အသက်ရှုမှားလောက်တဲ့အထိ မျက်မြင်တွေ့လိုက်ရတဲ့ လူမျက်နှာနှင့်ငါး (ရုပ်သံ)
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ညနေခင်းလေးတစ်ခုမှာ ရေကန်းလေးအနားလမ်းလျှောက်သွားနေတယ်လို့ ကိုယ့်ကိုစိတ်ကူးကြည့်ကြပါစို့ ။ အဲ့အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကိုလှမ်းကြည့်နေတယ်လို့ ခံစားနေရပြီး ရေကန်လေးထဲလမ်းကြည့်လိုက်ချိန်မှာတော့ လူမျက်နှာနဲ့ငါးတစ်ကောင်ကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရမယ်ဆိုရင် ဘယ်လိုနေကြမှာလဲ ။ ကျွနု်ပ်ဆိုရင်တော့ လုံးဝကိုကြက်သေ သေသွားသလို အံသြမင်တက်ပြီး ရပ်ကြည့်နေမိမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ Kunming မြို့ကို အလည်လာခဲ့တဲ့ ခရီးသွားအမျိုးသမီးတစ်ဦးဟာ အဆိုပါ Drama ဆန်လွန်တဲ့ အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့လို့ video နှင့်တကွ ပြန်လည်ဝေမျှခဲ့ပါတယ် ။
အဆိုပါအမျိုးသမီးဟာ ရေကန်ထဲမှ လူမျက်နှာနဲ့ငါးတစ်ကောင်ကို တွေ့လိုက်ချိန်မှာ သူမဟာအတော်လေး အံ့သြ သွားပြီး ကြက်သေသေ သွားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ အဆိုပါငါးကြင်းရဲ့ ဦးခေါင်းပုံ ၊ ပါးစပ် ၊ နှာခေါင်း နှင့် မျက်လုံးတို့ဟာ လူတစ်ယောက်ရဲ့မျက်နှာပုံစံအတိုင်းဖြစ်နေခဲ့လို့ပါ ။
ထို့ကြောင့် အဆိုပါအမျိုးသမီးဟာ ငါးကြင်းလေးရဲ့ ရုပ်ပုံကို Video မှတ်တမ်းရိုက်ကူးခဲ့ပြီး ၊ social media ပေါ်မှာဝေမျှခဲ့ချိန်မှာတော့ အတော်လေးကိုအထူးအဆန်းဖြစ်နေခဲ့ပြီး ကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အပြင် ပြန်လည်ဝေမျှသူလည်းများစွာရရှိခဲ့ပါတယ် ။ ငါးကြင်းလေးရဲ့ မျက်နှာဟာလူနှင့်အတော်လေးဆင်တူနေသောကြောင့် လူတစ်ယောက်အသက်ရှင်လျက်ရေထဲရောက်နေသလိုပုံစံဖြစ်နေခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "အသက်ရှုမှားလောက်တဲ့အထိ မျက်မြင်တွေ့လိုက်ရတဲ့ လူမျက်နှာနှင့်ငါး (ရုပ်သံ)"
Leave a comment
Your email address will not be published.
*