လမ်းမပေါ်မှာ အဝတ်ဗလာနဲ့ကားတွေအပေါ်ခုန်တက်ပြီး ကနေခဲ့တဲ့ အခြောက်မလေးရဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Bukit Bintang အနား လူတွေထူးထပ်လွန်ပြီး ကားတွေပြည့်ကျပ်နေတဲ့လမ်းမကြီးတစ်နေရာမှာ အဝတ်ဗလာနဲ့ ကားပေါ်မှာတက်ကနေခဲ့တဲ့ အခြောက်မလေးရဲ့ video ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ သူမဟာ ပတ်ပြေးတယ် ၊ လေးဖက်ကုန်းသွားတယ် ပြီးတော့ မောင်းနေတဲ့ကားတွေပေါ်တက်ပြေးပြီး အောက်ပြန်ခုန်ချတယ် စသဖြင့်မျိုးစုံကို သောင်းကျန်းပြနေခဲ့တာပါ ။ ထို့ကြောင့် ဖြတ်သွားဖြတ်လာတွေကို အတော်လေးကို အံ့သြထိတ်လန့်သွားစေခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ နေ့ခင်းဖက် 11:15 အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Video ကိုရိုက်ကူးနေခဲ့တဲ့အမျိုးသားဟာ အစပိုင်းမှာတော့ အဆိုပါမြင်ကွင်းကြောင့် အတော်လေးကိုစိတ်လှုပ်ရှားသွားခဲ့ပုံရပါတယ် ။ နောက်ပိုင်းမှာတော့ အံ့သြသွားခဲ့ပြီး ” အဲတာ မိန်းမလား ” ဆိုပြီး ဘေးကသူငယ်ချင်းကို မေးလိုက်ချိန်မှာတော့ သူငယ်ချင်းဖြစ်သူက ” အခြောက်လေးဟာ သူ့အောက်ဖက်ပိုင်းမှာ အထုပ်လေးပါတယ်လေ ” ဆိုပြီး ခပ်မြန်မြန်လေး ပြန်ဖြေခဲ့ပါတယ် ။

ပြည်သူတွေကတော့ အဆိုပါအခြောက်မလေးဟာ ဆေးကြောင်နေတာ ဒါမှမဟုတ် စိတ်ရောဂါရနေတာဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။ ထို့အပြင် သူမဟာ ဖိလစ်ပိုင်နိုင်ငံသူ ဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ် ။ မကြာခင်မှာပဲ သူမကိုရဲအရာရှိများက လာရောက်ဖမ်းဆီးသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါအခြောက်မလေးဟာ စိတ်ရောဂါခံစားနေရသလို ဟန်ဆောင်နေတာဖြစ်နိုင်ကြောင်းလည်း ရဲအရှာရှိများက ခန့်မှန်းပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ်းမပေါ်မှာ အဝတ်ဗလာနဲ့ကားတွေအပေါ်ခုန်တက်ပြီး ကနေခဲ့တဲ့ အခြောက်မလေးရဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*