ခင္ပြန္းရဲ႕ ဓားနဲ႔အၾကိမ္ၾကိမ္ထိုးတာခံခဲ့ရတဲ့အျပင္ ကိုယ္တိုင္ကားနဲ႔ေဆးရံုေမာင္းေျပးခဲ့ရတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး

မေလး႐ွားႏိုင္ငံ Putrajaya ၿမိဳ႕က အသက္35ႏွစ္အရြယ္ အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ November 8ရက္ေန႔က ခင္ပြန္းျဖစ္သူရဲ႕ ဓားနဲ႔အႀကိမ္ေပါင္းမ်ားစြာ ထိုးႏွက္ျခင္းကိုခံခဲ့ရပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ကေတာ့ Presint 9,Fasa 4 မွာ႐ွိတဲ့ သူမတို႔ရဲ႕ေနအိမ္အတြင္းမွာပဲျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ ပိုၿပီးဆိုးဝါးတာကေတာ့ သူမဟာ 8လေက်ာ္႐ွိေနၿပီျဖစ္တဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးျဖစ္ေနလို႔ပါပဲ ။ ၿပီးေတာ့ သူမဟာ ဒဏ္ရာေတြနဲ႔ ကိုယ့္တိုင္ေဆးရံုသို႔ေမာင္းေျပးခဲ့ရတာျဖစ္ပါတယ္ ။ သူမရဲ႕ လက္ေခ်ာင္းေလးေတြ ၊ ညာဖက္လက္ေမာင္း ၊ ဝမ္းဗိုက္ ႏွင့္ ေက်ာဖက္ေတြမွာ ဟက္တက္ကြဲေနသည့္ ဓားဒဏ္ရာမ်ားစြာရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

ရဲအရာ႐ွိေတြက ေသာၾကာေန႔ ၊ မနက္ခင္း 9:50 အခ်ိန္မွ တိုင္ၾကားခ်က္ကို လက္ခံရ႐ွိခဲ့တာျဖစ္ၿပီး ၊ အေရးေပၚခြဲစိတ္ခန္းထဲတြင္း အဆိုပါအမ်ိဳးသမီးကိုကုသေပးၿပီးေနာက္ သူမရဲ႕ဆရာဝန္က လွန္းၿပီးတိုင္ၾကားေပးခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ အျခားေသာ ကုသမႈမ်ားအတြက္ သူမကို သားဖြားႏွင့္မီးယပ္အထူးကု အေဆာင္သို႔ ပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ သူမရဲ႕ကိုယ္ဝန္ဟာ 8လေက်ာ္ ႐ွိေနၿပီျဖစ္တဲ့အတြက္ သူမရဲ႕သားငယ္ေလးကို အဆင္ေျပစြာေမြးဖြားေပးႏိုင္ခဲ့ပါတယ္ ။

ရဲအရာ႐ွိမ်ားက သူမတို႔ရဲ႕ေနအိမ္သို႔သြားေရာက္ၿပီး ခင္ပြန္းျဖစ္သူကိုဖမ္းဆီးခဲ့ခ်ိန္မွာေတာ့ ၊ သူမကို ထိုးႏွက္ရာတြင္အသံုးျပဳခဲ့တဲ့ ဓားကိုပါေတြ႔႐ွိခဲ့ရပါတယ္ ။ သူမ၏ခင္ပြန္းျဖစ္သူမွာ အသက္ 39ႏွစ္အရြယ္ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ၿပီး ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ November 15 ရက္ေန႔အထိ ဖမ္းဆီးထိန္းသိမ္းထားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ မည္သည့္ကိစၥမ်ိဳးျဖစ္ေစကာမူ ကိုယ္ဝန္ေဆာင္ဇနီးသည္ကို ဓားနဲ႔ထိုးသည့္လုပ္ရက္ကေတာ့ အေတာ္ေလးကိုဆိုးဝါးလြန္းတယ္လို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ Putrajaya မြို့က အသက်35နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ November 8ရက်နေ့က ခင်ပွန်းဖြစ်သူရဲ့ ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးနှက်ခြင်းကိုခံခဲ့ရပါတယ် ။ အဆိုပါ အဖြစ်အပျက်ကတော့ Presint 9,Fasa 4 မှာရှိတဲ့ သူမတို့ရဲ့နေအိမ်အတွင်းမှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ ပိုပြီးဆိုးဝါးတာကတော့ သူမဟာ 8လကျော်ရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်နေလို့ပါပဲ ။ ပြီးတော့ သူမဟာ ဒဏ်ရာတွေနဲ့ ကိုယ့်တိုင်ဆေးရုံသို့မောင်းပြေးခဲ့ရတာဖြစ်ပါတယ် ။ သူမရဲ့ လက်ချောင်းလေးတွေ ၊ ညာဖက်လက်မောင်း ၊ ဝမ်းဗိုက် နှင့် ကျောဖက်တွေမှာ ဟက်တက်ကွဲနေသည့် ဓားဒဏ်ရာများစွာရရှိခဲ့ကြောင်း သိရှိရပါတယ် ။

ရဲအရာရှိတွေက သောကြာနေ့ ၊ မနက်ခင်း 9:50 အချိန်မှ တိုင်ကြားချက်ကို လက်ခံရရှိခဲ့တာဖြစ်ပြီး ၊ အရေးပေါ်ခွဲစိတ်ခန်းထဲတွင်း အဆိုပါအမျိုးသမီးကိုကုသပေးပြီးနောက် သူမရဲ့ဆရာဝန်က လှန်းပြီးတိုင်ကြားပေးခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် အခြားသော ကုသမှုများအတွက် သူမကို သားဖွားနှင့်မီးယပ်အထူးကု အဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ သူမရဲ့ကိုယ်ဝန်ဟာ 8လကျော် ရှိနေပြီဖြစ်တဲ့အတွက် သူမရဲ့သားငယ်လေးကို အဆင်ပြေစွာမွေးဖွားပေးနိုင်ခဲ့ပါတယ် ။

ရဲအရာရှိများက သူမတို့ရဲ့နေအိမ်သို့သွားရောက်ပြီး ခင်ပွန်းဖြစ်သူကိုဖမ်းဆီးခဲ့ချိန်မှာတော့ ၊ သူမကို ထိုးနှက်ရာတွင်အသုံးပြုခဲ့တဲ့ ဓားကိုပါတွေ့ရှိခဲ့ရပါတယ် ။ သူမ၏ခင်ပွန်းဖြစ်သူမှာ အသက် 39နှစ်အရွယ် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် November 15 ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့ကြောင့် မည်သည့်ကိစ္စမျိုးဖြစ်စေကာမူ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဓားနဲ့ထိုးသည့်လုပ်ရက်ကတော့ အတော်လေးကိုဆိုးဝါးလွန်းတယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ခင္ပြန္းရဲ႕ ဓားနဲ႔အၾကိမ္ၾကိမ္ထိုးတာခံခဲ့ရတဲ့အျပင္ ကိုယ္တိုင္ကားနဲ႔ေဆးရံုေမာင္းေျပးခဲ့ရတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*