သတို႔သမီးအရံမရွိလို႔ အလုပ္ထဲက ေယာက်ၤားေလးသူငယ္ခ်င္းေတြနဲ႔ pre photoshoot လုပ္ခဲ့တဲ့ သတို႔သမီး

STEM ဝန္ထမ္းေတြဟာ အထူးသျဖင့္ အမ်ိဳးသမီးေတြမရွိသေလာက္ ရွားပါတယ္။ဒါေၾကာင့္ အဲ့ဒီနယ္ပယ္မွာ အလုပ္လုပ္ႏိုင္တဲ့အမ်ိဳးသမီးတစ္ဦးမွာ ပုံမွန္ထပ္ ေယာက်ၤားေလးသူငယ္ခ်င္းေတြ ပိုမ်ားေနတတ္ပါတယ္။ကြန္ပ်ဴတာအင္ဂ်င္နီယာ တစ္ဦးျဖစ္ၿပီး သတို႔သမီးလည္းျဖစ္လာေတာ့မယ့္ Rebeca Brantes အမည္ရွိအမ်ိဳးသမီးဟာ သူမအလုပ္ေၾကာင့္ မိန္းကေလးသူငယ္ခ်င္းေတြမရွိခဲ့ပါဘူး။မဂၤလာေဆာင္ေတာ့မဲ့သူမကလည္း သတို႔သမီးအရံေတြမရွိတဲ့ျပႆနာနဲ႔ ႀကဳံခဲ့ရပါတယ္။သို႔ေပမဲ့ သူမက စိတ္မေကာင္းျဖစ္မဲ့အစား ေတာက္ပတဲ့စိတ္ကူးေကာင္းတစ္ခုရွိေနခဲ့ပါတယ္။၎က အလုပ္မွာခင္တဲ့ ေယာက်ၤားေလးသူငယ္ခ်င္းေတြက ဂိမ္းကစားခဲ့တာေၾကာင့္ သူမနဲ႔ အတူတကြ မဂၤေဆာင္သတို႔သမီးပုံတူဓာတ္ပုံ႐ိုက္ကူးျခင္းမွာ ပါဝင္ေပးခဲ့ၾကပါတယ္။

သူမက ၎ေပ်ာ္စရာေကာင္းတဲ့အစီအစဥ္ကို မဂၤလာမေဆာင္ခင္ တစ္ပတ္အလိုမွာ ျပဳလုပ္ခဲ့ၿပီး “ ကြၽန္မ မိန္းကေလးသူငယ္ခ်င္းေတြမရွိေနတာကိုေတာ့ စိတ္မေကာင္းျဖစ္မိတယ္ ၊ ဒါေပမဲ့ အလုပ္ထဲက ေယာက်ၤားေလးသူငယ္ခ်င္းေတြနဲ႔ ဓာတ္ပုံ႐ိုက္ခဲ့ရတဲ့အခ်ိန္က အရမ္းေပ်ာ္စရာေကာင္းတယ္” လို႔ဆိုပါတယ္။ဓာတ္ပုံဆရာ Fernando Duque Fotografia ကလည္း ၎ျမင္ကြင္းကို လႈံေဆာ္မႈတစ္ခုအျဖစ္အသုံးျပဳႏိုင္ဖို႔ မဂၤေဆာင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားတဲ့ေတာက္ပတဲ့ပန္းေရာင္ဝတ္စုံေတြကို ဝတ္ဆင္ထားတဲ့ Brantes ရဲ႕ေယာက်ၤားေလးသူငယ္ခ်င္းေတြကို အလွဆုံးျဖစ္ေအာင္ ႐ိုက္ကူးေပးခဲ့ပါတယ္။

