ကယ်ဆယ်ရေးရောက်မလာခင်ထိ အသက်ဆက်ရှင်နိုင်ဖို့ ဆီးနှင်းဂူတစ်ခုကို ဆောက်လုပ်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် နှင်းလျှောစီးသမား




Mia (Mckzone Daily)

Source : elitereaders

Unicode

ဇန်နဝါရီလ ၁၆ ရက် စနေနေ့ မှာ အသက် ၁၇ နှစ်အရွယ် နှင်းလျှောမော်တော်ယာဉ်မောင်းနှင်သူကောင်လေးတစ်ဦး ဟာ သူ့ရဲ့အုပ်စုနှင့်ကွဲကွာသွားပြီးနောက် သူအသက်ဆက်ရှင်သန်နိုင်ရန်အတွက် အမိုးအကာအဖြစ်ဆီးနှင်းဂူကိုအသုံးပြုခဲ့ပါတယ်။ထိုကောင်လေးဟာ ကားရပ်နားရာနေရာသို့ပြန်မရောက်လာတဲ့အခါ သူ့ရဲ့မိသားစုဝင်များနှင့်မိတ်ဆွေများက 100 Mile House Royal Canadian Mounted Police (RCMP) ကို သတိပေးအကြောင်းကြားခဲ့ပါတယ်။နောက်ဆုံးမှာ ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေတဲ့ အသက် ၁၇ နှစ်အရွယ် နှင်းလျှောမောင်းတော်ယာဉ်မောင်းနှင်သူကောင်လေးတစ်ဦး ကို တွေ့ရှိခဲ့ပါတယ်။

၁၇ နှစ်အရွယ်ကောင်လေး ဟာ သူ့ရဲ့နှင်းလျှောမော်တော်ယာဉ်ကို ကျယ်ပြန့်တဲ့နေရာမှရပ်ထားပြီး သူဟာ အနီးအနားရှိ သစ်ပင်ရှိတဲ့ဧရိယာသို့ လမ်းလျှောက်သွားပြီးနောက် သူတစ်ညလုံးနေနိုင်ဖို့အတွက် မယုံနိုင်လောက်တဲ့ဆီးနှင်းဂူတစ်ခုတည်ဆောက်ခဲ့ပါတယ်။၎င်းလို ဆောက်လုပ်ခဲ့တဲ့လူငယ်လေးနဲ့ပတ်သက်ပြီး South Cariboo SAR က ချီးမွမ်းပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အဖွဲ့၀င်များက သူ့ကိုတွေ့တော့ သူ့ဆီမှာ အစားအစာနှင့်သောက်ရေတွေရှိနေခဲ့တယ် လို့ SAR က ပြောခဲ့ပါတယ်။

ဒီလူငယ်လေးက နေရင်းဒေသနှင့်ဆောင်းရာသီမှာရှင်သန်ရပ်တည်နိုင်ရေးဗဟုသုတရှိခြင်းအားဖြင့် ကျွန်တော်တို့ရဲ့လုပ်ငန်းကိုနည်းနည်းလေးခက်ခဲစေပါတယ် လို့ SAR က ဆိုခဲ့ပါတယ်။သူတို့ရဲ့နယ်နိမိတ်ကိုသိရှိပြီးနောက် သူတို့ရဲ့နယ်မြေဗဟုသုတများကို သူတို့အားချက်ချင်းဆက်သွယ်ခဲ့တဲ့ အခြားနိုင်ငံများမှအင်တာနက်သုံးစွဲသူများအားလုံးကိုလည်း SAR အဖွဲ့က ချီးကျူးခဲ့ပါသေးတယ်။ဒီလိုလုပ်ခြင်းအားဖြင့် ဒီတာ၀န်ကို လူတစ် ဦးတစ်ယောက်တည်းကိုသာ ရှာဖွေခြင်းအဖြစ်မထားဘဲ ပါ၀င်ပတ်သက်သူအားလုံးရဲ့လုပ်ရပ်များကြောင့်အောင်မြင်တဲ့ရလဒ်တစ်ခုရရှိခဲ့တယ်လို့ SAR က ရေးသားခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ကယ်ဆယ်ရေးရောက်မလာခင်ထိ အသက်ဆက်ရှင်နိုင်ဖို့ ဆီးနှင်းဂူတစ်ခုကို ဆောက်လုပ်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် နှင်းလျှောစီးသမား"

Leave a comment

Your email address will not be published.


*