အရက္ဝိုင္းေသာက္ရင္း အမူးလြန္ၿပီးေသဆံုးသြားခဲ့တဲ့အမ်ိဳးသားေၾကာင့္ တရားစြဲခံခဲ့ရတဲ့သူငယ္ခ်င္း 9ေယာက္

သူငယ္ခ်င္းေတြညခင္းစုၿပီး night out ထြက္တာတို႔ ၊ ေသာက္စာတာတို႔ျပဳလုပ္မယ္ဆိုရင္ ကိုယ္ကမေသာက္ႏိုင္ပဲနဲ႔အတင္းစြတ္မွိတ္ၿပီး အလြန္အကြၽံေသာက္တာမ်ိဳးမျပဳလုပ္သင့္ပါဘူး ။ ထို႔အျပင္ ကိုယ့္ရဲ႕သူငယ္ခ်င္းက လံုးဝမေသာက္ႏိုင္တဲ့သူျဖစ္ေနရင္ အတင္းဆြဲေခၚၿပီးဇြတ္ေသာက္ခိုင္းတာမ်ိဳးလည္း မျပဳလုပ္သင့္ပါဘူး ။ ဘာလို႔လည္းဆိုေတာ့ ၿပီးခဲ့တဲ့ 2017ခုႏွစ္ ၊ ဒီဇင္ဘာလတုန္းက ဂ်ပန္ႏိုင္ငံ Osaka ၿမိဳ႕က Kindai University တက္ေနတဲ့ အသက္ 20အရြယ္ ေက်ာင္းသားေလးတစ္ဦးဟာ အရက္ေတြအလြန္အကြၽံေသာက္ရင္းနဲ႔ အသက္ေသဆံုးသြားခဲ့ရလို႔ပါပဲ ။

ျဖစ္စဥ္ကေတာ့ အဆိုပါေက်ာင္းသားေလးဟာ သူငယ္ခ်င္းျဖစ္သူေတြနဲ႔ ဆံုၿပီး အတူေသာက္စားၾကဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဂိမ္းကစားနည္းေတြနဲ႔အတူ ႐ႈံးတဲ့သူေသာက္ရမယ္ဆိုၿပီး ေသာက္စားၾကရင္ အစပိုင္းမွာေတာ့ အဆိုပါေက်ာင္းသားဟာ ဘီယာ နဲ႔ ဝီစကီကို ေရာေသာက္ခဲ့ၿပီး အဆင္ေျပေနသလို႐ွိေနခဲ့ပါေသးတယ္ ။ ေနာက္တစ္ႀကိမ္ ဘီယာခြက္ထဲကို ေဗာဒ့္ကာအရက္ အခြက္ေပါင္း 20ေလာင္းထည့္ၿပီး ေသာက္လိုက္ခ်ိန္မွာေတာ့ တစ္ႀကိမ္ထဲနဲ႔ ေမွာက္သြားခဲ့ပါေတာ့တယ္ ။ အရက္အလြန္အကြၽံေသာက္ၿပီး ေသဆံုးသြားခဲ့တာျဖစ္ေပမဲ့လည္း သူငယ္ခ်င္းျဖစ္သူေတြကေတာ့ အမူးလြန္ၿပီးေမွာက္ေနတာလို႔သာ ေတြးထင္ခဲ့ၾကပါတယ္ ။