သူတို႔အားလုံးကလည္း သတို႔သမီးအရံေတြရဲ႕လုပ္႐ိုးလုပ္စဥ္ေတြအတိုင္း ျပဳလုပ္ၿပီး အတူတကြ ေပ်ာ္႐ႊင္စြာ ဓာတ္ပုံ႐ိုက္ pose ေပးခဲ့ၾကပါတယ္။စာဖတ္သူတို႔လည္း တစ္ခ်ိန္ခ်ိန္မွာ ကိုယ့္ရဲ႕မဂၤလာေဆာင္ပြဲမွာ သတို႔သမီးအရံေတြ ရွာမရျဖစ္ေနခဲ့ရင္ေတာ့ Brantes ရဲ႕နည္းလမ္းကို ယူသုံးၾကည့္လိုက္ပါ။မရွိတာထက္စာရင္ အဆန္းဆုံးျဖစ္သြားမွာေတာ့ အမွန္ပါဘဲ။

1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : mymodernmet

Unicode

STEM ဝန်ထမ်းတွေဟာ အထူးသဖြင့် အမျိုးသမီးတွေမရှိသလောက် ရှားပါတယ်။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာ အလုပ်လုပ်နိုင်တဲ့အမျိုးသမီးတစ်ဦးမှာ ပုံမှန်ထပ် ယောင်္ကျားလေးသူငယ်ချင်းတွေ ပိုများနေတတ်ပါတယ်။ကွန်ပျူတာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သတို့သမီးလည်းဖြစ်လာတော့မယ့် Rebeca Brantes အမည်ရှိအမျိုးသမီးဟာ သူမအလုပ်ကြောင့် မိန်းကလေးသူငယ်ချင်းတွေမရှိခဲ့ပါဘူး။မင်္ဂလာဆောင်တော့မဲ့သူမကလည်း သတို့သမီးအရံတွေမရှိတဲ့ပြဿနာနဲ့ ကြုံခဲ့ရပါတယ်။သို့ပေမဲ့ သူမက စိတ်မကောင်းဖြစ်မဲ့အစား တောက်ပတဲ့စိတ်ကူးကောင်းတစ်ခုရှိနေခဲ့ပါတယ်။၎င်းက အလုပ်မှာခင်တဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေက ဂိမ်းကစားခဲ့တာကြောင့် သူမနဲ့ အတူတကွ မင်္ဂဆောင်သတို့သမီးပုံတူဓာတ်ပုံရိုက်ကူးခြင်းမှာ ပါဝင်ပေးခဲ့ကြပါတယ်။

သူမက ၎င်းပျော်စရာကောင်းတဲ့အစီအစဉ်ကို မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ ပြုလုပ်ခဲ့ပြီး “ ကျွန်မ မိန်းကလေးသူငယ်ချင်းတွေမရှိနေတာကိုတော့ စိတ်မကောင်းဖြစ်မိတယ် ၊ ဒါပေမဲ့ အလုပ်ထဲက ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ရတဲ့အချိန်က အရမ်းပျော်စရာကောင်းတယ်” လို့ဆိုပါတယ်။ဓာတ်ပုံဆရာ Fernando Duque Fotografia ကလည်း ၎င်းမြင်ကွင်းကို လှုံဆော်မှုတစ်ခုအဖြစ်အသုံးပြုနိုင်ဖို့ မင်္ဂဆောင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့တောက်ပတဲ့ပန်းရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ Brantes ရဲ့ယောင်္ကျားလေးသူငယ်ချင်းတွေကို အလှဆုံးဖြစ်အောင် ရိုက်ကူးပေးခဲ့ပါတယ်။

သူတို့အားလုံးကလည်း သတို့သမီးအရံတွေရဲ့လုပ်ရိုးလုပ်စဉ်တွေအတိုင်း ပြုလုပ်ပြီး အတူတကွ ပျော်ရွှင်စွာ ဓာတ်ပုံရိုက် pose ပေးခဲ့ကြပါတယ်။စာဖတ်သူတို့လည်း တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့မင်္ဂလာဆောင်ပွဲမှာ သတို့သမီးအရံတွေ ရှာမရဖြစ်နေခဲ့ရင်တော့ Brantes ရဲ့နည်းလမ်းကို ယူသုံးကြည့်လိုက်ပါ။မရှိတာထက်စာရင် အဆန်းဆုံးဖြစ်သွားမှာတော့ အမှန်ပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment