ဒဏ္ရာရထားတဲ့သခင္ကို စေနာက္သလိုနဲ႔ လိုက္တုပၿပီး သခင့္ကို စာနာသနားေနခဲ့တဲ့ ေခြးေလး(႐ုပ္သံ)

ကြၽန္ေတာ္တို႔ခ်စ္တဲ့အိမ္ေမြးတိရိစာၦန္ေလးေတြက မၾကာခဏဆိုသလို အခ်ိဳ႕ေသာလူမ်ားထက္ ပိုၿပီး သနားၾကင္နာတတ္ေၾကာင္းကို သက္ေသျပတတ္ၾကပါတယ္။လန္ဒန္ရွိ Russell Jones အမည္ရွိအမ်ိဳးသားဟာ Facebook ေပၚမွာ Bill လို႔ေခၚတဲ့ေခြးေလးရဲ႕ေႏြးေထြးၿပီးေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ဗီဒီယိုတစ္ခုကို မွ်ေဝေပးခဲ့ပါတယ္။ဗီဒီယိုထဲမွာ ေျခေထာက္တစ္ဖက္ကိုေက်ာက္ပတ္တီးစီးထားရတဲ့ Russell ဟာ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ လမ္းေဘးမွာ Bill ႏွင့္အတူ လမ္းေလွ်ာက္ေနၾကၿပီးေနာက္ Bill ဟာ သူ႔သခင္ရဲ႕အားနည္းခ်က္ကို copyလုပ္ႏိုင္ရန္အတြက္ သူ႔ရဲ႕ေျခေထာက္တစ္ဖက္ကို ျမႇင့္ၿပီး Russell ကဲ့သို႔ လမ္းေလွ်ာက္ေနတာကို ျမင္ေတြ႕ရမွာပါ။

“ကြၽန္ေတာ့္ရဲ႕ X-rays ႏွင့္ ေဆးစစ္ခက ေပါင္ ၄၀၀ ကုန္က်ၿပီး သနားစရာေကာင္းတာကလႊဲလို႔ ဘာျပႆနာမွ မရွိပါဘူး။ေခြးေလးက ဘာမွမမွားခဲ့ပါဘူး။ သူ႔ကို ခ်စ္ေပးၾကပါ ” လို႔ Russell က သူ႔ရဲ႕ post မွာ ေဖာ္ျပခဲ့ပါတယ္။Bill ဟာ သနားျခင္းဂ႐ုဏာစိတ္ထဲကေန သူ႔သခင္ကို စာနာၿပီး ဒဏ္ရာရေနတဲ့ သခင္ကဲ့သို႔ လိုက္တုပျခင္းအားျဖင့္ သခင္ျဖစ္သူရဲ႕အနာကို သက္သာသြားေစခ်င္ခဲ့ပုံရပါတယ္။ၾကည္ႏူးစရာေကာင္းတဲ့ Russell ရဲ႕၎ဗီဒီယိုဟာ ရက္အနည္းငယ္အတြင္းမွာပဲ 26k Shares ႏွင့္ Likes 11k ေက်ာ္ အထိ ရရွိသြားခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : boredpanda

Unicode

ကျွန်တော်တို့ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေက မကြာခဏဆိုသလို အချို့သောလူများထက် ပိုပြီး သနားကြင်နာတတ်ကြောင်းကို သက်သေပြတတ်ကြပါတယ်။လန်ဒန်ရှိ Russell Jones အမည်ရှိအမျိုးသားဟာ Facebook ပေါ်မှာ Bill လို့ခေါ်တဲ့ခွေးလေးရဲ့နွေးထွေးပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ ဗီဒီယိုတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ဗီဒီယိုထဲမှာ ခြေထောက်တစ်ဖက်ကိုကျောက်ပတ်တီးစီးထားရတဲ့ Russell ဟာ ထော့နဲ့ထော့နဲ့ဖြင့် လမ်းဘေးမှာ Bill နှင့်အတူ လမ်းလျှောက်နေကြပြီးနောက် Bill ဟာ သူ့သခင်ရဲ့အားနည်းချက်ကို copyလုပ်နိုင်ရန်အတွက် သူ့ရဲ့ခြေထောက်တစ်ဖက်ကို မြှင့်ပြီး Russell ကဲ့သို့ လမ်းလျှောက်နေတာကို မြင်တွေ့ရမှာပါ။

“ကျွန်တော့်ရဲ့ X-rays နှင့် ဆေးစစ်ခက ပေါင် ၄၀၀ ကုန်ကျပြီး သနားစရာကောင်းတာကလွှဲလို့ ဘာပြဿနာမှ မရှိပါဘူး။ခွေးလေးက ဘာမှမမှားခဲ့ပါဘူး။ သူ့ကို ချစ်ပေးကြပါ ” လို့ Russell က သူ့ရဲ့ post မှာ ဖော်ပြခဲ့ပါတယ်။Bill ဟာ သနားခြင်းဂရုဏာစိတ်ထဲကနေ သူ့သခင်ကို စာနာပြီး ဒဏ်ရာရနေတဲ့ သခင်ကဲ့သို့ လိုက်တုပခြင်းအားဖြင့် သခင်ဖြစ်သူရဲ့အနာကို သက်သာသွားစေချင်ခဲ့ပုံရပါတယ်။ကြည်နူးစရာကောင်းတဲ့ Russell ရဲ့၎င်းဗီဒီယိုဟာ ရက်အနည်းငယ်အတွင်းမှာပဲ 26k Shares နှင့် Likes 11k ကျော် အထိ ရရှိသွားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment