ပျားရည်ကို အပီအပြင်ကြီးခိုးယူနေခဲ့တဲ့ အမျိုးသားတစ်စုရဲ့အဖြစ်


1

2

3

4

5

6

7

8

9

10

11

12

Mia (Mckzone Daily)

Source : Sarun Bus Sontisuk

Unicode

ပျားရည်က လူတွေအတွက် ဆေးဖက်ဝင်တဲ့ ဆေးတစ်မျိုးလို့ ဆိုရမှာပါ။ပျားရည်ကို ဆေးဘက်ဆိုင်ရာ ၊ အလှကုန်ပစ္စည်း တွေမှာ အသုံးပြုလို့ရသလို နည်းအမျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်။သို့ပေမဲ့ ဆေးဖက်ဝင်သလောက် ပျားရည်ကို ရှာရတာမလွယ်သလို ပျားရည်ရဖို့ ပျားကောင်တွေနဲ့ အရင်ဆုံး ရင်ဆိုင်ရပါသေးတယ်။အခုဖော်ပြပေးမဲ့အကြောင်းက ပျားရည်ခိုးဖို့လုပ်နေတဲ့ အမျိုးသားတစ်စုရဲ့ရယ်စရာပုံရိပ်လေးတွေပါ။သိတဲ့အတိုင်း ပျားတုတ်ခံရရင် ကျန်ခဲ့တဲ့အဖုက အစပိုင်းတော့ သေးသေးလေးနဲ့မသိသာပေမဲ့ ယားစိစိဖြစ်ပြီး အချိန်ကြာလာတာနဲ့ အဖုက ကြီးထွားလာတာကို တွေ့ဖူးကြမှာပါ။ပျားတုတ်ခံရဖူးတဲ့ လူတွေတော့ ပြောစရာမလိုအောင် သိနေကြမှာပါ။အခုလည်း ပျားရည်ခိုးဖို့လုပ်နေခဲ့တဲ့ အမျိုးသားတွေထဲကမှ နှစ်ယောက်က ပျားတုတ်လိုက်လို့ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ဖောရောင်သွားခဲ့ပါတယ်။ပျားတုတ်ခံရပြီးပြီးချင်းတော့ မသိသာသေးပေမဲ့ ထမင်းစားတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့မျက်နှာက ဖောင်းကားပြီး အရမ်းလည်း ရယ်စရာကောင်းနေခဲ့ပါတယ်။ပါးစပ်ဟဖို့တောင် အခက်တွေ့နေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဖြစ်က အတော့်ကို ရယ်စရာကောင်းနေလို့ လတ်တလော social media မှာ လူပြောများပြီး ရေပန်းစားနေလျက်ရှိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment