အခြန္လြတ္ဇုန္မွာ ေစ်းဝယ္ေနေသးတဲ့သမီးအတြက္ ေလယာဥ္မထြက္သြားဖို႔ မိနစ္ ၃၀ ၾကာေအာင္ အခ်ိန္ဆြဲထားခဲ့တဲ့ မိခင္

ထိုင္းႏိုင္ငံရွိ Suvarnabhumi ေလဆိပ္မွ ေလယာဥ္ခရီးသည္တစ္ဦး ဟာ သူမရဲ႕သမီးအား ခဏေစာင့္ေပးရန္ ေလယာဥ္အမႈထမ္းအားေတာင္းဆိုခဲ့ၿပီးေနာက္ ခရီးသည္ ၁၆၀ ဥဦးရဲ႕ေလယာဥ္ခ်ိန္ကိုေႏွာင့္ေႏွးသြားေစခဲ့ပါတယ္။အေၾကာင္းမွာ သူမရဲ႕သမီးက အခြန္လြတ္ဇုန္မွာ ေဈးဝယ္ေနဆဲျဖစ္တာေၾကာင့္ပါ။မိခင္ျဖစ္သူဟာ ေလယာဥ္ကြင္းရွိ ရွန္ဟိုင္းသို႔ထြက္ခြါမဲ့ေလယာဥ္ပ်ံကိုဆက္သြယ္တဲ့ aerobridge အေပၚမွာလဲေလ်ာင္းၿပီး ေလယာဥ္အမႈထမ္းတစ္ဦးကို တံခါးပိတ္ထားရန္ အတင္းအက်ပ္ခိုင္းေစခဲ့ပါတယ္။အကယ္လို႔ သမီးျဖစ္သူက အေရးေပၚအေျခအေနမ်ိဳးရွိေနခဲ့တာမို႔ ၎အေျခအေနကို လက္ခံေပးႏိုင္ဖြယ္ရွိေပမဲ့ ေစ်းဝယ္မႈေၾကာင့္သာ ေနာက္က်ေနတဲ့သူမကိုေတာ့ လက္ခံေပးႏိုင္စရာအေၾကာင္း တစ္ခုမွမရွိပါဘူး။

အဆိုပါျဖစ္ရပ္က Spring ေလေၾကာင္းလိုင္းရွိ ဘန္ေကာက္မွရွန္ဟိုင္း တ႐ုတ္ေလေၾကာင္းလိုင္းျဖစ္တဲ့ ေလယာဥ္ပ်ံတစ္ခုေပၚမွာ ျဖစ္ပြါးခဲ့ပါတယ္။အဆိုပါအျဖစ္အပ်က္ရဲ႕ ဗီဒီယိုမ်ားက social media မွာ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ဗီဒီယိုတင္သူ Da meng ya က ၎ခရီးစဥ္မွာလိုက္ပါတဲ့ေလယာဥ္ခရီးသည္တစ္ဦး ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ဗီဒီယိုဖိုင္အရ ေလယာဥ္အမႈထမ္းတစ္ဦး က aerobridge အေပၚလဲေလ်ာင္းေနတဲ့ထိုအမ်ိဳးသမီးကို သူမရဲ႕လုပ္ရပ္ကမွားေၾကာင္းကို ရွင္းျပဖို႔ႀကိဳးစားေနခဲ့ပါတယ္။

ထိုအမ်ိဳးသမီးက ေလေၾကာင္းဝန္ထမ္းမ်ားရဲ႕က်ိဳးေၾကာင္းဆင္ျခင္မႈကို လ်စ္လ်ဴရႈခဲ့တာေၾကာင့္ အေျခအေနကို ပိုရႈပ္ေထြးသြားေစခဲ့ပါတယ္။ခရီးသည္မ်ားက ေစာင့္ဆိုင္းေနရျခင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရၿပီး ေလယာဥ္အမႈထမ္းထံမွ အေျဖတစ္ခုေတာင္းဆိုခဲ့ပါတယ္။ေနာက္ဆုံးမွာ အဆိုပါမိခင္ႏွင့္သမီး ျဖစ္သူက ေနာက္ေလယာဥ္နဲ႔ပ်ံသန္းဖို႔ သေဘာတူၿပီးေနာက္မွ ၎ေလယာဥ္က ထြက္ခြါပ်ံသန္းႏိုင္ခဲ့ပါတယ္။၄ နာရီေလယာဥ္ခရီးစဥ္ကို နာရီဝက္ၾကာေႏွာင့္ေႏွးေစခဲ့ပါတယ္။အစီရင္ခံစာမ်ားအရ ေဒသခံမ်ားက အဆိုပါသားအမိကိုအေျချပဳၿပီး ေလေၾကာင္းအဖြဲ႕မ်ားအား ေနာက္ထပ္ပ်ံသန္းရာမွာ သူတို႔ကို နာမည္ပ်က္စာရင္းသြင္းေပးရန္ ေတာင္းဆိုခဲ့ၾကပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

ထိုင်းနိုင်ငံရှိ Suvarnabhumi လေဆိပ်မှ လေယာဉ်ခရီးသည်တစ်ဦး ဟာ သူမရဲ့သမီးအား ခဏစောင့်ပေးရန် လေယာဉ်အမှုထမ်းအားတောင်းဆိုခဲ့ပြီးနောက် ခရီးသည် ၁၆၀ ဥဦးရဲ့လေယာဉ်ချိန်ကိုနှောင့်နှေးသွားစေခဲ့ပါတယ်။အကြောင်းမှာ သူမရဲ့သမီးက အခွန်လွတ်ဇုန်မှာ ဈေးဝယ်နေဆဲဖြစ်တာကြောင့်ပါ။မိခင်ဖြစ်သူဟာ လေယာဉ်ကွင်းရှိ ရှန်ဟိုင်းသို့ထွက်ခွါမဲ့လေယာဉ်ပျံကိုဆက်သွယ်တဲ့ aerobridge အပေါ်မှာလဲလျောင်းပြီး လေယာဉ်အမှုထမ်းတစ်ဦးကို တံခါးပိတ်ထားရန် အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်က Spring လေကြောင်းလိုင်းရှိ ဘန်ကောက်မှရှန်ဟိုင်း တရုတ်လေကြောင်းလိုင်းဖြစ်တဲ့ လေယာဉ်ပျံတစ်ခုပေါ်မှာ ဖြစ်ပွါးခဲ့ပါတယ်။အဆိုပါအဖြစ်အပျက်ရဲ့ ဗီဒီယိုများက social media မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ဗီဒီယိုတင်သူ Da meng ya က ၎င်းခရီးစဉ်မှာလိုက်ပါတဲ့လေယာဉ်ခရီးသည်တစ်ဦး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ဗီဒီယိုဖိုင်အရ လေယာဉ်အမှုထမ်းတစ်ဦး က aerobridge အပေါ်လဲလျောင်းနေတဲ့ထိုအမျိုးသမီးကို သူမရဲ့လုပ်ရပ်ကမှားကြောင်းကို ရှင်းပြဖို့ကြိုးစားနေခဲ့ပါတယ်။

ထိုအမျိုးသမီးက လေကြောင်းဝန်ထမ်းများရဲ့ကျိုးကြောင်းဆင်ခြင်မှုကို လျစ်လျူရှုခဲ့တာကြောင့် အခြေအနေကို ပိုရှုပ်ထွေးသွားစေခဲ့ပါတယ်။ခရီးသည်များက စောင့်ဆိုင်းနေရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး လေယာဉ်အမှုထမ်းထံမှ အဖြေတစ်ခုတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာ အဆိုပါမိခင်နှင့်သမီး ဖြစ်သူက နောက်လေယာဉ်နဲ့ပျံသန်းဖို့ သဘောတူပြီးနောက်မှ ၎င်းလေယာဉ်က ထွက်ခွါပျံသန်းနိုင်ခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment