ပလတ်စတစ်အစား ထုတ်ပိုးရန် ဖက်ရွက်နဲ့သာအသုံးပြုခဲ့တဲ့ Supermarket
1
2
3
JRose (Mckzone Daily)
Source : buzznicked
Unicode
ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့ ကမ္ဘာမြေကြီးရဲ့အနာဂတ်ကို ပလတ်စတစ်‌တွေ လျော့သုံးခြင်းနဲ့ ကျွန်တော်တို့ ကူညီပေးသင့်ပါတယ်။ ပလတ်စတစ်အညစ်အကြေးတွေက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေကို ညစ်ညမ်းစေရုံသာမက ပတ်ဝန်းကျင်မှာနေထိုင်ကျက်စားနေတဲ့ လူသား၊ သတ္တဝါတွေကိုလည်း ထိခိုက်စေနိုင်တာပါ။ ဝမ်းနည်းဖွယ်ရာကောင်းတာက လူတွေဟာ အဲ့ဒီပလတ်စတစ်တွေနဲ့ ထုတ်ပိုးအသုံးပြုနေဆဲပါဘဲ။ ၂၀၁၃ ခုနှစ်မှာ U.S က သန်းပေါင်း ၂၅၄ တန် အပေါစား ပလတ်စတစ်တွေကို ထုတ်လုပ်ခဲ့ပါတယ်။
ပလတ်စတစ်ပစ္စည်းတွေက သူတို့နောက်ဆုံး ပုပ်သိုးဆွေးမြည့်နိုင်တဲ့ အချိန်ထိ နှစ် ၁၀၀၀ ကျန်ရှိနေနိုင်ပါတယ်။ ဆိုလိုချက်က အဲ့ဒီ ပလတ်စတစ်ဟာ အချိန်များစွာ toxic pollutant အနေနဲ့ ရာသီဥတုတွေကို ပြောင်းလဲစေပြီး လေထုညစ်ညမ်းမှုတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ သို့ပေမဲ့လည်း ပလတ်စတစ်တွေကို အသေးစိတ်အနည်းငယ်တောင်မှ ပြည်သူတွေက မသုံးဘဲမနေနိုင်ပါဘူး။ Supermarket တွေမှာဆိုရင်လည်း ပလတ်စတစ်တွေနဲ့ ထုတ်ပိုးအသုံးပြုနေကြပါတယ်။
ဒါပေမဲ့ အခုဆိုရင် အာရှနိုင်ငံဝင်တွေ ဖြစ်ကြတဲ့ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့ရဲ့ Supermarket တွေမှာ ပလတ်စတစ်တွေကို ပြည်သူတွေ အားလုံး‌ရှောင်နိုင်ဖို့ နည်းလမ်းအသစ်ကို ရှာဖွေတွေရှိနေကြပါပြီ။ အဲ့ဒီ နည်းလမ်းအသစ်က မြေကြီးနဲ့ ညီညွတ်တဲ့အရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ idea အသစ်တစ်ခုကတော့ ကုန်ပစ္စည်းတွေကို ပလတ်စတစ်အစား ဖက်ရွက်တွေနဲ့ ထုတ်ပိုးတဲ့နည်းလမ်းဘဲ ဖြစ်ပါတယ်။
JRose (Mckzone Daily)
Be the first to comment on "ပလတ်စတစ်အစား ထုတ်ပိုးရန် ဖက်ရွက်နဲ့သာအသုံးပြုခဲ့တဲ့ Supermarket"
Leave a comment
Your email address will not be published.
*