တစ်ကျော့ပြန်ခေတ်စားလာတဲ့အနုပညာရဲ့လက်ရာကို လှပစွာ ပြန်လည်ပုံဖော်ပြခဲ့သူ



1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : mymodernmet

Unicode

တရုတ်နိုင်ငံရှိ Luo Li Rong အမည်ရှိအမျိုးသမီးပန်းပုအနုပညာရှင်တစ်ဦး ဟာ လူ့ပုံပန်းသဏ္ဍာန်ရဲ့လှပမှုကို ဖော်ပြတဲ့ လက်တွေ့ကျတဲ့ပန်းပုလက်ရာများကို ဖန်တီးပါတယ်။ Rong ဟာ အဓိကအားဖြင့် ကြေးညိုရောင်ကိုအသုံးပြုပြီး အမျိုးသမီးများရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုများပါရှိတဲ့ လှပမှုနှင့် အမျိုးသမီးတို့ရဲ့ ဆံပင်နှင့်အဝတ်အစားများဟာ နူးညံ့သိမ်မွေ့တဲ့လေပြေကြောင့် ရွေ့လျားနေတဲ့ဟန်ရှိတဲ့ပုံများကို ဖန်တီးပြုလုပ်ပါတယ်။Rong ရဲ့ပန်းပုဇာတ်ကောင်များဟာ စွဲမက်ဖွယ်ကောင်းပြီး ၎င်းတို့အရေပြားရဲ့နူးညံ့သိမ်မွေ့တဲ့အခွံတစ်ခုချင်းစီကို အသေးစိတ်ဂရုစိုက်ထားတာကို မြင်တွေ့ရပါတယ်။Rong ရဲ့ဇာတ်ကောင်များဟာ ဆွဲဆောင်မှုရှိပြီး လုံးဝကွဲထွက်နေတဲ့ စိတ်ကူးယဉ်ဆန်ဆန်ဖန်တီးမှုများလည်း ဖြစ်ပါတယ်။

Rong ဟာ Beijing ရှိ Academy of Fine Arts မှာ ငယ်စဉ်ကတည်းက တက်ရောက်ခဲ့ပြီး Wang Du အမည်ရှိပန်းပုဆရာရဲ့လက်အောက်မှာလည်း ပန်းပုပညာကို သင်ယူခဲ့ပါတယ်။နောက်ပိုင်းမှာ Rong ဟာ သူမရဲ့ဘဝကို Renaissance နှင့် Baroque ခေတ်မှာ ဥရောပအနုပညာရှင်များအသုံးပြုခဲ့တဲ့ ပုံဆောင်ပန်းပုအတတ်ပညာမှာ နှစ်မြှုပ်စေခဲ့ပါတယ်။၎င်းတို့ရဲ့မိန်းမသဘာဝအနက်အဓိပ္ပာယ်ဖွင့်ဆိုပုံဇာတ်ကောင်များက Rong ရဲ့ခေတ်ပေါ်ပန်းပုလက်ရာအများစုတွေမှာ ပါ၀င်ခဲ့ပါတယ်။Renaissance နှင့် Baroque ခေတ်က လှုံ့ဆော်ခဲ့တဲ့ပန်းပုပညာရပ်များကို အနုပညာရှင် Rong က အခုလို လှပတင့်တယ်တဲ့ပန်းပုများအဖြစ် ပြန်လည်ပုံဖော်ဖန်တီးထားပါတယ်။

Mia (Mckzone Daily)

Be the first to comment on "တစ်ကျော့ပြန်ခေတ်စားလာတဲ့အနုပညာရဲ့လက်ရာကို လှပစွာ ပြန်လည်ပုံဖော်ပြခဲ့သူ"

Leave a comment

Your email address will not be published.


*