင္ အႏၱရာယ္မ်ားၿပီး ေပါက္ကြဲမႈႀကီးျဖစ္ေစတတ္တဲ့ အေရးႀကီးတဲ့အခ်က္ကို လူတိုင္းလိုလိုသိၾကၿပီးသား ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအများစုဟာ ပိုးဟပ်ကိုမြင်ရင် ကြောက်တယ် ၊ ရွံတယ် စသဖြင့်အမျိုးမျိုးတော့ဖြစ်ဖူးကြမှာပါ ။ အထူးသဖြင့် မီးဖိုချောင်မှာတွေ့ရင်တော့ တော်တော်လေးကို ရွံမုန်းမိမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Quanzhou မြို့မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 26ရက်နေ့က သူ့ရဲ့မီးဖိုချောင်ရဲ့ တံခါးပေါက်အနားမှာရှိနေတဲ့ ပိုးဟပ်တွေကိုသတ်ပစ်ဖို့ ပိုးသတ်ဆေးဘူနဲ့ မီးခြစ်က မီးတွေနဲ့ရောပြီးဖြန်းပစ်ခဲ့ရာ အခန့်မသင့်ဘဲ မီးတောက်ကြီးဟာ ဘေးအနားကသံဗုံးထဲမှာရှိတဲ့ အရက်တွေထဲကူးစက်သွားပြီးနောက် မီးတောက်အကြီးကြီးအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ မီးဖိုချောင်နဲ့သိပ်မဝေးတဲ့ လမ်းဘေးမှာရပ်ထားတဲ့ ကားအထိ မီးကူးစက်သွားပြီး မီးလောင်ကျွမ်းမှုကြီးဖြစ်ခဲ့ပါတယ် ။

ထို့အပြင် မီးလောင်ကျွမ်းထားသောကားမှာ တစ်စီးထဲတင်မကပဲ စုစုပေါင်း 3စီးခန့်လောင်ကျွမ်းသွားခဲ့ကြောင်းသိရှိရပါတယ် ။ ထို့အပြင် ကံဆိုးလှတဲ့အဆိုပါအမျိုးသားဟာ သူ၏မီးဖိုချောင်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့တဲ့အပြင် ကား3စီးကိုလည်း တန်ဖိုးအတိုင်း ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသား၏ပြောကြားချက်အရ ပိုးဟပ်တွေသေသွားတာ သေချာအောင်လို့ နောက်တစ်ကြိမ် ပိုးသတ်ဆေးကိုမီးနဲ့ရောပြီးဖြန်းပစ်ခဲ့မိတာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ပိုးသက်ဆေး နဲ့ မီးတောက်နဲ့ ရောပြီးအသုံးပြုရင် အန္တရာယ်များပြီး ပေါက်ကွဲမှုကြီးဖြစ်စေတတ်တဲ့ အရေးကြီးတဲ့အချက်ကို လူတိုင်းလိုလိုသိကြပြီးသား ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မီးဖိုေခ်ာင္ထဲက ပိုးဟပ္ေတြကိုသတ္ရင္း အခန္႔မသင့္ ကား3စီးေလာက္ကို မီး႐ႈိ့ပ်က္စီးေစခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*