အကောင်းဆုံးသရုပ်ဆောင်ဆုကို ချီးမြှင့် ရလောက်အောင်သရုပ်ဆောင်ကောင်းလွန်းတဲ့ Corgi ခွေးလေး


1

2

3

JRose (Mckzone Daily)

Source : worldofbuzz

Unicode

ကျွန်တော်တို့လူတွေအများစုက အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်ကြပါတယ်။ သူတို့ရဲ့ စိတ်နေသဘောအရ ဆော့ကစားတဲ့အခါ တခါတလေ ကျွန်တော်တို့ကို စိတ်ငြိုငြင်စရာ ဖြစ်စေတာတွေရှိ ပါတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ အမိန့်ကိုနာခံဖို့ train ထားရင်တောင်မှ တခါတလေ ကျွန်တော်တို့မသိအောင် မွှေနှောက်တတ်ကြပါတယ်။ထိုင်း နိုင်ငံ၊ Ayutthaya မြို့မှာရှိတဲ့ Bla Bla -boo Premium Dog Cafe ရဲ့ ပိုင်ရှင်က သူရဲ့ အိမ်မွေးခွေး Corgi ပျောက်နေတာကို သတိထားမိပြီးလိုက်ရှာကျရင်း နောက်ဆုံး သွေးအိုင်ထဲမှာ လှဲနေတာကို တွေ့လိုက်တဲ့အခါမှာ သူတို့တွေ စိတ်ချောက်ချားတုန်လှုပ်သွားခဲ့ပါတယ်။ သခင်ဖြစ်သူတွေက မီးချောင်မှာ ဓားတွေထိမိသွားတာများလားဆိုပြီး ထင်နေကြတာကြောင့် ပထမမှာတော့ ကြောက်စိတ်တွေ များခဲ့ပါတယ်။မကြာခင်မှာဘဲ သခင်ဖြစ်သူက အနီရောင် ဖျော်ရည်အဆီ ပုလင်း လှိမ့်နေတာကို သတိပြုမိခဲ့ပြီး သွေးမဟုတ်ကြောင်းသိခဲ့ပါတယ်။ အဲ့ဒီ မတော်တဆမှုက တော်တော်ကို cute ဖြစ်ပြီး ရယ်စရာလည်း ကောင်းခဲ့ပါတယ် ။ သခင်ဖြစ်သူက အဲ့ဒီ post ကို တင်ခဲ့ပြီး တစ်ချိန်အတွင်းမှာဘဲ ဝေမျှသူ ၁၁,၀၀၀ နဲ့ like ပေါင်း ၉,၈၀၀ ကျော်ရရှိကာ လူအများစိတ်ဝင်စားခဲ့ကြပါတယ်။

JRose (Mckzone Daily)

  • Leave a Comment