ကံဆိုးစြာနဲ႔ပဲ ေနာက္တစ္ရက္မွာေတာ့ အဆိုပါေက်ာင္းသားေလးဟာ ေသဆံုးသြားခဲ့ရၿပီး ၊ သူငယ္ခ်င္းျဖစ္သူ ေက်ာင္းသား9ေယာက္မွာလည္း ေပါ့ဆမႈ ႏွင့္ လူေသေစမႈတို႔အတြက္ စြပ္စြဲျပစ္တင္ခံခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ November 5 ရက္ေန႔မွာေတာ့ သူငယ္ခ်င္း 9ေယာက္လံုးဟာ ေသဆံုးသြားသူကို သတိလက္လြတ္ျဖစ္ေစတဲ့အထိ တိုက္တြန္းၿပီး အရက္ေသာက္ေစခဲ့မႈ ၊ အေရးေပၚလူနာတင္ယာဥ္မေခၚေပးခဲ့မႈ စတဲ့ျပစ္မႈေတြေၾကာင့္ တရားစြဲဆိုျခင္းခံခဲ့ၾကရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သူငယ်ချင်းတွေညခင်းစုပြီး night out ထွက်တာတို့ ၊ သောက်စာတာတို့ပြုလုပ်မယ်ဆိုရင် ကိုယ်ကမသောက်နိုင်ပဲနဲ့အတင်းစွတ်မှိတ်ပြီး အလွန်အကျွံသောက်တာမျိုးမပြုလုပ်သင့်ပါဘူး ။ ထို့အပြင် ကိုယ့်ရဲ့သူငယ်ချင်းက လုံးဝမသောက်နိုင်တဲ့သူဖြစ်နေရင် အတင်းဆွဲခေါ်ပြီးဇွတ်သောက်ခိုင်းတာမျိုးလည်း မပြုလုပ်သင့်ပါဘူး ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ 2017ခုနှစ် ၊ ဒီဇင်ဘာလတုန်းက ဂျပန်နိုင်ငံ Osaka မြို့က Kindai University တက်နေတဲ့ အသက် 20အရွယ် ကျောင်းသားလေးတစ်ဦးဟာ အရက်တွေအလွန်အကျွံသောက်ရင်းနဲ့ အသက်သေဆုံးသွားခဲ့ရလို့ပါပဲ ။

ဖြစ်စဉ်ကတော့ အဆိုပါကျောင်းသားလေးဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ ဆုံပြီး အတူသောက်စားကြဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့နောက် ဂိမ်းကစားနည်းတွေနဲ့အတူ ရှုံးတဲ့သူသောက်ရမယ်ဆိုပြီး သောက်စားကြရင် အစပိုင်းမှာတော့ အဆိုပါကျောင်းသားဟာ ဘီယာ နဲ့ ဝီစကီကို ရောသောက်ခဲ့ပြီး အဆင်ပြေနေသလိုရှိနေခဲ့ပါသေးတယ် ။ နောက်တစ်ကြိမ် ဘီယာခွက်ထဲကို ဗောဒ့်ကာအရက် အခွက်ပေါင်း 20လောင်းထည့်ပြီး သောက်လိုက်ချိန်မှာတော့ တစ်ကြိမ်ထဲနဲ့ မှောက်သွားခဲ့ပါတော့တယ် ။ အရက်အလွန်အကျွံသောက်ပြီး သေဆုံးသွားခဲ့တာဖြစ်ပေမဲ့လည်း သူငယ်ချင်းဖြစ်သူတွေကတော့ အမူးလွန်ပြီးမှောက်နေတာလို့သာ တွေးထင်ခဲ့ကြပါတယ် ။

ကံဆိုးစွာနဲ့ပဲ နောက်တစ်ရက်မှာတော့ အဆိုပါကျောင်းသားလေးဟာ သေဆုံးသွားခဲ့ရပြီး ၊ သူငယ်ချင်းဖြစ်သူ ကျောင်းသား9ယောက်မှာလည်း ပေါ့ဆမှု နှင့် လူသေစေမှုတို့အတွက် စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ် ။ ထို့ကြောင့် ပြီးခဲ့တဲ့ November 5 ရက်နေ့မှာတော့ သူငယ်ချင်း 9ယောက်လုံးဟာ သေဆုံးသွားသူကို သတိလက်လွတ်ဖြစ်စေတဲ့အထိ တိုက်တွန်းပြီး အရက်သောက်စေခဲ့မှု ၊ အရေးပေါ်လူနာတင်ယာဉ်မခေါ်ပေးခဲ့မှု စတဲ့ပြစ်မှုတွေကြောင့် တရားစွဲဆိုခြင်းခံခဲ့ကြရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အရက္ဝိုင္းေသာက္ရင္း အမူးလြန္ၿပီးေသဆံုးသြားခဲ့တဲ့အမ်ိဳးသားေၾကာင့္ တရားစြဲခံခဲ့ရတဲ့သူငယ္ခ်င္း 9ေယာက္"

Leave a comment

Your email address will not be published.


*