အမျိုးသမီးတစ်ဦးရဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပြန်ပို့ပေးခဲ့တဲ့ အမျိုးသားတစ်ဦး

အခုလို ခက်ခဲတဲ့အချိန်တွေမှာ ကြင်နာတတ်တဲ့လူတွေရဲ့အတတ်နိုင်ဆုံးလုပ်ဆောင်နေတဲ့ပုံပြင်တွေကို အမြဲတမ်းကြားနေရခြင်းဟာ ဝမ်းသာစရာတစ်ခုပါဘဲ။Paulynn Koh အမည်ရှိအမျိုးသမီးတစ်ဦးဟာ social media ပေါ်မှာ သူမရဲ့အားရကျေနပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။Paulynn ဟာ ကုန်တိုက်မှာ ဈေးဝယ်ထွက်နေစဉ် သူမရဲ့ ပိုက်ဆံ ၊ သွေးအလှူရှင်စာအုပ်နှင့်အသင်းဝင်ကဒ်တွေကို မတော်တဆဆုံးရှုံးသွားခဲ့ရတယ်လို့ ရှင်းပြခဲ့ပါတယ်။ Paulynn ဟာ ကောင်တာမှာပိုက်ဆံရှင်းဖို့လုပ်တဲ့အချိန်မှာ သူမရဲ့ပိုင်ဆိုင်မူပစ္စည်းများက သူမရဲ့အိတ်ထဲမှာမရှိနေတော့တာကို သတိပြုမိလိုက်ပါတယ်။

Paulynn ရဲ့ RM 146 ငွေပမာဏက သိပ်မများပေမယ့်လည်း နည်းနည်းလေးတော့မဟုတ်ပါဘူး။ထို့နောက် Paulynn ဟာ သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရှာဖွေမဲ့အခွင့်အလမ်းကိုစွန့်လွှတ်လိုက်ပြီး အိမ်သို့ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့ နောက်တစ်နေ့ မွန်းလွဲပိုင်း ညနေ ၄ နာရီခန့်မှာ Paulynn မီးဖိုချောင်မှာရှိနေစဉ် သူမအိမ်တံခါးအပြင်ဘက်ကနေ တစ်စုံတစ်ယောက်က သူမရဲ့နာမည်ကို အော်ခေါ်နေတာကို ကြားခဲ့ရပါတယ်။ Paulynn ဟာ အစပိုင်းမှာdelivery သမားလို့ထင်ခဲ့ပြီး သွားစစ်ဆေးကြည့်ဖို့ အပြင်ထွက်ခဲ့ပေမဲ့ ထိုအမျိုးသားက သူမကိုတွေ့တော့ အမက သွေးလှူရှင်ဟုတ်လားလို့မေးခဲ့ပါတယ်။

Paulynn ဟာ ထိုသူရဲ့လက်ထဲမှာ သူမရဲ့ပစ္စည်းတွေရှိနေတာကို မြင်လိုက်တော့ တုံ့ဆိုင်းသွားခဲ့ရပါတယ်။Paulynn က ထိုအမျိုးသားဟာ သူမရဲ့ပိုက်ဆံတွေကို မယူခဲ့တဲ့အပြင် သူမရဲ့ပစ္စည်းကိုပေးလိုက်ပြီးနောက် သူမအား ကျေးဇူးတင်စကားတောင် ပြောခဲ့ကြောင်း ဆိုပါတယ်။ထိုမော်တော်ဆိုင်ကယ်နဲ့ အမျိုးသားက သူမထံမှ ဘယ်အရာမှမလိုချင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။“ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားခဲ့ပြီး သူ့နာမည်ကိုတောင် မေးဖို့ မေ့သွားခဲ့တယ်၊ သူနဲ့ကျွန်မ ထပ်တွေ့ခွင့်မရတော့ပေမယ့် သူ့ရဲ့ကြင်နာမှုကို ကျွန်မနှလုံးသားထဲမှာ တစ်သက်တာပုံနှိပ်ထားနေမှာပါ ၊ သူ့ကို အရမ်းကျေးဇူးတင်နေမိတယ် ” လို့ Paulynn က ရေးသားခဲ့ပါတယ်။

သူမရဲ့Post အဆုံးသတ်မှာ သူစိမ်းတစ်ယောက်ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ကြင်နာမှုနှင့် ရက်ရောမှုကို သူမဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါသေးတယ်။အကယိလို့ သင်ဟာ သူမရဲ့နေရာမှာသာဖြစ်နေခဲ့ရင် ထိုအမျိုးသားကို ဘာပြန်လုပ်ပေးမှာလဲဗျာ။ဒီလိုကြင်နာတတ်တဲ့လူသားတွေ တည်ရှိနေခြင်းက ကမ္ဘာကြီးအတွက် အရမ်းကို အသုံးဝင်သွားစေမှာပါ။

Mia (Mckzone Daily)

Source : worldofbuzz

  • Leave a Comment