ညစာအတြက္ ၾကက္ဥတစ္လံုးသာတတ္ႏိုင္ေတာ့တဲ့ လံုျခံဳေရးအဘိုးအိုတစ္ေယာက္ရဲ႕အျဖစ္

တစ္ခါတစ္ေလ ကိုယ္ေတြေတာင္ စားခ်င္တဲ့အရာမ်ိဳး႐ွိေနၿပီး မစားခဲ့ရရင္ အေတာ္ေလးစိတ္ဆိုးမိတာျဖစ္ဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက Facebook အသံုးျပဳသူ အမ်ိဳးသမီးတစ္ေယာက္ဟာ ညစာအတြက္ ၾကက္ဥတစ္လံုးဖိုးသာ တတ္ႏိုင္တဲ့အဘိုးအိုကို hotpot ေကြၽးေမြးဧည့္ခံျဖစ္တဲ့ အေၾကာင္းကိုေဝမ်ွခဲ့ပါတယ္ ။ သူမေရးသားထားခဲ့တာကေတာ့ ” ကြၽန္မသူငယ္ခ်င္းနဲ႔ ကြၽန္မ hotpot ထိုင္စားေနတုန္း လံုျခံဳေရးဦးေလးႀကီးတစ္ေယာက္ဆိုင္အျပင္မွာ ရပ္ေနခဲ့တာကို ကြၽန္မတို႔သတိထားမိခဲ့ပါတယ္ ။ ကြၽန္မတို႔စားေသာက္ေနတဲ့ အစားအစာကိုအၾကာႀကီးရပ္ၾကည့္ေနၿပီးေနာက္ တစ္ခုခုစဥ္းစားေနသလိုျဖင့္ ေနာက္ေတာ့ထြက္သြားခဲ့ပါတယ္ ။ တစ္ခဏအၾကာမွာေတာ့ ျပန္ေရာက္လာခဲ့ၿပီး ကြၽန္မတို႔စားေနတာကိုျပန္ရပ္ၾကည့္ေနခဲ့ၿပီး ျပန္ထြက္သြားခဲ့ပါတယ္ ။ အဲ့ေတာ့ ကြၽန္မတို႔ကလည္း ဦးေလးႀကီးကဗိုက္ဆာေနၿပီး ဒါကိုစားခ်င္ေနမွန္းသတိထားမိခဲ့ပါတယ္ ။ အဲ့ေတာ့ ကြၽန္မတို႔ကလည္း ဦးေလးႀကီးကိုဆိုင္အျပင္မွာလိုက္႐ွာခဲ့ၿပီးေနာက္ အျပင္မွာေခါက္ဆြဲျပဳတ္ေလးနဲ႔ ၾကက္ဥေလးတစ္လံုးကိုကိုင္ၿပီး စိတ္မခ်မ္းေျမ့ဖြယ္ေကာင္းေလာက္ေအာင္ ထိုင္စားေနတာကို ေတြ႔ခဲ့ပါတယ္ ” ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။

