ေဒသခံငါးဖမ္းသမားမ်ားအတြက္ ကံေကာင္းျခင္းေတြယူေဆာင္လာေပးဖို႔ မိေက်ာင္းတစ္ေကာင္နဲ႔ လက္ထပ္ခဲ့တဲ့ ၿမိဳ႕ေတာ္ဝန္

ရာစုႏွစ္မ်ားတစ္ေလွ်ာက္ ႏိုင္ငံတိုင္းမွာ ကိုယ္ပိုင္ယဥ္ေက်းမႈမ်ားအရ ယုံၾကည္မႈမ်ားႏွင့္ထုံးတမ္းစဥ္လာမ်ားရွိခဲ့ၾကပါတယ္။Victor Aguilar အမည္ရွိ မကၠဆီကန္ၿမိဳ႕ေတာ္ဝန္တစ္ဦး ဟာ ေဒသခံငါးဖမ္းသမားမ်ားအတြက္ ကံေကာင္းျခင္းကို ယူေဆာင္လာေပးရန္ Princess လို႔ေခၚတဲ့မိေက်ာင္းမတစ္ေကာင္နဲ႔ လက္ထပ္ေပးခဲ့ပါတယ္။ Princess ဟာ လူသားသတို႔သမီးလို ဝတ္စားဆင္ယင္ရသလို သူ႔မဂၤလာပြဲဝတ္စုံအတြက္ ေအာ္ဒါမွာခ်ဳပ္ေပးခဲ့ၿပီး မဂၤေဆာင္ပြဲအတြင္း Princess ရဲ႕ပါးစပ္ကိုႀကိဳးနဲ႔ခ်ည္ထားခဲ့ပါတယ္။ၿမိဳ႕ေတာ္ခန္းမမွာ Aguilar ဟာ တြားသြားသတၱဝါ Princess နဲ႔အတူ စီတန္းအင္အားျပခ်ီတက္ပြဲအၿပီးမွာ Princess ႏွင့္လက္ထပ္ထိမ္းျမားခဲ့ပါတယ္။

ကြၽန္ေတာ္တို႔အတြက္ ထူးဆန္းေနေပမဲ့ အဆိုပါ ေသြးေအးတြားသြားသတၱဝါႏွင့္ လက္ထပ္ထိမ္းျမားခဲ့တဲ့ျဖစ္ရပ္ဟာ အမွန္တကယ္ျဖစ္ပြါးခဲ့ၿပီး ၁၇၈၉ ခုႏွစ္ေလာက္ကတည္းက Chontal Indians ေတြဟာ ၎႐ိုးရာဓေလ့ကို က်င့္သုံးခဲ့ၾကပါတယ္။ဒီထူးဆန္းတဲ့အစဥ္အလာရဲ႕ ေနာက္ကြယ္သမိုင္းက ပိုၿပီးဆန္းၾကယ္ပါတယ္။သူတို႔ရဲ႕ဒ႑ာရီအရ ၎လက္ထပ္ထိမ္းျမားပြဲဟာ Chontales လို႔အမည္ရတဲ့လူအုပ္စုအဖြဲ႕ ႏွင့္ Huaves လို႔အမည္ရတဲ့လူအုပ္စုအဖြဲ႕တို႔ရဲ႕ အမွတ္အသားျဖစ္ပါတယ္။Hispanic ေခတ္မတိုင္ခင္က ၎အုပ္စုႏွစ္စုဟာ အခ်င္းခ်င္း သေဘာမေတြ႕ခဲ့ၾကပါဘူး။

ပစိဖိတ္ကမ္း႐ိုးတန္းသို႔ Huaves အုပ္စုက မေျပာင္းေ႐ြ႕လာခင္ကတည္းက Chontales အုပ္စုဟာ ၎ေျမမွာ ပထမဆုံးအေျခခ်ေနထိုင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ထို႔ေၾကာင့္ ၎အုပ္စုႏွစ္စုဟာ စားဝတ္ေနေရးအတြက္ လယ္ယာေျမမ်ား လုယူမႈေၾကာင့္ အခ်င္းခ်င္းတိုက္ခိုက္ေနခဲ့ပါတယ္။သို႔ေပမဲ့ Chontales ဘုရင္ရဲ႕ သားေတာ္ ႏွင့္ Huaves ဘုရင္ရဲ႕သမီးေတာ္တို႔ဟာ ခ်စ္ႀကိဳက္သြားခဲ့ၿပီး လက္ထပ္ထိမ္းျမားတဲ့အခါ Chontales ႏွင့္ Huaves ၾကားရွိ ပဋိပကၡမ်ားအဆုံးသတ္သြားခဲ့တယ္လို႔ ေဒသခံမ်ားကေျပာဆိုခဲ့ေၾကာင္းကို CNN မွတစ္ဆင့္ သတင္းထုတ္ျပန္ေပးခဲ့ပါတယ္။

