တောင့်တင်းတဲ့ရင်အုံကြွက်သားနဲ့ ရေတိမ်ပိုင်းမှာ တစ်ကောင်တည်း အေးဆေးရေချိုးနေခဲ့တဲ့ သားပိုက်ကောင်
Mia (Mckzone Daily)
Source : dailymail
Unicode
ဩစတြေးလျအနောက်ပိုင်း Margaret မြစ်ဝှမ်းရှိချောင်းတစ်ခုမှာ သန်မာတောင့်တင်းတဲ့ ကြွက်သားကိုပိုင်ဆိုင်ထားတဲ့ သားပိုက်ကောင်တစ်ကောင် ရေချိုးနေတာကို ခွေးလေးရဲ့လမ်းလျှောက်ထွက်နေခဲ့တဲ့ Mr. Vincent က မြင်တွေ့ခဲ့ရပြီး တွေ့တွေ့ပြီးချင်း ဖြစ်သွားခဲ့ရတဲ့သူ့ရဲ့အဖြစ်ကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။“ တိရိစ္ဆာန်တွေက ချစ်စရာကောင်းကြတာသေချာပေမဲ့လည်း အဲ့ဒီသားပိုက်ကောင်က ရေထဲကနေထွက်လာတဲ့အချိန်မှာ ကျွန်တော့်ရဲ့နှလုံးခုန်မြန်လာပြီး ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ရတယ် ” လို့ Mr. Vincent က The Telegraph သို့ ပြောကြားခဲ့ပါတယ်။
Mr. Vincentက ၎င်းသားပိုက်ကောင်အား လက်ဝှေ့ပြိုင်ပွဲကိုတောင် ခေါ်ဆောင်သွားချင်တယ်လို့လည်း လေးလေးနက်နက်ပြောခဲ့ပါသေးတယ်။သားပိုက်ကောင်တွေကို အများအားဖြင့် သိမ်မွေ့တဲ့တိရိစ္ဆာန်အဖြစ် လူသိများပေမဲ့လည်း အကယ်လို့ ၎င်းတို့က ခြိမ်းခြောက်ခံလိုက်ရရင် ခွေး ၊ လူသား နှင့် သူတို့ရဲ့မျိုးစိတ်အချင်းချင်းဘဲဖြစ်ဖြစ် ပြန်တိုက်ခိုက်တတ်ကြတယ်လို့ လူသိများပါတယ်။
ရန်သူတွေကို တိုက်ခိုက်ရန် သားပိုက်ကောင်တစ်ကောင်ဟာ သူ့ရဲ့ချွန်ထက်တဲ့လက်သည်းခြေသည်းကို အသုံးပြုပြီး နပန်းလုံးခြင်း (သို့) လက်ဝှေ့ထိုးနေစဉ်မှာ ဟန်ချက်ညီစေဖို့ သူတို့ရဲ့ခိုင်ခံ့တဲ့အမြီးကို အသုံးပြုတတ်ပါတယ်။သားပိုက်ကောင်တွေဟာ သူတို့ကို ခြောက်လန့်ခြင်း (သို့) ရန်စတဲ့အခါမှာသာ လူသားတွေကို ပြန်တိုက်ခိုက်တတ်တာပါ။အများအားဖြင့် ခွေးပိုင်ရှင်များက သားပိုက်ကောင်ကို လိုက်လံရှာဖွေတဲ့အခါ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များကို ကာကွယ်ရန်ကြိုးစားတဲ့အခါတွေမှာ တိုက်ခိုက်မူဖြစ်ပွါးလေ့ရှိကြပါတယ်။
Mia (Mckzone Daily)
Be the first to comment on "တောင့်တင်းတဲ့ရင်အုံကြွက်သားနဲ့ ရေတိမ်ပိုင်းမှာ တစ်ကောင်တည်း အေးဆေးရေချိုးနေခဲ့တဲ့ သားပိုက်ကောင်"
Leave a comment
Your email address will not be published.
*