၁၀နှစ် အရွယ်ဘဲရှိသေးတဲ့ ကမ္ဘာ့ချန်ပီယံဆူမိုနပန်းသမားလေး

Meet Kyuta Kumagai အမည်ရှိ ပေါင်ချိန် ၁၈၇ ပေါင် နဲ့ ဆူမို‌ (ခေါ် ) ဂျပန်နပန်းသမားတစ်‌ယောက်ဟာ အသက် ၁၀နှစ်အရွယ်ထဲမှာဘဲ ကမ္ဘာ့ချိန်ပီယံဖြစ်လာခဲ့ပါတယ်။ Kumagai သူငယ်တန်းကျောင်းသားအရွယ်မှာ Taisuke လို့ခေါ်တဲ့ သူ့ရဲ့အဖေဟာ အရင်က ဆူမိုအားကစားသမားတစ်ဖြစ်ခဲ့ပါတယ်။ Taisuke ဟာ သူ့ရဲ့သားက ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်နိုင်တဲ့အလားအလာ ရှိတယ်ဆိုပြီး မျှော် ‌မှန်းထားခဲ့ပါတယ်။ “သူက ဆူမိုအားကစားမှာ ပါရမီပါတဲ့သူတစ်ယောက်ပါ။ ပြိုင်ပွဲတွေယှဉ်ပြိုင်တဲ့အခါမှာဆိုရင်လည်း အနိုင်ရခဲ့ပါတယ်။

သူမှာ တစ်ခုခုကောင်းမွန်တဲ့အရာရှိနိုင်တယ်လို့ ကျွန်တော်ထင်မိခဲ့ပါတယ်။” ဆိုပြီး Kumagai ရဲ့အဖေက ပြောခဲ့ပါတယ်။ Kumagai ဟာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့နောက် ဆူမိုခေါ်ဂျပန်နပန်းသမားတို့ရဲ့ သဘာဝဖြစ်စဉ်ကို သိရဖို့ Tokyoမြို့ရဲ့ Fukagawa ဧရိယာ မှာ သူတို့မိသားစုတွေအားလုံး ပြောင်းရွေ့ခဲ့ကြပါတယ်။
Kumagai က မူလတန်းကျောင်းသားတစ်ယောက် ဖြစ်ပေမဲ့လည်း သူ့အသက် ၅နှစ် ကနေ ၆နှစ်အထိ နပန်းလုံးခဲ့ရကြောင်း Reuters သတင်းအရ သိရှိရပါတယ်။ Kumagai က တစ်ပတ်ကို ၆ ရက်နဲ့ အပတ်တိုင်း လေ့ကျင့်ခဲ့ရပါတယ်။

သူက အလေးမခြင်း၊ ရေကူးခြင်းနဲ့ ပြေးလွှားခြင်းတွေ အပါအဝင် လေ့ကျင့်ခဲ့ရပါတယ်။ သူရဲ့များပြားလှတဲ့ လေ့ကျင့်မှုကိုအထောက်အကူဖြစ်စေဖို့ ‌Kumagai ဟာ ကယ်လိုရီဓာတ်ပါတဲ့အစားအစာတောကို ၂၇,၀၀ နဲ့ ၄,၀၀၀ အကြား စားသုံးခဲ့ရကြောင်း Reuters သတင်းအရ သိရပါတယ်။ ဂုဏ်သတင်းကြီးမားတဲ့ ဆူမိုနပန်းသမားတစ်ယောက်ဖြစ်လာဖို့ Kumagai မှာ ပေါင်ချိန် ၄၄ ပေါင် တိုးဖို့လိုပါတယ်။ Kumagai က” ဆူမိုလေ့ကျင့်ခန်းဟာ တချို့တဝက် က လေ့ကျင့်ရတာမခတ်ဘူး၊ တချို့တလေ ကျတော့ ခတ်တယ်”လို့ Reuters သတင်းမှာ ပြောပြခဲ့ပါတယ်။

Kumagai ရဲ့အဖေကလည်း နပန်းလေ့ကျင့်တဲ့ အချိန်မှာ ဘယ်လောက်ခက်တယ်ဆိုကို သိပါတယ်။ “တချို့အချိန်တွေဆိုရင် Kumagai ငိုတောင်ငို ခဲ့ရပါတယ်”လို့ပြောပြပါတယ်။ သို့ပေမဲ့လည်း Kumagai ရဲ့အဖေကတော့ သူ့ရဲ့စွမ်းရည်သတ္တိအပြည့်ထားပြီး သူ့ရဲ့သားကိုထူးချွန်တဲ့နပန်းသမားဖြစ်လာအောင် ကူညီနိုင်လိမ့်မယ့်လို့ အပြင်းအထန် ယုံကြည်နေပါတယ်။ “သူ့သူငယ်ချင်းတွေနဲ့ကစားတဲ့အချိန်တွေမှာ သူ့ကို ဖိအားပေးနိုင် လိမ့်မယ်လို့မထင်ပါဘူး။” Kumagai ရဲ့အဖေက ဆိုခဲ့ပါတယ်။

သူ့အဖေရဲ့ပြောပြချက်အရ Kumagai ဟာ သူ့ရဲ့နည်းပြဖြစ်တဲ့ Shinichi Taira အမည်ရှိ အရင်က ပရောဖက်ရှင်နယ် နပန်းသမားတစ်ယောက်ဆီကနေသင်ယူ အားပေးမှုတွေရရှိခဲ့ပါတယ်။ ” သူက ပါရမီရှင်တစ်ယောက်ဖြစ်လို့ ခနလေးနဲ့ထူးချွန် လာခဲ့ပါတယ်”လို့ နည်းပြဆရာ Taira က ဆိုခဲ့ပါတယ် ။ Kumagai က သူ့ရဲ့အိမ်မက်ကို မရပ်တန့်ဘဲ ဆက်လက်လေ့ကျင့်သွားပြီး အဆင့်မြင့်တဲ့ ဆူမို နပန်းသမားတစ်ယောက်ဖြစ်အောင် ကြိုးစားသွားဦးမယ်ဆိုပြီး Reutersသတင်း မှာ ပြောဆိုခဲ့ပါတယ်။

JRose (Mckzone Daily)

Source : nextshark

  • Leave a Comment