CCTV ရှိမှန်းတောင်မသိဘဲ စတိုးဆိုင်ပိုင်ရှင်ရဲ့ဖုန်းကို ခိုးသွားခဲ့တဲ့ သူခိုးရဲ့အဖြစ်(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလက အတော်လေးကိုပျက်ဆီးနေပြီလို့ ပြောရမှာပါပဲ ။ ကိုယ့်မျက်စိရှေ့မှာ အလွယ်တကူခိုးယူလို့ရမယ်ဆိုရင် တချို့သောစိတ်ဓာတ်ညံ့ဖျင်းသူတွေက ဘားမှကိုဂရုမစိုက်တော့ဘဲ ခိုးယူပစ်လိုက်တာပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Selangor ပြည်နယ်မှာရှိတဲ့ စတိုးဆိုင်လေးတစ်ခုမှာ ဆိုင်ပိုင်ရှင်ဟာ အလုပ်များနေခဲ့လို့ သူ့ရဲ့လက်ကိုင်ဖုန်းကို ပိုက်ဆံရှင်းတဲ့ကောင်တာပေါ်မှာ မေ့ပြီးထားခဲ့မိခဲ့ပါတယ် ။

ထိုအချိန်မှာ အင်္ကျီအဖြူ ရောင်နဲ့အမျိုးသားဟာ ခိုးယူရတာလွယ်ကူလွန်းနေတဲ့အခိုက်အတန့်ဖြစ်နေခဲ့လို့ ဘေးပတ်ဝန်းကျင်ကိုသာ မသိမသာလေးကြည့်ပြီး ဖုန်းကိုလှန်းယူခဲ့ကာ သူ၏ဘောင်းဘီအနောက်ဖက်အိတ်ကပ်ထဲသို့ လှမ်းထည့်ပစ်ခဲ့ပါတယ် ။ ထို့နောက် မသိသလိုဖြင့် ဆက်ပြီးသရုပ်ဆောင်ကာ ကောင်တာအနားရပ်နေခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါသူခိုးဟာ အတွေ့အကြုံမရှိသေးတဲ့ ၊ အတော်လေးကို ဝါနုသေးတဲ့သူခိုးလို့ပြောရမှာပါပဲ ။ ဘာလို့လည်းဆို စတိုးဆိုင်တိုင်းလိုလို CCTV အမြဲတပ်ထားလေ့ရှိတဲ့ခေတ်ကြီးမှာ CCTV ရှိမှန်းမသိတဲ့အပြင် ၊ မျက်နှာကိုလည်း ဖုံးကွယ်မထားဘဲ အရှင်းသားကြီးနှင့် ခိုးယူခဲ့တဲ့အတွက် အဆိုပါ CCTV ရုပ်သံကို social media ပေါ်မှာဝေမျှခဲ့ချိန်မှာတော့ သူ၏မျက်နှာကို တစ်ကမ္ဘာလုံးက တွေ့ရှိသွားပြီး ကိုယ့်ကိုသူခိုးလို့ကြေညာလိုက်သလိုပါပဲ ။ထို့အပြင် အဆိုပါသူခိုးကို ရဲတွေဖမ်းဆီးရတာ အတော်လေးကိုလွယ်ကူစေခဲ့ပါတယ် ။ ၎င်းသူခိုးရဲ့ အပေါင်းအသင်းတွေတွေ့ရှိခဲ့ရင်လည်း အတော်လေးကိုရှောင်ဖယ်ခံရတော့မှာပါ ။ ထို့ကြောင့် ကိုယ့်အတွက်အရေးကြီးတဲ့ ဘယ်ပစ္စည်းကိုမဆို တွေ့ကရာနေရာမှာမထားသင့်ပါဘူး ။ ဘာလို့လည်းဆိုတော့ ခိုးလို့လွယ်ရင် သူကြွယ်တောင်သူခိုးဖြစ်တယ် ဆိုတဲ့ဆိုးရိုးစကားရှိနေခဲ့လို့ပါပဲ ။ အဲ့ကြောင့် မပေါ့ဆကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "CCTV ရှိမှန်းတောင်မသိဘဲ စတိုးဆိုင်ပိုင်ရှင်ရဲ့ဖုန်းကို ခိုးသွားခဲ့တဲ့ သူခိုးရဲ့အဖြစ်(ရုပ်သံ)"

Leave a comment

Your email address will not be published.


*