ဒါေၾကာင့္ ယေန႔ေခတ္မွာ ၿမိဳ႕ေတာ္ဝန္က ဘုရင့္ရဲ႕သားကို ကိုယ္စားျပဳၿပီး မိေက်ာင္းက Huaves ကိုကိုယ္စားျပဳပါတယ္။ၿမိဳ႕ေတာ္ဝန္က မိေက်ာင္းကိုလက္ထပ္ျခင္းအားျဖင့္ ေက်း႐ြာမွာ ကံေကာင္းျခင္းႏွင့္ခ်မ္းသာႂကြယ္ဝျခင္းမ်ား ရရွိလာမွာျဖစ္ၿပီး ေဒသခံတံငါသည္မ်ားအား ငါးမ်ားဖမ္းမိႏိုင္ေအာင္ ကူညီလိမ့္မယ္လို႔ လူအမ်ားက ယုံၾကည္ၾကပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

ရာစုနှစ်များတစ်လျှောက် နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုများအရ ယုံကြည်မှုများနှင့်ထုံးတမ်းစဉ်လာများရှိခဲ့ကြပါတယ်။Victor Aguilar အမည်ရှိ မက္ကဆီကန်မြို့တော်ဝန်တစ်ဦး ဟာ ဒေသခံငါးဖမ်းသမားများအတွက် ကံကောင်းခြင်းကို ယူဆောင်လာပေးရန် Princess လို့ခေါ်တဲ့မိကျောင်းမတစ်ကောင်နဲ့ လက်ထပ်ပေးခဲ့ပါတယ်။ Princess ဟာ လူသားသတို့သမီးလို ဝတ်စားဆင်ယင်ရသလို သူ့မင်္ဂလာပွဲဝတ်စုံအတွက် အော်ဒါမှာချုပ်ပေးခဲ့ပြီး မင်္ဂဆောင်ပွဲအတွင်း Princess ရဲ့ပါးစပ်ကိုကြိုးနဲ့ချည်ထားခဲ့ပါတယ်။

ပစိဖိတ်ကမ်းရိုးတန်းသို့ Huaves အုပ်စုက မပြောင်းရွေ့လာခင်ကတည်းက Chontales အုပ်စုဟာ ၎င်းမြေမှာ ပထမဆုံးအခြေချနေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ထို့ကြောင့် ၎င်းအုပ်စုနှစ်စုဟာ စားဝတ်နေရေးအတွက် လယ်ယာမြေများ လုယူမှုကြောင့် အချင်းချင်းတိုက်ခိုက်နေခဲ့ပါတယ်။

သို့ပေမဲ့ Chontales ဘုရင်ရဲ့ သားတော် နှင့် Huaves ဘုရင်ရဲ့သမီးတော်တို့ဟာ ချစ်ကြိုက်သွားခဲ့ပြီး လက်ထပ်ထိမ်းမြားတဲ့အခါ Chontales နှင့် Huaves ကြားရှိ ပဋိပက္ခများအဆုံးသတ်သွားခဲ့တယ်လို့ ဒေသခံများကပြောဆိုခဲ့ကြောင်းကို CNN မှတစ်ဆင့် သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

ဒါကြောင့် ယနေ့ခေတ်မှာ မြို့တော်ဝန်က ဘုရင့်ရဲ့သားကို ကိုယ်စားပြုပြီး မိကျောင်းက Huaves ကိုကိုယ်စားပြုပါတယ်။မြို့တော်ဝန်က မိကျောင်းကိုလက်ထပ်ခြင်းအားဖြင့် ကျေးရွာမှာ ကံကောင်းခြင်းနှင့်ချမ်းသာကြွယ်ဝခြင်းများ ရရှိလာမှာဖြစ်ပြီး ဒေသခံတံငါသည်များအား ငါးများဖမ်းမိနိုင်အောင် ကူညီလိမ့်မယ်လို့ လူအများက ယုံကြည်ကြပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေဒသခံငါးဖမ္းသမားမ်ားအတြက္ ကံေကာင္းျခင္းေတြယူေဆာင္လာေပးဖို႔ မိေက်ာင္းတစ္ေကာင္နဲ႔ လက္ထပ္ခဲ့တဲ့ ၿမိဳ႕ေတာ္ဝန္"

Leave a comment

Your email address will not be published.


*