ထို႔ေနာက္သူမက အဘိုးအိုကို ဘာလုပ္ေနတာလဲ ဆိုၿပီးေမးလိုက္ခ်ိန္မွာေတာ့ အဘိုးအိုကဗိုက္ဆာလို႔ ေခါက္ဆြဲျပဳတ္စားမလို႔ဆိုၿပီး ျပန္ေျဖခဲ့ပါတယ္ ။ ထို႔ေနာက္ သူမက shabu စားခ်င္လားဆိုၿပီးေမးလိုက္ခ်ိန္မွာေတာ့ ဘာလဲ shabu ဆိုတာ ဆိုၿပီးျပန္ေမးခဲ့ပါတယ္ ။ ထို႔ေနာက္သူမက hotpot ဆိုၿပီးျပန္ေျဖခဲ့ေပမဲ့လည္း အဘိုးအိုက တစ္ခါးမွ မစားဖူးေတာ့ မသိတဲ့ ပံုစံမ်ိဳးျဖစ္ေနပါတယ္ ။ ထို႔ေနာက္ သူမကဖိတ္ေခၚေနတာကို အဘိုးအိုက တစ္ခဏစဥ္းစားၿပီးေနာက္ အဘိုးအိုက ပိုက္ဆံမ႐ွိေတာ့ အစားအေသာက္ဖိုးမတတ္ႏိုင္ဘူးဆိုၿပီး ျပန္ေျဖခဲ့လို႔ သူမကစိတ္မပူဘဲ လိုက္ခဲ့ဖို႔ ေခၚခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ သူမက အရသာ႐ွိလားဆိုၿပီး ေမးခဲ့ခ်ိန္မွာေတာ့ အရသာ႐ွိတယ္ ၊ ေက်းဇူးတင္လိုက္တာ ဆိုၿပီးျပန္ေျဖခဲ့ပါေတာ့တယ္ ။ စားေသာက္ၿပီးေနာက္ အဘိုးအိုက သူမရဲ႕ဖုန္းနံပတ္ကိုေတာင္းၿပီး သူလစာရရင္ အေႂကြးျပန္ဆပ္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔ေနာက္ သူမတို႔ႏွစ္ေယာက္က ထီေပါက္၍ဧည့္ခံျဖစ္တာျဖစ္ေၾကာင္း လိမ္လည္ၿပီးေျဖဆိုခဲ့ၾကပါတယ္ ။ ပိုက္ဆံကိုစိတ္မပူဖို႔လည္း သူမတို႔က ျပန္ေျပာခဲ့ရပါတယ္ ။ အဘိုးအိုဟာ သူမရဲ႕အဘိုးအရင္းအရြယ္ျဖစ္ေန၍ အဘိုးအိုစားေသာက္ေနခ်ိန္ေစာင့္ၾကည့္ေနတုန္း သူမအေတာ္ေလး မ်က္ရည္ဝဲခဲ့ရေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။ တကယ့္ကို စိတ္ခ်မ္းသာစရာေကာင္းတဲ့ လွဴဒါန္းမႈတစ္ခုပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေ ကိုယ်တွေတောင် စားချင်တဲ့အရာမျိုးရှိနေပြီး မစားခဲ့ရရင် အတော်လေးစိတ်ဆိုးမိတာဖြစ်ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက Facebook အသုံးပြုသူ အမျိုးသမီးတစ်ယောက်ဟာ ညစာအတွက် ကြက်ဥတစ်လုံးဖိုးသာ တတ်နိုင်တဲ့အဘိုးအိုကို hotpot ကျွေးမွေးဧည့်ခံဖြစ်တဲ့ အကြောင်းကိုဝေမျှခဲ့ပါတယ် ။ သူမရေးသားထားခဲ့တာကတော့ ” ကျွန်မသူငယ်ချင်းနဲ့ ကျွန်မ hotpot ထိုင်စားနေတုန်း လုံခြုံရေးဦးလေးကြီးတစ်ယောက်ဆိုင်အပြင်မှာ ရပ်နေခဲ့တာကို ကျွန်မတို့သတိထားမိခဲ့ပါတယ် ။ ကျွန်မတို့စားသောက်နေတဲ့ အစားအစာကိုအကြာကြီးရပ်ကြည့်နေပြီးနောက် တစ်ခုခုစဉ်းစားနေသလိုဖြင့် နောက်တော့ထွက်သွားခဲ့ပါတယ် ။ တစ်ခဏအကြာမှာတော့ ပြန်ရောက်လာခဲ့ပြီး ကျွန်မတို့စားနေတာကိုပြန်ရပ်ကြည့်နေခဲ့ပြီး ပြန်ထွက်သွားခဲ့ပါတယ် ။ အဲ့တော့ ကျွန်မတို့ကလည်း ဦးလေးကြီးကဗိုက်ဆာနေပြီး ဒါကိုစားချင်နေမှန်းသတိထားမိခဲ့ပါတယ် ။ အဲ့တော့ ကျွန်မတို့ကလည်း ဦးလေးကြီးကိုဆိုင်အပြင်မှာလိုက်ရှာခဲ့ပြီးနောက် အပြင်မှာခေါက်ဆွဲပြုတ်လေးနဲ့ ကြက်ဥလေးတစ်လုံးကိုကိုင်ပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ထိုင်စားနေတာကို တွေ့ခဲ့ပါတယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

ထို့နောက်သူမက အဘိုးအိုကို ဘာလုပ်နေတာလဲ ဆိုပြီးမေးလိုက်ချိန်မှာတော့ အဘိုးအိုကဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်စားမလို့ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။ ထို့နောက် သူမက shabu စားချင်လားဆိုပြီးမေးလိုက်ချိန်မှာတော့ ဘာလဲ shabu ဆိုတာ ဆိုပြီးပြန်မေးခဲ့ပါတယ် ။ ထို့နောက်သူမက hotpot ဆိုပြီးပြန်ဖြေခဲ့ပေမဲ့လည်း အဘိုးအိုက တစ်ခါးမှ မစားဖူးတော့ မသိတဲ့ ပုံစံမျိုးဖြစ်နေပါတယ် ။ ထို့နောက် သူမကဖိတ်ခေါ်နေတာကို အဘိုးအိုက တစ်ခဏစဉ်းစားပြီးနောက် အဘိုးအိုက ပိုက်ဆံမရှိတော့ အစားအသောက်ဖိုးမတတ်နိုင်ဘူးဆိုပြီး ပြန်ဖြေခဲ့လို့ သူမကစိတ်မပူဘဲ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတော့တယ် ။

ထို့နောက် သူမက အရသာရှိလားဆိုပြီး မေးခဲ့ချိန်မှာတော့ အရသာရှိတယ် ၊ ကျေးဇူးတင်လိုက်တာ ဆိုပြီးပြန်ဖြေခဲ့ပါတော့တယ် ။ စားသောက်ပြီးနောက် အဘိုးအိုက သူမရဲ့ဖုန်းနံပတ်ကိုတောင်းပြီး သူလစာရရင် အကြွေးပြန်ဆပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့နောက် သူမတို့နှစ်ယောက်က ထီပေါက်၍ဧည့်ခံဖြစ်တာဖြစ်ကြောင်း လိမ်လည်ပြီးဖြေဆိုခဲ့ကြပါတယ် ။ ပိုက်ဆံကိုစိတ်မပူဖို့လည်း သူမတို့က ပြန်ပြောခဲ့ရပါတယ် ။ အဘိုးအိုဟာ သူမရဲ့အဘိုးအရင်းအရွယ်ဖြစ်နေ၍ အဘိုးအိုစားသောက်နေချိန်စောင့်ကြည့်နေတုန်း သူမအတော်လေး မျက်ရည်ဝဲခဲ့ရကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။ တကယ့်ကို စိတ်ချမ်းသာစရာကောင်းတဲ့ လှူဒါန်းမှုတစ်ခုပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ညစာအတြက္ ၾကက္ဥတစ္လံုးသာတတ္ႏိုင္ေတာ့တဲ့ လံုျခံဳေရးအဘိုးအိုတစ္ေယာက္ရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*