ဗီယက္နမ္အမ်ိဳးသမီးငယ္တစ္ဦးဟာ ဆီးအိမ္ထဲကေန ထူးကဲႀကီးမားလွတဲ့ ေက်ာက္တုံး ခြဲစိတ္ဖယ္ထုတ္လိုက္ရတဲ့ ဓာတ္ပုံနဲ႔ပတ္သပ္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ လူအမ်ားကစိတ္ဝင္စားေနၾကပါတယ္။၃၄ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက သူမရဲ႕ဝမ္းဗိုက္နာက်င္တာကိုခံစားေနရတာေၾကာင့္ Thay Nguyen ၿမိဳ႕မွာရွိတဲ့ Phu Binh General ေဆး႐ုံရဲ႕ အေရးေပၚခန္းမွာ ျပသခဲ့တယ္လို႔ ဗီယက္နမ္မီဒီယာေတြကေနတစ္ဆင့္ ၾကားသိရပါတယ္။ CT scan နဲ႔စစ္ေဆးၿပီးတဲ့ေနာက္ အဲ့ဒီအမ်ိဳးသမီးရဲ႕ ဝမ္းဗိုက္ထဲမွာ လုံးဝန္းၿပီး ႀကီးမာတဲ့ အရာတစ္ခုရွိေနေၾကာင္း အေျဖထြတ္ေပၚလာခဲ့ပါတယ္။အဲ့ဒါေၾကာင့္ သူမ အေရးေပၚခြဲစိတ္ဖို႔ စီစဥ္ခဲ့ရပါတယ္။ခြဲစိတ္မႈမွာသူမရဲ႕ဆီးအိမ္ကေန 10 စင္တီမီတာ အရွည္နဲ႔ အေလးခ်ိန္ 400 ဂရမ္ ရွိတဲ့ ေက်ာက္တုံးတစ္တုံးကို ဆြဲထုတ္ခဲ့ရပါတယ္။
အဲ့ဒီကိစၥက ဘယ္လို႔ဘာေၾကာင့္ျဖစ္လာလဲဆိုတာေတာ့ ေျပာျပထားျခင္း မရွိပါဘူး။သူမနဲ႔အတူ CT scan ကေနထြက္လာတဲ့ ေက်ာက္တုံးတစ္တုံးကို သူနာျပဳဆရာမတစ္ေယာက္က ဓာတ္ပုံ႐ိုက္ၿပီးလိုင္းေပၚ တင္ခဲ့ပါတယ္။ 34 ႏွစ္ အမ်ိဳးသမီးရဲ႕ဆီးအိမ္ထဲက ဂရမ္ ၄၀၀ ရွိတဲ့ ေက်ာက္တုံးပုံဟာ ဗီယက္နမ္ႏိုင္ငံတစ္ႏိုင္ငံလုံး ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အျခားသူေတြက ေက်ာက္တုံး မႀကီးခင္အခ်ိန္ကတည္းက သူမဘာနာက်င္မႈမွ မခံစားရဘူးလားဆိုၿပီး အံ့ၾသေနခဲ့ၾကပါတယ္။
JRose (Mckzone Daily)
Source : odditycentral
Unicode
ဗီယက်နမ်အမျိုးသမီးငယ်တစ်ဦးဟာ ဆီးအိမ်ထဲကနေ ထူးကဲကြီးမားလှတဲ့ ကျောက်တုံး ခွဲစိတ်ဖယ်ထုတ်လိုက်ရတဲ့ ဓာတ်ပုံနဲ့ပတ်သပ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ လူအများကစိတ်ဝင်စားနေကြပါတယ်။၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမရဲ့ဝမ်းဗိုက်နာကျင်တာကိုခံစားနေရတာကြောင့် Thay Nguyen မြို့မှာရှိတဲ့ Phu Binh General ဆေးရုံရဲ့ အရေးပေါ်ခန်းမှာ ပြသခဲ့တယ်လို့ ဗီယက်နမ်မီဒီယာတွေကနေတစ်ဆင့် ကြားသိရပါတယ်။ CT scan နဲ့စစ်ဆေးပြီးတဲ့နောက် အဲ့ဒီအမျိုးသမီးရဲ့ ဝမ်းဗိုက်ထဲမှာ လုံးဝန်းပြီး ကြီးမာတဲ့ အရာတစ်ခုရှိနေကြောင်း အဖြေထွတ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကြောင့် သူမ အရေးပေါ်ခွဲစိတ်ဖို့ စီစဉ်ခဲ့ရပါတယ်။ခွဲစိတ်မှုမှာသူမရဲ့ဆီးအိမ်ကနေ 10 စင်တီမီတာ အရှည်နဲ့ အလေးချိန် 400 ဂရမ် ရှိတဲ့ ကျောက်တုံးတစ်တုံးကို ဆွဲထုတ်ခဲ့ရပါတယ်။
အဲ့ဒီကိစ္စက ဘယ်လို့ဘာကြောင့်ဖြစ်လာလဲဆိုတာတော့ ပြောပြထားခြင်း မရှိပါဘူး။သူမနဲ့အတူ CT scan ကနေထွက်လာတဲ့ ကျောက်တုံးတစ်တုံးကို သူနာပြုဆရာမတစ်ယောက်က ဓာတ်ပုံရိုက်ပြီးလိုင်းပေါ် တင်ခဲ့ပါတယ်။ 34 နှစ် အမျိုးသမီးရဲ့ဆီးအိမ်ထဲက ဂရမ် ၄၀၀ ရှိတဲ့ ကျောက်တုံးပုံဟာ ဗီယက်နမ်နိုင်ငံတစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့ပါတယ်။ အခြားသူတွေက ကျောက်တုံး မကြီးခင်အချိန်ကတည်းက သူမဘာနာကျင်မှုမှ မခံစားရဘူးလားဆိုပြီး အံ့သြနေခဲ့ကြပါတယ်။
JRose (Mckzone Daily)